backup og meta

ဆီးချိုစစ်ဆေးခြင်း - ကီတုန်း (ketone) စစ်ဆေးခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုစစ်ဆေးခြင်း - ကီတုန်း (ketone) စစ်ဆေးခြင်း

    ဆီးချိုရောဂါဆိုတာသင့်ခန္ဓါကိုယ်ကလုံလောက်တဲ့ အင်ဆူလင်ကိုမထုတ်နိုင်တာ၊ အင်ဆူလင်ကိုအသုံးမပြုနိုင်တာ၊ ဒီနှစ်မျိုးစလုံးဖြစ်တာစတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ပန်ခရိယကနေထုတ်တဲ့ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းဟာဆဲလ်တွေ ဂလူးကို့စ်ကိုသွေးထဲကစုပ်ယူပြီးစွမ်းအင် ရရှိစေဖို့ ကူညီပေးပါတယ်။ ဆီးစစ်တာကိုဆီးချိုရောဂါ နာမည်တပ်ဖို့ အသုံးမပြုပေမယ့် လူတယောက်ရဲ့ ဆီးထဲမှာကီတုန်းဓါတ် (ketones) ဘယ်လောက်ရှိလဲတိုင်းတာပြီးဆီးချိုအခြေအနေကိုစောင့်ကြည့်လေ့ရှိပါတယ်။

    ဆီးချိုအကြောင်း

    အမျိုးအစား (၁) နဲ့ အမျိုးအစား (၂) ဆီးချိုဆိုပြီးအဓိက နှစ်မျိုးရှိပါတယ်။ အမျိုးအစား (၁) ဆီးချိုကတော့ ကိုယ်ခံအားစနစ်ဟာအင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ဆဲလ်တွေကိုဖျက်ဆီးတာကြောင့် ကိုယ်ခန္ဓါကနေအင်ဆူလင်ထွက်တာနည်းပြီး ဖြစ်ရခြင်းပါပဲ။ ဒီအမျိုးအစားဟာကလေးအရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးအစား (၂) ကတော့ ကိုယ်ခန္ဓါဟာအင်ဆူလင်ကိုထိရောက်စွာမသုံးနိုင်လို့ ဖြစ်ရတာပါ။ ဒီအခြေအနေကိုအင်ဆူလင်ခုခံခြင်းလို့ ခေါ်ပါတယ်။ ဆဲလ်တွေဟာသွေးထဲကနေဂလူးကို့စ်ဓါတ်ကိုမယူနိုင်တော့ပါဘူး။ ဒီအမျိုးအစားဟာပခရိယကနေအင်ဆူလင်ကိုလုံလုံလောက်လောက် မထုတ်နိုင်တော့တဲ့အခါ တဖြည်းဖြည်းပိုဆိုးလာတတ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုဟာကိုယ်အလေးချိန်များတာ၊ အထိုင်အထ လှုပ်ရှားမှုနည်းတာတွေနဲ့ ဆက်စပ်နေပါတယ်။

    ကီတုန်းဆိုတာဘာလဲ

    အမျိုးအစား (၁) ဆီးချိုမှာကိုယ်ခန္ဓါဟာစွမ်းအင်အနေနဲ့ ဂလူးကို့စ်ဓါတ်ကိုလုံလောက်စွာမရတဲ့အခါ အဆီတွေကိုလောင်ကျွမ်းစေပါတယ်။ အင်ဆူလင် မရှိရင် ဂလူးကို့စ်ဟာသွေးထဲမှာပဲရှိနေပါတယ်။ ဒီလိုဖြစ်တဲ့အခါ သွေးထဲမှာကီတုန်းဓါတ်ဟာထွက်လာပါတယ်။ သူဟာသွေးကိုအက်ဆစ်ဓါတ်ပိုများစေပြီး ခန္ဓါကိုယ်ကိုအဆိပ်အတောက် ဖြစ်စေတဲ့အခါ သတိလစ်သွားတာ၊ သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ သွေးထဲကကီတုန်းဓါတ်ဟာဆီးထဲကိုပါ ရောက်သွားနိုင်ပါတယ်။

    ဘယ်သူတွေဟာဆီးချိုအတွက် ဆီးစစ်ဖို့လိုသလဲ

    ဆရာဝန်တွေဟာ ဆီးချိုရောဂါကိုအတည်ပြုဖို့ ဆီးမစစ်တတ်ကြပါဘူး။ ဒါပေမယ့် ဆီးထဲကကီတုန်းဓါတ်နဲ့ ဂလူးကို့စ်ဓါတ်ကိုစောင့်ကြည့်ဖို့အတွက် ဆီးစစ်နည်းကိုသုံးကြပါတယ်။ လူတယောက်ဟာဆီးထဲမှာ ၂မျိုးစလုံးရှိနေရင် သူဟာအသင်ဆူလင်ကိုလုံလောက်စွာမထုတ်လုပ်နိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဆီးစစ်တဲ့နည်းကိုပုံမှန် စစ်ဆေးနေကြနည်းအဖြစ် သုံးတတ်ပါတယ်။ အထူးသဖြင့် အမျိုးအစား (၁) ဆီးချိုရှိနေပြီးသွေးတွင်းသကြားဓါတ် ၃၀၀ ယူနစ်ထက် ကျော်နေသူတွေ ဆီးချိုကြောင့် ကီတုန်းဓါတ် တက်နေတဲ့ လက္ခဏာရှိသူတွေအတွက် အသုံးပြုပါတယ်။

    ဂလူးကို့စ်အတိုင်းအတာ

    ယခင်ကဆီးထဲမှာဂလူးကို့စ်ဓါတ် ရှိမရှိစစ်ဆေးပြီးဆီးချီုရောဂါကိုအတည်ပြုတာ၊ စောင့်ကြည့်တာလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့အခါမှာသွေးစစ်တာလောက် အသုံးမများတော့ပါဘူး။ ယနေ့အခါမှာ ဆရာဝန်တွေဟာ သွေးစစ်ဖို့ပဲညွှန်ကြပါတော့တယ်။ သွေးစစ်တာဟာပိုတိကျပြီးသွေးထဲကဂလူးကို့စ်ဓါတ်ကိုပိုပြီးတိကျစွာတိုင်းတာနိုင်လို့ ဖြစ်ပါတယ်။

    ကီတုန်းအတိုင်းအတာ

    အမျိုးအစား (၁) ဆီးချိုရောဂါသည်တွေဟာသူတို့ရဲ့ ကီတုန်းအတိုင်းအတာကိုအိမ်သုံးဆေးစစ်ကိရိယာသုံးပြီးစစ်ဆေးနိုင်ပါတယ်။ လူတယောက်ဟာသွေးတွင်းဂလူးကို့စ်ဓါတ် ၃၀၀ ယူနစ်ထက် မြင့်နေရင် ကီတုန်းအတွက် ဆီးစစ်တဲ့နည်းသုံးသင့်ပါတယ်။ ကီတုန်းဓါတ် အတန်အသင့်၊ ဒါမှမဟုတ် များများစားစားရှိနေတာဟာဆီးချိုကိုမထိန်းချုပ်နိုင်တဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement