backup og meta

ဆီးချိုအတွက် အထူး အစားအစာများက ဘာတွေလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုအတွက် အထူး အစားအစာများက ဘာတွေလဲ

    လူတွေကိုခွန်အားပြည့်စေတဲ့ ထိပ်တန်းအစားအစာ ၁၀မျိုးကို သင်တွေ့ဖူးလား။ ဘယ်အစားအစာတွေက သင့်ဆီးချိုစားသောက်မှုပုံစံနဲ့ သင့်တော်လ ဲသိချင်လား ။ သင့်အတွက်စူပါထိပ်တန်းအစားအစာ ၁၀မျိုးရောက်ရှိလို့ လာပါပြီ။

    တခြားအစားအစာတွေနဲ့ တကွ ဒီဆီးချိုအတွက်စူပါအစားအစာတွေကို စားချိန်တွေမှာ သင့်တော်တဲ့ပမာဏပြင်ဆင်ပြီးစားပါ။ ဒီထဲက အစားအစာတွေက ဂလူးကိုစ့် ပါဝင်မှုနည်းပြီးအာဟာရဓါတ်များစွာပါဝင်ပါတယ်။ဥပမာ –

    • ကယ်လ်ဆီယမ်
    • ပိုတက်ဆီယမ်
    • အမျှင်ဓါတ်
    • မဂ္ဂနီဆီယမ်
    • ဗီတာမင်အေ၊စီနဲ့အီး

    ဖြည့်စွက်ဆေးတွေကို သောက်ဖို့ညွှန်ပြထားတဲ့ လေ့လာမှုတွေမရှိတဲ့အတွက် အစားအစာတွေကနေ ပဲအာဟာရဓါတ်တွေယူဖို့အရင်စဉ်းစားပါ။ အောက်မှာ ဖော်ပြထားတာကသင့်အတွက် စူပါအစားအစာတွေပါ။

    ပဲသီးများ

    ဗိုလ်စားပဲ၊ပဲကြီး၊ပဲနက် ဘာပဲဖြစ်ဖြစ်သင်ကြိုက်တဲ့ ပဲတွေဆီကနေရတဲ့ အာဟာဓါတ်တွေကို ယှဉ်နိုင်တာဘာမှမရှိတော့ပါဘူး။ သူတို့မှာ အမျှင်ဓါတ်ပါဝင်မှုမြင့်တဲ့အပြင် သင်နေ့စဉ် လိုအပ်တဲ့အာဟာရတွေကို ခွက်တစ်ဝက်လောက်စားရုံနဲ့တင် ပြည့်စေပါတယ်။ ဒါ့အပြင်သူတို့ကမဂ္ဂနီဆီယမ် နဲ့ပိုတက်ဆီရမ်ကြွယ်ဝကြပါတယ်။ ပဲစေ့တွေကို ကစီဓါတ်ပေါတဲ့ ဟင်းသီးဟင်းရွက်လို့ ပြောကြပါတယ်။ ဒါပေမယ့်ပဲစေ့ခွက်တစ်ဝက်က အသားတစ်အောင်စကရတဲ့ ပရိုတိန်းပမာဏနဲ့တူတဲ့အပြင် အဆီလည်းမပါပါဘူး။ အချိန်ကုန်သက်သာဖို့စည်သွပ်ပဲ တွေကိုစားသုံးနိုင်ပါတယ်။ ဒါပေမယ့် ဆိုဒီယမ်တွေ ဖယ်ရှားဖို့အတွက် ရေစင်စင်ဆေးပါ။

    အရွက်များ

    ဟင်းနုနွယ်၊ ဂေါ်ဖီ၊ကိုက်လန်စတဲ့အာဟာရကြွယ်ဝတဲ့အရွက်တွေက ကယ်လိုရီနဲ့ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုအရမ်းနည်းပါတယ်။

    ရှောက်၊သံပရာမျိုးဝင် အသီးများ

    ရှောက်ခါးသီး၊လိမ္မော်သီး၊ ရှောက်သီးနဲ့သံပုရာသီးတို့ပါဝင်ပါတယ်။ သင်ကြိုက်တာကိုရွေးစားပြီးသင့်တစ်နေ့တာအတွက်လိုအပ်တဲ့ အမျှင်ဓါတ်နဲ့ ဗိုက်တာမင်စီကိုရယူလိုက်ပါ။

    ကန်စွန်းဥများ

    ဒီ ကန်စွန်းဥက အမျှင်ဓါတ်အပြင် ဗီတာမင်အေလည်းအပြည့်ပါပါတယ်။ ဂလူးကိုစ့် ပါဝင်မှုနည်းစေဖို့ပုံမှန်စားနေကျအာလူးနေရာမှာ အစားထိုးကြည့်ပါ။

    ဘယ်ရီသီးများ

    ဘလူးဘယ်ရီ၊စတော်ဘယ်ရီ၊တခြားဘယ်ရီသီးတွေထဲမှာ ဘယ်ဟာသင်အကြိုက်ဆုံးလဲ ။ သူတို့အားလုံးက ဓါတ်တိုးဆန့်ကျင်၊ဗီတာမင် နဲ့အမျှင်ဓါတ်တွေ အပြည့်ပါဝင်ပါတယ်။ အဆီမပါတဲ့ဒိန်ချဉ်နဲ့ တွဲစားကြည့်ပါ။

    ခရမ်းချဉ်သီးများ

    သင်ခရမ်းချဉ်သီးကို အစိမ်း ၊ဆော့စ်၊ ဟင်းချက်အနှစ် ဘယ်လိုပုံစံပဲကြိုက်ကြိုက် သင်ဟာဗီတာမင်စီ၊သံဓါတ်နဲ့ဗီတာမင်အီးတို့ ခရမ်းချဉ်သီးကနေ စားနေရပါတယ်။

    အိုမီဂါ ၃ ကြွယ်ဝတဲ့ငါးများ

    ဆယ်လ်မွန်ငါးက ဒီအပိုင်းမှာ အကောင်းဆုံးပါ။ ဒါပေမယ့်ဆီကြော်တွေကိုရှောင်ပါ။ သူတို့ကိုသင် တစ်ပတ်ကို ငါး၆ အောင်စကနေ၉ အောင်စစားသုံးသင့်ပါတယ်။

    အစေ့အဆံများ

    သင်စားနေတဲ့ ဖွဲနု၊ဘာလီ၊အုတ်ဂျုံတွေမှာအစေ့အဆံ တွေဆီက ရတဲ့အာဟာရ အားလုံးပါဝင်ပါတယ်။ တကယ်လို့ ပေါင်မုန့်လိုမျိုးဂျုံကနေပြုပြင်မွမ်းမံထားတဲ့ အစားအသောက်ကို စားမယ်ဆိုရင် ဒါတွေမရပါဘူး။ ဒီအစားအစာတွေပေးတဲ့ နောက်ထပ် အာဟာရတွေက မဂ္ဂနီဆီယမ်၊ခရိုမီယမ်၊ အိုမီဂါ ၃ နဲ့ ဖောလိတ် တို့ပဲဖြစ်ပါတယ်။

    အခွံချွတ်ထားတဲ့ ဘာလီတွေနဲ့ အုတ်ဂျုံ တွေကပိုတက်ဆီယမ်နဲ့အမျှင်ဓါတ် အရင်းအမြစ်တွေဖြစ်ပါတယ်။

    အခွံမာသီး

    အခွံမာသီးတစ်အောင်စက သင့်ကို အဆာပြေစေတဲ့အပြင်ကျန်းမာတဲ့ အဆီဓါတ်တွေလည်း ပေးပါတယ်။ တခြားကောင်းကျိုးတွေကတော့ မက်ဂနီဆီယမ်နဲ့အမျှင်ဓါတ်တွေပေးပါတယ်။ တချို့အစေ့အဆံတွေဖြစ်တဲ့ သစ်ကြားသီးမှာ အိုမီဂါ ၃ ပါဝင်ပါတယ်။

    အဆီမပါတဲ့နို့နဲ့ဒိန်ချဉ်

    နို့ထွက်ထုတ်ကုန်တွေက အရိုးနဲ့သွားတွေကိုသန်မာစေတာလူတိုင်းသိပါတယ်။ နို့ထွက်ထုတ်ကုန်တွေမှာကယ်လ်ဆီယမ်သာမက ဗီတာမင်ဒီလည်း ပါဝင်ပါတယ်။ ဗီ်တာမင်ဒီက ကျန်းမာရေးကောင်းအောင် ဘယ်လိုလုပ်ပေးလဲဆိုတဲ့ ဆက်နွယ်မှုအတွက် လေ့လာမှုတွေရှိပါတယ်။

    အပေါ်မှာပြောသွားတာတွေကရာသီဥတုနဲ့သင်နေထိုင်ရာကိုလိုက်ပြီးအကုန်အကျများနိုင်ပါတယ်။ ရာသီပေါ်ဟင်းသီးဟင်းရွက်နဲ့ငါးတွေကိုလည်း ဈေးသက်သာတာရှာဝယ်ပါ။ လူတိုင်း အမြဲတမ်းတတ်နိုင်တဲ့ အစာတွေက ပဲတွေနဲ့ အစေ့အဆံတွေပဲဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement