backup og meta

အင်ဆူလင် သိုလှောင်နည်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်ဆူလင် သိုလှောင်နည်းများ

    အင်ဆူလင်ကိုသိုလှောင်ဖို့ နည်းလမ်းများ

    အသုံးပြုလက်စအင်ဆူလင် တွေကိုအခန်းအပူချိန်မှာထားခြင်းကသူကိုအသုံးပြုတဲ့အခါပိုအဆင်ပြေပါတယ်။ လက်ရှိမသုံးနေတဲ့အင်ဆူလင် တွေကိုတော့ ရေခဲသေတ္တာထဲမှာသိမ်းတာအကောင်းဆုံးပါ။ သတိထားရမှာက အခဲခန်းထဲမထည့်ဖို့၊ ရေခဲခန်းအနားမထားဖို့ပဲဖြစ်ပါတယ်။ တချို့အင်ဆူလင် တွေကမတူညီတဲ့သိုလှောင်နည်းတွေလိုပါတယ်။ ဒါကြောင့်အသုံးမပြုခင်သင့်ရဲ့လူနာစာရွက်ထဲကအချက်အလက်တွေကိုအရင်သေချာဖတ်ပါ။

    အိမ်မှာ အင်ဆူလင် ကိုသိုလှောင်ဖို့ နည်းလမ်းများ

    • အင်ဆူလင် တွေကိုအပူနဲ့အလင်းရောင်ဝေးရာမှာထားပါ။ ရေခဲသေတ္တာထဲမှာ မထည့်ထားတဲ့ အင်ဆူလင် တွေကိုတတ်နိုင်ငမျှ အေးအောင်ထားပေးပါ။
    • အင်ဆူလင် တွေကိုဘယ်တော့မှမခဲသွားစေပါနဲ့။ တကယ်လို့ခဲသွားရင်မသုံးဘဲလွှင့်ပစ်လိုက်ပါ။ အရည်ပြန်ပျော်သွားချိန်မှာ လည်း ပြန်မသုံးပါနဲ့။
    • အသုံးမပြုရသေးတဲ့ အင်ဆူလင် ပုလင်းတွေ၊ အင်ဆူလင် ဆေးထိုးအပ်တွေကို ရေခဲသေတ္တာထဲသိမ်းထားပါ။ သူတို့ကိုသေချာသိုလှောင်ထားရင်အာမခံထားတဲ့ရက်အထိကြာကြာခံမှာပါ။
    • သင်လက်ရှိသုံးနေတဲ့ အင်ဆူလင် ဆေးထိုးအပ်တွေကိုအခန်း အပူချိန်မှာပဲထားပါ။
    • အင်ဆူလင် ဆေးထိုးအပ်အပိုနဲ့တခြားဆက်စပ်တာတွေကိုသူ့သက်ဆိုင်ရာထည့်စရာတွေနဲ့ ရေခဲသေတ္တာထဲမှာပဲထည့်ထားပါ။ ဒါမှသာကုန်ဆုံးမယ့်ရက်ကိုသိနိုင်မှာပါ။
    • ကုန်ဆုံးမယ့်ရက်ကိုကြည့်ပါ။ ရက်လွန်နေရင်မသုံးပါနဲ့။
    • အင်ဆူလင် တွေကိုအရမ်း မပူသွားစေပါနဲ့။ ပူတတ်တဲ့အရာတွေနားမထားပါနဲ့။ နေရောင်တိုက်ရိုက်မပေးထိပါနဲ့။ တီဗွီ တို့ ကွန်ပျူတာတို့လို လျှပ်စစ်ကိရိယာတွေ ပေါ်မှာမတင်ပါနဲ့။ ပူတဲ့ရက်တွေမှာကားထဲ ချန်မထားခဲ့ပါနဲ့။ ထမင်းပေါင်းအိုးနဲ့ ဝေးဝေးထားပါ။

    ခရီးသွားတဲ့အခါ အင်ဆူလင် သိုလှောင်ဖို့အချက်များ

    သင်ခရီးသွားနေရင် အောက်ပါတွေကိုလိုက်နာပါ။

    • အင်ဆူလင် ကိုအရမ်းပူ၊အရမ်းအေးတာမျိုးမဖြစ်စေပါနဲ့။ အပူချိန်မြင့်နေချိန်မှာ ကားထဲမထားခဲ့ပါနဲ့။
    • ဘတ်စ်၊ရထား၊ လေယာဉ်တွေနဲ့ခရီးသွားနေတဲ့အခါ အင်ဆူလင်၊ တခြားဆေးတွေနဲ့တခြားဆီးချိုအထောက်အကူပြုပစ္စည်းတွေကိုလက်ဆွဲအိတ်ထဲပဲထည့်ပါ။
    • လေဆိပ်လုံခြုံရေးကတစ်ဆင့်ဖြတ်ရမယ်ဆိုရင်တော့ အင်ဆူလင် တွေကိုအညွှန်းအပြည့်အစုံပါတဲ့သက်ဆိုင်ရာဘူးထဲထည့်ထားပါ။ သင့်ဆရာဝန်ဆီကနေသင်ဟာဆီးချိုဆေးနဲ့တခြားအထောက်အကူတွေကိုသယ်ယူသွားရတယ်ဆိုတဲ့ ထောက်ခံစာတောင်းထားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement