Colostomy ဖောက်ရပြီဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

Colostomy ဆိုတာဘာလဲ

Colostomy အကြောင်း မပြောခင် အူမကြီးအပေါ်ပိုင်း (colon)အကြောင်းကို အရင်ပြောပြချင်ပါတယ်။ အူမကြီးအပေါ်ပိုင်း (colon)ဟာ အူမကြီးရဲ့ အစပိုင်း ၄ – ၅ လက်မလောက်ကို ဆိုလိုပြီး အစာချေအဖွဲ့အစည်းမှာ ပါဝင်ပါတယ်။ သူ့ရဲ့ အဓိကအလုပ်ကတော့ ခန္ဓါကိုယ်အပြင်ကို စွန့်ပစ်မယ့် အညစ်အကြေး (မစင်)တွေဆီကနေ ရေဓါတ်နဲ့ အာဟာရဓါတ် အကြွင်းအကျန်တွေကို ပြန်လည်စုပ်ယူပေးခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်နေသေးတဲ့ အရာမှန်သမျှကို အပြီးသတ် စုပ်ယူပြီးချိန်မှာ အဆိုပါ အညစ်အကြေးတွေကို rectum လို့ခေါ်တဲ့ အူမကြီးအောက်ပိုင်းဆီ ဆက်လက်ပို့ဆောင်ကာ နောက်ဆုံးမှာတော့ စအိုကတဆင့် အပြင်ကို စွန့်ပစ်ပါမယ်။

ဒါကြောင့် သင့်ခန္ဓါကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ပစ်ရာမှာ အူမကြီးနဲ့ စအိုပေါက်ဟာ မရှိမဖြစ် လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အင်္ဂါတွေဟာ ရောဂါကြောင့်ပဲဖြစ်ဖြစ်၊ထိခိုက်ဒါဏ်ရာ ရလို့ပဲဖြစ်ဖြစ် ပုံမှန်အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် ဒါမှမဟုတ် အချိန်အတိုင်းအတာတခုအတွင်း အနားပေးထားဖို့ လိုအပ်လာပြီဆိုရင် သင့်ခန္ဓါကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ပစ်ဖို့အတွက် အခြားနည်းလမ်းတခုခုကို ရှာဖွေရပါတော့မယ်။ အခု Colostomy အကြောင်း ရောက်လာပါပြီ။ ဆေးပညာ အသုံးအနှုန်းအရ __ostomy ဆိုတဲ့ စာလုံးဟာ အပေါက်တခုခု ဖောက်ထားတာကို ဆိုလိုတဲ့အတွက် colostomy ဆိုတာဟာ colon ကို အပေါက်ဖောက်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီအပေါက်ကလေးဟာ အူမကြီးအပေါ်ပိုင်း (colon)နဲ့ ဝမ်းဗိုက်မျက်နှာပြင်ကို ဆက်သွယ်ပေးတဲ့ အပေါက်ကလေး ဖြစ်ပါတယ်။ ဒီလို ဆက်သွယ်ပေးလိုက်ခြင်းအားဖြင့် ခန္ဓါကိုယ်ထဲက အညစ်အကြေးနဲ့ ဓါတ်ငွေ့တွေဟာ အဆိုပါ အပေါက်ကလေးကနေ အပြင်ကို ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီလို ထွက်ရှိလာတဲ့အခါ အညစ်အကြေးတွေနဲ့ ပေကျံမနေစေဖို့အတွက် colostomy အပေါက်ဝမှာ အိတ်ကလေးနဲ့ ကာပြီး ပိတ်ထားရပါတယ်။ အပေါက်က ထွက်လာတဲ့ အညစ်အကြေးတွေဟာ ဒီအိတ်ကလေးထဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဖောက်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး colostomy ဟာ ယာယီဖြစ်နိုင်သလို တသက်လုံးစာလည်း ဖြစ်နိုင်ပါတယ်။

Colostomy ကြောင့် သင့်ဘဝမှာ ဘာတွေ ပြောင်းလဲသွားနိုင်သလဲ

သင့်အူလမ်းကြောင်းက ထွက်ရှိလာတဲ့ အညစ်အကြေး (မစင်)တွေကို ဗိုက်ရှေ့မှာ အိတ်တလုံးနဲ့ ထည့်ပြီး တသက်လုံး နေသွားရမယ့်အရေးဟာ တွေးကြည့်ရင် အတော်လေး ခြောက်ခြားဖို့ ကောင်းပါလိမ့်မယ်။Colostomy ဖောက်ရတဲ့ အဓိကအကြောင်းရင်းဟာ အူမကြီးကင်ဆာဖြစ်လေ့ရှိတာမို့ ကင်ဆာရဲ့ဒါဏ်၊ကင်ဆာကုထုံးတွေရဲ့ ဒါဏ်တွေကိုလည်း သင်ခံရပါဦးမယ်။ ဒီတော့ Colostomy ဖောက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်ပေါ်လာစေမှာ အနည်းနဲ့အများ သေချာနေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင်လည်း ရှက်ရွံ့စိတ်၊အားငယ်စိတ်၊ဝမ်းနည်းစိတ်တွေကလည်း ကြီးစိုးနေမှာပါ။ အရင်က နေထိုင်သွားလာ စားသောက်ခဲ့သလို ပြန်နေနိုင်ပါဦးမလားဆိုတာကိုလည်း သင်တွေးပြီး ကြောက်နေပါလိမ့်မယ်။ ဒါပေမယ့် Colostomy ဖောက်ပြီး ဆေးရုံဆက်လက်တက်နေရစဉ်ကာလမှာ သင့်ရဲ့ Colostomy အပေါက်ကို ဘယ်လို ထိန်းသိမ်းရမလဲ၊ဘယ်လို ဂရုစိုက်ရမလဲ၊ဘာတွေ ဆောင်ရန်၊ရှောင်ရန်ရှိသလဲစတာတွေကို ဆရာဝန်၊ဆရာမတွေက ဂရုတစိုက် သင်ကြားပေးမှာဖြစ်ပါတယ်။ သင့်ဖက်ကလည်း စိတ်ဓါတ်ကြံ့ခိုင်ဖို့ လိုအပ်ပါတယ်။Colostomy ဖောက်လိုက်ပြီးတဲ့အခါ သင့်ရဲ့ ပုံမှန်လှုပ်ရှားသွားလာမှုတွေကို အနည်းငယ် ပြုပြင်ဖို့ လိုအပ်လာပါတယ်။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှုကောင်းကောင်း၊လမ်းညွှန်ချက်တွေကောင်းကောင်းတွေနဲ့ ဆိုရင်တော့ တွေ့ကြုံရမယ့် အခက်အခဲတွေကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်မှာပါ။ ပြီးတော့ သင့်လိုပဲ Colostomy ဖောက်ထားသူတွေနဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးပြီး တဦးနဲ့တဦး အတွေ့အကြုံလေးတွေကို ဖလှယ်ဖို့၊တယောက်နဲ့ တယောက် အားပေးကူညီဖို့လည်း လိုအပ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့အချက်လေးတွေကိုလည်း လိုက်နာရပါမယ်။

  • လက်ရှိသုံးစွဲနေတဲ့ ဆေးတွေ၊သုံးစွဲလတ္တံ့သော ဆေးတွေကို အသေအချာ စိစစ်ပါ။ ဘာလို့လဲဆိုတော့ တချို့ဆေးတွေဟာ ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း စတာတွေကို ဖြစ်စေနိုင်လို့ပါ။ ပုံမှန်အတိုင်း အညစ်အကြေး မစွန့်ပစ်နိုင်တော့တဲ့အတွက် ဒီလိုအချက်လေးတွေကို ဂရုစိုက်ရပါမယ်။
  • သင့်တင်မျှတတဲ့ စားသောက်မှုပုံစံကို ကျင့်သုံးပါ။ လေထတတ်တဲ့ အစားအသောက်တွေ (ဥပမာ ဂေါ်ဖီထုပ်၊ပဲအမျိုးမျိုး၊ခွံမာသီးအချို့)ကို ရှောင်ကျဉ်ရပါမယ်။ ဝမ်းမချုပ်၊ဝမ်းမလျှောအောင် သင့်တင့်မျှတစွာ စားသုံးနိုင်မယ့် စားသောက်မှုပုံစံကို သင့်ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်က ချမှတ်ရေးဆွဲပေးပါလိမ့်မယ်။
  • ဘဝကို အရှုံးမပေးပါနဲ့။Colostomy ဖောက်လိုက်ရခြင်းဟာ သင့်ဘဝကြီး အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ နောက်ပိုင်း ပေါ်လာတဲ့ colostomy အိတ်တွေဟာ အတော်လေးပြားကပ်နေအောင် ပုံစံထုတ်ထားတာမို့ အဝတ်နဲ့အုပ်လိုက်ရင် လုံးဝမသိသာတော့ပါဘူး။ ဒါ့အပြင် colostomy ဖောက်ထားတဲ့လူနာအများစုဟာ မူလလုပ်ငန်းခွင်ကို ပြန်ဝင်နိုင်ပြီး (လိင်ဆက်ဆံခြင်းအပါအဝင်) ပုံမှန်လုပ်ဆောင်နေကျ နိစ္စဓူဝကိစ္စအများစုကိုလည်း လုပ်ဆောင်နိုင်လေ့ရှိပါတယ်။ ဒါပေမယ့် စိတ်ဓါတ်ကြံ့ခိုင်ဖို့တော့ အထူးအရေးကြီးပါတယ်။

Colostomy ဖောက်လိုက်ရပေမယ့် သာမန်လူနီးပါး ပြန်လည်နေထိုင်နိုင်အောင် အလေ့အကျင့်လုပ်လို့ရပါတယ်။ ဒါပေမယ့် ဖြစ်မှ ကုသခြင်းထက် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံး ဆိုတဲ့ ဟောင်းပေမယ့် ကောင်းနေဆဲ စကားလေးလည်း ရှိပါတယ်။Colostomy ဖောက်ရခြင်းရဲ့ အဓိကလက်သည်ဟာ အူမကြီးကင်ဆာ ဖြစ်လေ့ရှိတာမို့ ကျွန်တော်တို့အားလုံးအနေနဲ့ အူမကြီးကင်ဆာ မဖြစ်ပွားရလေအောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်သင့်ပါတယ်။ အူမကြီးကင်ဆာအကြောင်း အကျယ်တဝင့် ရေးသားထားတဲ့ ဆောင်းပါးတွေကိုလည်း ဒီဝဘ်ဆိုက်မှာပဲ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ အသားအလွန်အကျွံစားသုံးခြင်း၊ဟင်းသီးဟင်းရွက်များကို လုံးဝမစားသလောက် ရှောင်ကျဉ်ခြင်း၊ဝမ်းခဏခဏချုပ်ခြင်း စတဲ့ အကြောင်းရင်းတွေဟာ အူမကြီးကင်ဆာဆီ ဦးတည်နေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘူးသီးကပေးတဲ့ ကျန်းမာရေး

ဘူးသီး ကျန်းမာရေး အပူငြိမ်း ခန္ဓာကိုယ် ရေဓာတ် အစာအိမ် အပူချိန် ချွေး အစားအစာ နှာခေါင်း သွေးလျှံတာ ဝက်ခြံ ဗီတာမင် C ဝိတ်ကျ ဆီးလမ်းကြောင်း ပိုးဝင်တာ နှလုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

လိပ်ခေါင်းရောဂါ တိုက်ဖျက်ဖို့ ဒါတွေစားကြစို့

လိပ်ခေါင်းရောဂါ အူမကြီး အဝလွန်တာ ရေဓာတ် အစာခြေလမ်းကြောင်း ပဲမျိုးစုံ ဂျုံကြမ်း၊ အစေ့အဆန်များ  အသီးအနှံမျိုးစုံ အမျှင်ဓာတ် ကဖင်းဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

Probiotics နဲ့ Prebiotics ဘာကွာလဲ……..

Probiotics နဲ့ Prebiotics အူမကြီး အစာခြေစနစ် အမျှင်ဓာတ် အူနံရံတွေ အအေးမိဖျားနာတာ မိန်းမကိုယ်ပိုးဝင်တာ ကိုယ်ဝန်ဆောင်ဆီးချို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဥသျှစ်ရွက် ကပေးတဲ့ ကျန်းမာရေး

ဥသျှစ်ရွက် ဆေးဖက်ဝင်အာနိသင် ဆီးချို သွေးတွင်းသကြားဓာတ် အင်ဆူလင် ဝမ်းမှန် ဝမ်းချုပ် အဆိပ်အတောက် အစာခြေစနစ် အူမကြီး နှလုံးရောဂါ သွေးတွင်းကိုလက်စထရော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 25, 2020 . 2 mins read
အစာခြေခြင်း အကြောင်းသိကောင်းစရာ

အစာခြေခြင်း အကြောင်းသိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 21, 2020 . 2 mins read
လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose Intolerance) ၏ လက္ခဏာများ

လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose Intolerance) ၏ လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 18, 2020 . 2 mins read
ညအိပ်ရာမဝင်ခင် ရေသောက်ရအောင်

ညအိပ်ရာမဝင်ခင် ရေသောက်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 14, 2020 . 2 mins read