backup og meta

အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ

    အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ

    အင်ဆူလင်စက် ဆိုတာဘာလဲ။

    အင်ဆူလင်ကို တစ်ခါသုံးဆေးထိုးအပ်နဲ့ထိုးပြီး အင်ဆူလင်အလုပ်လုပ်ပုံအတိုင်း သင့်နေထိုင်မှုပုံစံကို လိုက်ဖက်ညီအောင်လိုက်နေခြင်းထက် အင်ဆူလင်စက်ကိုအသုံးပြုပြီး သင့်နေထိုင်မှုပုံစံနဲ့ လိုက်ဖက်ညီအောင် အင်ဆူလင်ကိုပြုလုပ်စေခြင်းက ပိုကောင်းပါတယ်။

    အင်ဆူလင်စက်ဆိုတာ ဖုန်းအရွယ်လောက်ပဲရှိတဲ့ လျှပ်စစ်ကိရိယာတစ်မျိုးဖြစ်ပါတယ်။ ဒီအင်ဆူလင်စက်ကို ခါးပတ်မှာပဲဖြစ်ဖြစ်အိတ်ထဲမှာပဲဖြစ်ဖြစ် အလွယ်တကူ သယ်ဆောင်သွားလို့ရပါတယ်။ အင်ဆူလင်စက်က သင့်ဗိုက်အရေပြားအောက်ထဲကို ပျော့ပြောင်းတဲ့ပြွန်လေးထည့်ထားပြီး အဲဒီပြွန်ကနေမှတစ်ဆင့် အင်ဆူလင်တွေကို လိုအပ်သလောက် ဆက်တိုက်ထုတ်ပေးပါတယ်။

    အင်ဆူလင်စက်က ပုံမှန်မုန့်ချိုအိတ်လိုပဲ အင်ဆူလင်တွေကို တဖြည်းဖြည်းထုတ်ပေးပါတယ်။ အင်ဆူလင်စက်နဲ့ဆိုရင်သင်အင်ဆူလင်သွင်းတဲ့အခါတိုင်း ပမာဏကို တိုင်းတာဖို့မလိုပါဘူး။

    အင်ဆူလင်စက်က အင်ဆူလင်ကို အောက်ပါနည်း များနဲ့သွင်းပေးပါတယ်။

    • အခြေခံအင်ဆူလင်ပမာဏ (basal insulin)လို့ခေါ်တဲ့ တောက်လျှောက်မှန်မှန်တိုင်းတာပြီး ဆက်တိုက်သွင်းနေတဲ့ နည်း
    • ထပ်လောင်းအင်ဆူလင်ပမာဏ (bolus insulin) လို့ခေါ်တဲ့အစာစားချိန်တစ်ဝိုက်သွင်းတဲ့နည်း
    • ပြုပြင်ခြင်း နဲ့အထောက်အကူပြုပမာဏများ

    အင်ဆူလင်စက်ကဘယ်လို အလုပ်လုပ်သလဲ။

    အခြေခံအင်ဆူလင်ပမာဏ ကသင်ကိုယ်ထဲကို၂၄နာရီလုံးသွင်းပေးနေပြီးအစားစားချိန်နဲ့ညအိပ်ချိန်ကြားကသင့်သွေးတွင်းသကြားပမာဏကို ပုံမှန်ရှိအောင် ထိန်းထားပေးပါတယ်။ မကြာခဏဆိုသလိုပဲသင့်ကိုယ်ထဲကိုသွင်းတဲ့အင်ဆူလင်ပမာဏက နေ့နဲ့ညမတူညီတဲ့အချိန်တွေမှာကွဲပြားပါတယ်။

    သင်အစာစားတဲ့အခါစက်ကတစ်ဆင့် ထပ်လောင်းပမာဏလို့ခေါ်တဲ့ အင်ဆူလင်ကို ပမာဏပိုများများသွင်းနိုင်ပါတယ်။ သင်စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ် အနည်းအများကိုလိုက်ပြီး ထပ်လောင်းအင်ဆူလင်ပမာဏ ဘယ်လောက်လိုလဲဆိုတာကို တွက်ချက်နိုင်ပါတယ်။

    သွေးတွင်းသကြားဓါတ် တက်တဲ့အခါမှာလည်းထပ်လောင်းအင်ဆူလင်နဲ့ကုသနိုင်ပါတယ်။ သင်အစာမစားခင်တည်းက ဆီးချို သွေးချို တက်နေတယ်ဆိုရင် ပြုပြင်တဲ့အထောက်အကူပြု အင်ဆူလင်ပမာဏကို သွေးတွင်းသကြားဓါတ် ပုံမှန်ပြန်ရောက်ဖို့အသုံးပြုနိုင်ပါတယ်။

    အင်ဆူလင်စက်အသုံးပြုပုံ နည်းလမ်းများ

    • အင်ဆူလင်ကိုအမြဲ အချိန်တိတ်ကျကျသုံးပါ။ ဒါမှသာသင်ထပ်လောင်းပမာဏ (bolus dose) တွေကိုမမေ့မှာဖြစ်ပါတယ်။
    • အင်ဆူလင်စက်ကို ခါးပတ်၊အိတ်ကပ်၊ဘော်လီ၊ခြေအိတ်နဲ့အတွင်းခံတွေမှာ ချိတ်ထားပါ။ ပိုထွက်နေတဲ့အစတွေကိုလည်းအတွင်းခံ/ဘောင်းဘီခါးပတ်တွေထဲ ထည့်ထားနိုင်ပါတယ်။
    • သင်အိပ်နေတဲအခါမှာ အင်ဆူလင်စက် ကိုအိပ်ရာဘေးမှာထားနိုင်ပါတယ်။ ဒါမှမဟုတ်ခါးပတ်၊လက်မောင်းပတ်၊ ခြေပတ်မှာဘဲချိတ်ထားတာဖြစ်ဖြစ် စောင်တွေ၊အိပ်ယာခင်းတွေ၊ညအိပ်ဝတ်တွေ၊ ခေါင်းအုံးတွေမှာ ကလစ်တပ်ချိတ်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
    • အင်ဆူလငစက်တွေက ရေစိုခံဆိုပေမယ့်ရေထဲမှာ တိုက်ရိုက်တော့သွားမထားသင့်ပါ။ ရေချိုး ရေကူးခြင်း လျှင် စက်တွေခဏဖြုတ်ထားပါ။ သင့်လည်ပင်း (သို့)ရေချိုးခန်းလိုက်ကာမှာချိတ်နိုင်တဲ့အထူးပြုလုပ်ထားတဲ့ပုံစံတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။
    • သင်အားကစားလုပ်တဲ့အခါ အင်ဆူလင်စက်ထည့်ဖို့အိတ်ပါပြီး ပျော့ပျောင်းတဲ့ခါးပတ်ကိုဝတ်ပါ။
    • ခရီးသွားတဲ့အခါမှာ အင်ဆူလင်စက် မသုံးနိုင်တဲ့အခြေအနေတွေအတွက် အင်ဆူလင်အပိုဆောင်သွားပါ။
    • အင်ဆူလင်စက်က သင့်ကိုကာဗိုဟိုက်ဒရိတ်ပိုများများစားစေနိုင်တဲ့အပြင် သင့်ဆီးချိုသွေးချိုကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ သင်အင်ဆူလင်စက် စသုံးတော့မယ်ဆိုရင် ဒီအကြောင်းကိုသင့်အစားအသောက် အကြံပေးနဲ့ဆွေးနွေးပါ။
    • သင်အင်ဆူလင်စက်ကိုပိတ်ပြီး တိုင်းပြန်ဖွင့်ဖို့မမေ့အောင်ကြိုးစားပါ။ အင်ဆူလင်စက်က အချက်ပေးသံတွေကို အမြဲနားစွင့်နေပါ။
    • သင့်သွေးတွင်းသကြားဓါတ် ကိုအမြဲတိုင်းပြီးမှတ်ထားပါ။ ဒါ့အပြင်သင့်အနေနဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကို မှတ်သားထားခြင်း၊ကာဗိုဟိုက်ဒရိတ်ပမာဏများပြင်ဆင်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်းစတဲ့ အလေ့အကျင့်တွေလည်း ရှိသင့်ပါတယ်။

    သင့်အနေနဲ့အခြားမေးခွန်းများရှိလျှင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement