backup og meta

Metformin (မက်ဖော်မင်) ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးသလား


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Metformin (မက်ဖော်မင်) ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးသလား

    Metformin ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးလား

    Metformin ဆိုတာဘာလဲ

    Metformin ဆိုတာ အမျိုးအစား (၂) ဆီးချိုရောဂါကိုသဖို့ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ ဆေးပဲဖြစ်ပါတယ်။ အင်ဆူလင်နဲ့ဖြစ်စေ၊ အခြား အမျိုးအစားနဲ့ဖြစ်စေ တွဲသုံးနိုင်ပေမယ့် အမိုးအစား (၁) အတွက်ကိုတော့ မသုံးနိုင်ပါဘူး။ Metformin ဟာ အသည်းကနေ ဂလူးကို့စ်ထုတ်တာကို ကျစေပြီး သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးနိုင်ပါတယ်။

    သိပ်အလုပ်မလုပ်တဲ့ သိုင်းရွိုက်ဆိုတာ ဘာလဲ

    သိုင်းရွိုက်ဂလင်းဟာ သင့်လည်ပင်းရဲ့ လေပြွန်ရှေ့ပိုင်းမှာ လိပ်ပြာပုံစံ တည်ရှိပြီး ဟော်မုန်းအချို့ကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုတွေ (အစာကို စွမ်းအင်အဖြစ်ပြောင်းခြင်း) ကို ပုံမှန်ဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။ Triiodothyronine (T3) နဲ့ Thyroxine (T4) လို့ ခေါ်ပါတယ်။

    သိုင်းရွိုက်ဂလင်းဟာ ဒီဟော်မုန်းတွေကို အလုံအလောက် မထုတ်နိုင်တော့ရင် ကိုယ်ခန္ဓါရဲ့ လုပ်ငန်းတွေ နှေးကွေးသွားနိုင်ပါတယ်။

    ဒီလို ဟော်မုန်းတွေ သိပ်မထုတ်နိုင်တဲ့အခြေအနေကို သိုင်းရွိုက်ဂလင်း သိပ်အလုပ်မလုပ်တဲ့အခြေအနေ (Hypothyroidism) လို့ ခေါ်ပါတယ်။ ထင်ရှားတဲ့လက္ခဏာတွေကတော့ မောပန်းခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ စိတ်ဓါတ်ကျခြင်း တို့ပဲ ဖြစ်ပါတယ်။

    Metformin ဟာ သိုင်းရွိုက်ကို ဘယ်လိုသက်ရောက်မှု ရှိသလဲ

    Metformin ဟာ ဆီးချိုကုသရာမှာ ထိရောက်ပေမယ့် သိုင်းရွိုက်ဂလင်းကို အလုပ်လုပ်နှေးစေပါတယ်။

    သုတေသနပြုချက်တွေအရ ဒီဆေးဟာ သိုင်းရွိုက်ပြသနာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ Metformin ဟာ သိုင်းရွိုက်လှုံ့ဆော်တဲ့ ဟော်မုန်းကို ကျဆင်းစေပါတယ်။ ဒါဟာ နှလုံးရောဂါတွေ၊ အရိုးကျိုးတာတွေ၊ သိုင်းရွိုက်ရောင်ပြီး လည်ပင်းကြီးရောဂါဖြစ်တာတွေ၊ ကိုယ်ဝန်ဆောင်ချိန် ပြသနာများနဲ့ ဖောရောင်သတိလစ်ပြီးအသက်အန္တရယ်ကြုံနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။

    ဒီပြဿနာဟာ အမျီုးသမီးတွေမှာ တွေ့ရပိုများပေမယ့် အမျိုးသားရော အမျိုးသမီးပါ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် သင့်သိုင်းရွိုက်ဂလင်း ပုံမှန် အလုပ်လုပ်ရင် metformin ကုထုံးဟာ သက်ရောက်တယ် မထင်ရပါဘူး။

    Metformin ဆေးဟာ Sulfonylureas ဆေးများထက် ပိုပြီး သိုင်းရွိုက်လှုံ့ဆော်တဲ့ ဟော်မုန်းကို ကျဆင်းနိုင်စေတဲ့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါဟာ သင့်အနေနဲ့ hypothyroidism ကို ကုသနေရတဲ့အခါ metformin သုံးခြင်းဟာ သိုင်းရွိုက်လှုံ့ဆော်တဲ့ ဟော်မုန်းကျဆင်းမှုနဲ့ ဆက်စပ်နေတာကို ပြနေပါတယ်။ ဒါပေမယ့် metformin ဟာ သိုင်းရွိုက်ဂလင်းပေါ် ထိရောက်မှု ရှိမရှိ သေချာအောင် အတည်ပြုဖို့ အထောက်အထားတွေ အများကြီး လိုပါသေးတယ်။ လက်ရှိမှာတော့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် သိုင်းရွိုက်လှုံ့ဆော်တဲ့ ဟော်မုန်းကျဆင်းခြင်းနဲ့ metformin ဆက်စပ်မှုဟာ သင့်ကို နှလုံးရောဂါလို တခြားပြသနာတွေ ဖြစ်စေသလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    သင့်မှာ ဆီးချိုရောဂါရှိပြီး သိုင်းရွိုက်ဂလင်း အလုပ်လုပ်နှေးရင် metformin မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement