နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် နေထိုင်မှုပုံစံများနှင့်ပတ်သက်ပြီး သိကောင်းစရာများ

ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

နာတာရှည် အဆုတ်လေပြွန်ကျဉ်းဝေဒနာများကို သက်သာအောင်လုပ်ပြီး ဘဝနေထိုင်မှုပုံစံများမြင့်တက်လာအောင် ပြုလုပ်သော နည်းလမ်းများစွာ ရှိပါသည်။

အောက်ပါတို့သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များအတွက် ရောဂါများသိသိသာသာ သက်သာလာအောင် ပြုမူနေထိုင်ရမည့် အချက်များ ဖြစ်ပါသည်။

ကာကွယ်ဆေးများထိုးပါ။

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည် အအေးမိခြင်း၊ တုပ်ကွေးမိခြင်းများဖြစ်လျှင် ရောဂါပြန်ထနိုင်သောကြောင့် နှစ်စဉ်နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေးများ ထိုးသင့်ပါသည်။ နှာခေါင်းအတွင်းသို့ ဖြန်းသောဆေးများကို သုံးမည့်အစား ကာကွယ်ဆေးများထိုးခြင်းကသာ အထိရောက်ဆုံးဖြစ်ကြောင်း သတိပြုသင့်ပါသည်။

နှာခေါင်းဖြန်း ကာကွယ်ဆေးများသသည် အသက်ရှင်နေသော ပိုးကောင်မျာ းပါဝင်သောဆေး ဖြစ်သောကြောင့် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များအတွက် အန္တရာယ်ရှိနိုင်ပါသည်။ ထို့ပြင် နမိုးနီးယား အဆုတ်ရောင်ကာကွယ်ဆေးများကိုလည်း အနည်းဆုံး တစ်ကြိမ်ထိုးပြီး ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုအပ်လျှင် ထပ်ထိုးနိုင်ပါသည်။

ဆုံဆို့ကြက်ညှာချောင်းဆိုးများ မဖြစ်အောင်လည်း ဆုံဆို့ ကြက်ညှာ မေးခိုင် သုံးမျိုးစပ် ကာကွယ်ဆေးကိုလည်း ထိုးထားသင့်ပါသည်။ ထို့ကြောင့် တုပ်ကွေး၊ နမိုးနီးယားနှင့် သုံးမျိုးစပ် ကာကွယ်ဆေးများကို ထိုးခြင်းဖြင့် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ဖြစ်လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို မဖြစ်အောင် လျှော့ချနိုင်ပါသည်။

ပိုးမွှားများနှင့် မထိတွေ့အောင် ရှောင်ကျဉ်ပါ။

နေမကောင်းဖြစ်နေသူများနှင့် နီးနီးကပ်ကပ် မနေပါနှင့်၊ လူစုလူဝေးများသောနေရာများ၊ ပါတီပွဲများကို တတ်နိုင်သလောက် သတိနှင့် သွားပါ။ ပါတီပွဲများတွင် နေမကောင်းဖြစ်နေသူများတွေ့လျှင် ဖြစ်နိုင်လျှင် ထိုသူများနှင့် နီးနီးမနေခြင်း၊ တတ်နိုင်သမျှ ပါတီပွဲများကို မတက်ခြင်းဖြင့် ဆင်ခြင်နေထိုင်သင့်ပါသည်။

ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်ခြင်းသည် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို ဖြစ်စေသော အဓိက အကြောင်းရင်းဖြစ်ပါသည်။ အီး စီးကရက်များသည်လည်း ရှောင်ကျဉ်သင့်သော အရာများဖြစ်ပါသည်။ အီးစီးကရက်တွင် ဆေးရွက်ကြီးနှင့် ကတ္တရာစေးများ မပါဝင်သော်လည်း အရသာကောင်းအောင် ပြုလုပ်ထားသော ပစ္စည်းများကို ရှုမိလျှင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များအတတွက် စိတ်ချရမှု ရှိမရှိ မသေချာသေးသည့်အတွက် ဖြစ်ပါသည်။

ပတ်ဝန်းကျင်ရှိလေကို သန့်ရှင်းအောင်ထားပါ။

လေထုညစ်ညမ်းခြင်းကြောင့် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ လက္ခဏာများကို ပိုဆိုးစေပါသည်။ စက်ရုံနှင့်အနီးတဝိုက် လေထုညစ်ညမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်သူဖြစ်ပါလျှင် အိမ်ထဲတွင် လေကောင်းလေသန့်များကို ဖြစ်အောင် ဇကာစစ်ပေးမည့် စက်များ (HEPA)ကို တပ်ဆင်ထားသင့်ပါသည်။ ထိုစက်များသည် လေထုထဲရှိ အညစ်အကြေးများ၏ ၉၉% ကို စစ်ချပေးနိုင်စွမ်းရှိပါသည်။ လေထုညစ်ညမ်းမှုများကို လျော့ကျစေသော အခြားနည်းလမ်းများမှာ ဖုန်များကပ်နေနိုင်သော ကောဇောများကို ရေ၊ ဆြပ်ပါ၊ မုန့်ဖုတ်ဆိုဒါ၊ ဗီနီကာတို့ဖြင့် သန့်ရှင်းရေးပြုလုပ်နိုင်ပါသည်။

ကိုယ်အနေအထားမှန်အောင် ဝိတ်မတက်စေဘဲ သွယ်လျှအောင် နေထိုင်ပါ။

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များသည် ပိန်လွန်းသူများရှိသလို ဝလွန်းသူများလည်း ရှိပါသည်။ ဆိုကြပါစို့။ သင်သည် ၁၀ ပေါင်ရှိသော သေတ္တာတစ်လုံးကို အမြဲထမ်ထားလျှင် အချိန်ကြာလာလျှင် မောပန်းလာမည်ဖြစ်ပါသည်။ အလားတူပင် သင့်ဗိုက် ပတ်လည်ရှိ ၁၀ပေါင်စာရှိသော အဆီထုထည်များသည်လည်း သင့်ကို မောပန်းခြင်းဖြစ်စေနိုင်ပါသည်။

ထို့ပြင် ကိုယ်အလေးချိန်နည်းလွန်းလျှင်လည်း မကောင်းပါ။ သေဆုံးခြင်းများဖြစ်နိုင်ကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန်ကို မှန်အောင် ထိန်းထားခြင်းသည် အကောင်းဆုံးနည်းဖြစ်ပါသည်။ သင့်တွင် ကျန်းမာသောသူတစ်ယောက်၏ ကိုယ်အလေးချိန်မျိုးရှိမရှိ သိရန် ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။

အစားအစာများကို နည်းနည်းချင်းစီ စားပါ။

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များသည် များများ ပြည့်အင့်အောင်စားလိုက်လျှင် အမောဖောက်လာတတ်ပါသည်။ ထို့ကြောင့် ပြည့်အင့်သွားသည်အထိ မစားဘဲ နည်းနည်းစီကို မကြာခဏစားပေးခြင်းဖြင့် ခံတွင်းအရသာများလည်း ခံစားမှုများကောင်းလာမည်ဖြစ်ပါသည်။

စိတ်ဖိစီးမှုများ ကင်းအောင် နေထိုင်ပါ။

စိတ်ဖိစီးမှုများခြင်းသည် မည်သည့်ကျန်းမာရေး အခြေအနေကို မဆို ပိုဆိုးစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် တနေ့ကို အနည်းဆုံး ၇ နာရီ အိပ်စက်ခြင်အားဖြင့် စိတ်ဖိစီးမှုများကို သက်သာစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်အများစုက ဝန်လေးကြပေးလိမ့်မည်။ လေ့ကျင့်ခန်းများသည် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ၏ ဝေဒနာများကို သက်သာစေသောကြောင့် သင်နှင့် သင့်တော်မည့်လေ့ကျင့်ခန်း ပုံစံများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ပြုလုပ်သင့်ပါသည်။

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များသည် သူတို့၏ ဝေဒနာများနှင့် ပတ်သက်ပြီး စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်နေရချိန်တွင် အထက်ဖော်ပြပါ အချက်များက ဘဝနေထိုင်မှုပုံစံများ သက်တောင့်သက်သာဖြစ်လာအောင် အများဆုံး ကူညီပေးပါသည်။ ထို့ကြောင့် ရောဂါလက္ခဏာများကို အစပြုစေမည့် အချက်များကို ရှောင်ကျဉ်ပြီး နေထိုင်ခြင်းဖြင့် ရေရှည်အတွက် ကောင်းမွန်စေမည်ဖြစ်ကြောင်းဖော်ပြလိုက်ရပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    နာတာရှည်အဆုတ်လေပြွန်ရောင်ကျဉ်းရောဂါနဲ့ အစားအသောက်များ

    နည်းစနစ်မှန်ကန်စွာ စားသုံးခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီးသည်။ နာတာရှည် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Zin Thu Thu Win

    အဆုတ် COPD ရောဂါသည် ခရီးသွားရာတွင်သိထားရမည့် အချက်များ

    အသက်ရှုကျပ်လာခြင်းသည်နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ (COPD)၏ အဓိကလက္ခဏာ တစ်ခုဖြစ်သည့်အတွက် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Dr. Zin Thu Thu Win

    နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ နှင့် အဆုတ်ရောင်ရောဂါ

    နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါနှင့် အဆုတ်ရောင်ရောဂါတို့ ဘာတွေကွာခြားသလဲ။ အထက်ပါ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Zin Thu Thu Win

    နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါအတွက် ဘယ်လို အစားအစာတွေ စားသင့်သလဲ

    သင်သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ခံစားနေရပြီဆိုလျှင် သင့်တင့်လျောက်ပတ်သော ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Zin Thu Thu Win

    သင့်အတွက် ရွေးချယ်ထားသည်

    နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ

    ရေးသားသူ Dr. Sandar Lin
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018 . 2 mins read

    နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ကျန်းမာစေမည့် အစားအသောက်များ

    ရေးသားသူ Dr. Sandar Lin
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018 . 2 mins read

    နာတာရှည် အဆုတ်လေပြွန်ကျဉ်း ဝေဒနာနှင့် အောက်ဆီဂျင် ကုထုံးအကြောင်း သိကောင်းစရာ

    ရေးသားသူ Dr. Sandar Lin
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018 . 2 mins read

    နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို စောင့်ရှောက်သူတဦးအနေဖြင့် သိထားရမည့် အချက်များ

    ရေးသားသူ Dr. Sandar Lin
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018 . 2 mins read