backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးချိုရောဂါနောက်ဆက်တွဲများ-ဆီးချိုကြောင့် သွေးတွင်းသကြားဓါတ်နည်းခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုရောဂါနောက်ဆက်တွဲများ-ဆီးချိုကြောင့် သွေးတွင်းသကြားဓါတ်နည်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

သွေးထဲသကြားဓါတ်နည်းခြင်း ဆိုတာဘာလဲ။

သွေးထဲတွင် ဂလူးကို့စ် သို့မဟုတ် သကြားဓါတ် နည်းခြင်းသည် သွေးထဲသကြားဓါတ်များ ပုံမှန် ပမာဏ အောက် နည်းပါးသွားသော အခါတွင် ဖြစ်ပွားပါသည်။ ခန္ဓါကိုယ်အတွက် စွမ်းအင် ရင်းမြစ် ဖြစ်သော ဂလူးကို့စ် သကြားကို အစားအစာ မှ ရရှိပါသည်။ ကာဗွန်ဟိုက်ဒရိတ် သည် ဂလူးကို့စ် ၏ အစားအစာမှရသော အဓိက ရင်းမြစ်ဖြစ်ပါသည်။ ထမင်း၊ အာလူး၊ ပေါင်မုန့်၊ ပြောင်းမုံ့ ညက်ဖြင့် လုပ်ထားသော မုန့်၊ ကောက်ပဲသီးနှံများ၊ နို့၊ သစ်သီးများ နှင့် သကြားလုံး များသည် ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသော အစားအစာ များဖြစ်ပါသည်။

သရက်ရွက်သည် သွေးထဲသကြားကို ထိန်းချုပ်ရာတွင် အရေးပါသော အခန်းမှ ပါဝင်ပါသည်။ သရက်ရွက်မှ ပြုလုပ်သော အင်စူလင် ဟော်မုန်းသည် ဆဲလ်များ စွမ်းအင်ထုတ်ရန် အတွက် ဂလူးကို့စ် သုံးရာတွင် ကူညီပေးပြီး သွေးထဲ ဂလူးကို့စ် ကို လျော့ကျစေပါသည်။

သွေးထဲဂလူးကို့စ် ပမာဏကို ထိန်းချုပ်ရာတွင် အရေးပါသော အခြား ဟော်မုန်း တစ်မျိုးမှာ glucagon ဖြစ်ပြီး သွေးထဲ သကြား ပမာဏကို များစေပါသည်။

သွေးထဲသကြားဓါတ်နည်းခြင်း သည် ဘယ်လောက် အဖြစ်များသလဲ။

သွေးထဲသကြားဓါတ်နည်းခြင်းသည် အရွယ်ရောက်ပြီးသူများနှင့် ၁၀နှစ်အထက် ကလေး များတွင် အဖြစ်မများပါ။ insulin ဖြင့် ကုသနေရသော ဆီးချို သွေးချို လူနာများနှင့် ဆရာဝန် ညွှန်ကြားချက် မရှိဘဲ ဆီးချိုသွေးချိုကို ကုသနေသော လူနာများတွင် အဖြစ်များပါသည်။ သွေးထဲသကြားဓါတ်နည်းခြင်း သည် ဟော်မုန်းနည်းပါးခြင်း အကျိတ်ဖြစ်ခြင်း စသော အခြားရောဂါ များကို ကုသမှုများ ၏ ဘေးထွက်ဆိုးကျိုး လည်း ဖြစ်နိုင်ပါသည်။

လက္ခဏာများ

သွေးထဲသကြားဓါတ်နည်းခြင်း ၏ရောဂါလက္ခဏာ တွေကဘာလဲ။

သွေးထဲသကြားဓါတ်နည်းခြင်း ၏ရောဂါလက္ခဏာများမှာ မူးဝေခြင်း၊ တုန်ယင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မကြာခဏ ချွေးပြန်ခြင်း၊ ဆာလောင်ခြင်း၊ နှလုံးခုန်သံမြန်ခြင်း နှင့် အသားအရောင်ဖျော့တော့ခြင်းတို့ ပါဝင်ပါသည်။ သွေးထဲသကြားဓါတ်နည်းခြင်း သည် အိပ်နေစဉ် ဖြစ်ပွားနိုင်ပြီး အိမ်မက်ဆိုးများ မက်စေနိုင်ပါသည်။ သကြားဓါတ်သည် ခန္ဓါကိုယ်အား စွမ်းအင် ထောက်ပံ့ပေးသောကြောင့် သွေးထဲ သကြားဓါတ်နည်းသော သူများသည် မောပန်းခြင်း နှင့် မသက်မသာခြင်း များကိုဖြစ်စေပါသည်။ သွေးထဲသကြား ရုတ်တရက် လျော့နည်းသွားခြင်းသည် မူးမေ့ခြင်း နှင့် တက်ခြင်း ကို ဖြစ်စေပါသည်။

အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သွေးထဲသကြားဓါတ်နည်းခြင်း သည် လျင်မြင်စွာဖြစ်ပွားနိုင်ပါသည်။ အောက်ပါတို့ ဖြစ် ပွား ပါက ဆရာဝန် နှင့် သွားပြပါ။

• သွေးထဲသကြားဓါတ်နည်းခြင်း ရောဂါလက္ခဏာများရှိပြီး ဆီးချိုသွေးချိုမရှိသောအခါ

• ဆီးချိုသွေးချိုရှိပြီး သွေးထဲသကြားဓါတ်နည်းခြင်း ကြောင့် မူးမော်ခြင်း သတိလစ်ခြင်း တို့ ဖြစ်သောအခါ

• ဆီးချိုသွေးချို နှင့် သွေးထဲသကြားဓါတ်နည်းခြင်း သည် ကုသသော်လည်း မသက်သာ သော်အခါ

သင့်တွင် ဆီးချိုသွေးချိုရှိကြောင်းကို သင်၏ ဆွေမျိုးများအား အသိပေးထားသင့်ပါသည်။ သွေးထဲသကြားဓါတ်နည်းခြင်း သည် ဆိုးရွှားပါက သတိလစ်ခြင်းနှင့် တက်ခြင်းတို့ကို ဖြစ်စေသောကြောင့် ဖြစ်လာနိုင်သောအရေးပေါ်အခြေအနေများအတွက် ဆွေမျိုးများကို အသိပေးထား သင့်ပါသည်။

အကြောင်းရင်းများ

သွေးထဲသကြားဓါတ်နည်းခြင်းကို ဘာတွေကဖြစ်စေသလဲ။

Insulin နှင့်ဂလူးကို့စ်တို့သည်မျှခြေတွင်မရှိသောအခါ သွေးထဲသကြားဓါတ်နည်းခြင်းဖြစ် ပေါ်ပါသည်။ ဟောမုန်းမညီမျှခြင်းကိုဖြစ်စေသောအကြောင်းရင်းများမှာ-

  • Insulin သို့မဟုတ်အခြားဆီးချိုဆေးများ အလွန်အကျွံသောက်ခြင်း
  • လုံလောက်စွာမစားခြင်း သို့မဟုတ် အစားစားချိန်ဝေးကွာခြင်း
  • လုံလောက်စွာ မစားဘဲ လေ့ကျင့်ခန်း လုပ်ခြင်း
  • ကာဗွန်ဟိုက်ဒရိတ် ကို လုံလောက်စွာ မစားခြင်း
  • မညီမျှသော စားသောက်မှုပုံစံ
  • အရက် အလွန် အကျွံသောက်ခြင်း

ဖြစ်ပွားနိုင်ချေမြင့်မားသောအကြောင်းရင်းများ

ဘယ်အရာတွေက သွေးထဲသကြားဓါတ်နည်းခြင်း ဖြစ်ပွားမှု ကိုမြင့်စေပါသလဲ။

အောက်ပါအချက်များသည် သွေးထဲသကြားဓါတ်နည်းခြင်း ကို ဖြစ်ပေါ်စေပါသည်။

• ဆီးချိုသွေးချိုရှိခြင်း၊ ဆီးချိုဆေးများသောက်သုံးရခြင်း

• အရက်အလွန်အကျွံသောက်ခြင်း

• အသည်းရောင်ရောဂါနှင့် ကျောက်ကပ်ရောဂါ ကိုကုသမှုများရှိခြင်း

• Insulin ထွက်မှုကို ဖြစ်စေသော အကျိတ်ဖုရှိခြင်း

• Hypopituitarism,Addison’s disease စသော ဟော်မုန်းရောဂါများရှိခြင်း

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများမရှိခြင်းသည် သင့်အား ရောဂါမရနိုင်ဟု မဆိုလိုပေ။ ဤအချက်များသည် ကိုးကားချက်များ သာလျှင်ဖြစ်သည်။ ပိုမိုများပြားသော အချက်အလက် များအတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

သွေးထဲသကြားဓါတ်နည်းခြင်း ဟုတ်မဟုတ် ဘယ်လိုအဖြေရှာ အတည်ပြုမလဲ။

ရောဂါလက္ခဏာများသည် သွေးထဲသကြားဓါတ်နည်းခြင်း ရှိကြောင်းကို ပြသသော အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။ ဆေးရုံတက်နေရာပါက သွေးထဲသကြားဓါတ်နည်းခြင်းကို သတ်မှတ်ရန် fasting blood sugar tests နှင့် အခြားသွေးစစ်မှုများ လုပ်ဆောင်နိုင်ပါသည်။

သွေးထဲသကြားဓါတ်နည်းခြင်း ကို ဘယ်လိုကုသမလဲ။

သွေးထဲသကြားဓါတ်နည်းခြင်း ဖြစ်ချိန်တွင် Insulin နှင့် ကလူးကို့စ် ညီမျှခြင်းကို ပုံမှန် ပြန်ရောက်စေရန် သကြားကို ခန္ဓါကိုယ်သို့ အမြန် ထောက်ပံ့သင့်ပါသည်။

• ဂလူးကို့စ် ဆေးပြားငယ်

• သစ်သီးဖျော်ရည်

• ချိုချဉ်သကြားလုံး

၁၅မိနစ်မှ ၂၀ မိနစ်အတွင်း ပုံမှန် သကြား ပမာဏသို့ မရောက်ပါက သရေစာများ ထပ်မံ စားသုံးပြီး နောက် ၁၅မိနစ်မှ ၂၀ မိနစ်တွင် ပြန်လည်စစ်ဆေးကြည့်ပါ။

သွေးထဲသကြားဓါတ်နည်းခြင်းကြောင့် သတိလစ်ခြင်း တက်ခြင်း တို့ဖြစ်ပါက glucagon ထိုးဆေး အမြန် ထိုးရန် လိုအပ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement