အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာဖြစ်ပြီးနောက် လေ့ကျင့်ခန်း လုပ်ခြင်း၏ ကောင်းကျိုးများ

ရေးသားသူ

ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းဆိုသည်မှာ မည်သည့် ကိုယ်လက်လှုပ်ရှားမှုကို မဆို ဆိုလိုခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုများကို ကြွက်သား လှုပ်ရှားမှုကနေ ဖန်တီးခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုတိုင်းသည် စွမ်းအင်သုံးရလေသည်။

ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာ၏ ထောက်ခံချက်အရ တစ်ပတ်ကို ငါးရက်နှင့် အထက် တစ်နေ့ အနည်းဆုံး မိနစ် ၃၀ ခန့် အလယ်အလတ်လေ့ကျင့်ခန်းမျိုး လုပ်ခြင်း (သို့) တစ်ပတ်ကို သုံးရက်နှင့်အထက် တစ်နေ့ကို အနည်းဆုံး မိနစ် နှစ်ဆယ်ခန့် ပြင်းထန်သော အားကစား လေ့ကျင့်ခန်းမျိုး လုပ်ဖို့ အကြံပေးထားပါသည်။

ကျွမ်းကျင်သူများက လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းသည် ကျန်းမာခြင်း အကျိုးကျေးဇူးကို အောက်ပါ နည်းလမ်းပေါင်းစုံနှင့် ပေးစွမ်းလျက်ရှိသည်ဟု ဆိုကြသည်။

· သင့်ကိုယ်အလေးချိန်ကို ထိန်းထားပေးသည်။

· ကြွက်သား နှင့် အရိုးအဆစ် ကျန်းမာရေးကို ထိန်းသိမ်းပေးသည်။

· သွေးတိုးနှင့် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေ လျော့နည်းစေသည်။

· စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေသည်။

· နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေကို လျော့ချပေးသည်။

· နေ့မစေ့ လမစေ့ ကလေး အသေမွေးနှုန်းကို လျော့ချပေးသည်။

· သွေးလည်ပတ်မှုအားကောင်းစေပြီး နှလုံးနှင့်သွေးကြော ကျန်းမာရေး ကောင်းမွန်စေသည်။

ကမ္ဘာတစ်ဝှမ်းလေ့လာမှုများအရ ကိုယ်အလေးချိန်အညွှန်းကိန်း မည်မျှပင်ရှိနေပါစေ လေ့ကျင့်ခန်းပုံမှန်လုပ်သော လူငယ်လူရွယ်များသည် လှုပ်လှုပ်ရှားရှားမရှိသော လူများထက် အူမကြီးကင်ဆာဖြစ်ပွားနိုင်ချေနှုန်း ၃၀ မှ ၄၀ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရသည်။ လှုပ်ရှားအတက်ကြွဆုံးသူများသည် ရောဂါဖြစ်ပွားနိုင်ချေနည်း အနည်းဆုံးဖြစ်ကြသည်။

အူမကြီးကင်ဆာ ကို ကာကွယ်ဖို့ တစ်ရက်ကို မိနစ် ၃၀မှ ၆၀ ခန့် အလယ်အလတ်မှ အပြင်းအထန် အားကစား လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် အစာဟောင်းအိမ်ကင်ဆာ၊ ရိုးရိုးအကျိတ် နှင့် အသားပို ပြန်ဖြစ်ပွားခြင်း ကို ကာကွယ်နိုင်စွမ်း ရှိမရှိကိုတော့ မသိရသေးချေ။

လေ့ကျင့်ခန်းလုပ်ခြင်းသည် စွမ်းအားထိန်းညှိခြင်း၊ ဟော်မုန်းဇီဝကမ္မဖြစ်စဉ် နှင့် အင်ဆူလင်ဟော်မုန်း ထိန်းညှိခြင်းကဲ့သို့သော နည်းလမ်းမျိုးစုံဖြင့် အူမကြီးကင်ဆာ ပြန့်ပွားနှုန်းကို ထိန်းချုပ်ပေးပါသည်။ ထို့ပြင်အူမကြီးနှင့် ကင်ဆာဖြစ်နိုင်ချေရှိသော အရာများ ထိတွေ့နိုင်သော အချိန်ကို လျော့ချပေးခြင်းသည်လည်း အူမကြီးကင်ဆာနှင့် အကျိတ်ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။

လေ့ကျင့်ခန်းလုပ်ခြင်းသည် အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေအပေါ် လွှမ်းမိုးနိုင်သော ရောင်ရမ်းခြင်းနှင့် ကိုယ်ခံအားဆိုင်ရာဓါတ်ပမာဏများကို ပြောင်းလဲပေးနိုင်စွမ်းရှိပါသည်။

လေ့ကျင့်ခန်း ပုံမှန်လုပ်သော လူများသည် အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ ပြန်ဖြစ်ပွားနှုန်းကို လျော့နည်းပြီး အသက်ရှည်ရှည်နေရလေသည်။

အချို့လေ့လာမှုများအရ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ လူနာများသည် ကင်ဆာပြန်ဖြစ်ပွားနိုင်ချေ ၅၀ ရာခိုင်နှုန်းထိလျော့ကျပြီး အသက်ရှင်နိုင်စွမ်း ပိုမြင့်မားလာသည်ဟု သိရသည်။

အချို့လေ့ကျင့်ခန်းများကို အလယ်အလတ် (မပြင်းထန်သော) လေ့ကျင့်ခန်းများ အဖြစ်ယူဆ၍ ရသည်။

ဥပမာ။ ။ စုံတွဲကခြင်း၊ အုပ်စုလိုက်တန်းစီကခြင်း၊ ကနူးလှေလှော်ခြင်း၊ အပင်ညှပ်ခြင်းကဲ့သို့သော ပေါ့ပေါ့ပါးပါး ဥယျာဉ်စိုက်ပျိုးခြင်း၊ ဘေ့စ်ဘော၊ ဘော်လီဘော၊ နှစ်ဦးတွဲ ဆော့ကစားသော တင်းနစ်၊ လမ်းလျှောက်ခြင်း၊ ရေထဲတွင် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ခြင်း။

ပြင်းထန်သော လေ့ကျင့်ခန်းများလည်းရှိပါသေး သည်။ ဥပမာ။ ။ တစ်နာရီ ဆယ်မိုင်နှုန်း ထက်ပိုပြီး စက်ဘီးအမြန် စီးခြင်း၊ အေရိုးဗစ်အက၊ အမြန်ကသော အက၊ မြေတူးခြင်းကဲ့သို့သော ပြင်းထန်သော ဥယျာဉ်စိုက်ပျိုးခြင်း၊ တောင်တက်ခြင်း၊ ကြိုးခုန်ခြင်း၊ ပြေးခြင်း၊ ဘတ်စကတ်ဘော၊ ဟော်ကီ၊ ဘောလုံးကန်ခြင်း၊ ရေကူးခြင်း၊ တစ်ဦးချင်းစီယှဉ်ပြိုင်သော တင်းနစ်။

အလယ်အလတ် လား အပြင်းအထန် လေ့ကျင့်ခန်းလား။ ဘယ်လို ခွဲမလဲ။

သင့်ခန္ဓါကိုယ်က အားကစားလေ့ကျင့်ခန်းပေါ် ဘယ်လိုတုန့်ပြန်သလဲဆိုတာအပေါ် မူတည်ပြီး အလယ်အလတ်လား ပြင်းထန်သော လေ့ကျင့်ခန်းလား ဆိုတာ ကွဲပြားခြားနားသွားသည်။

· အလယ်အလတ်။ ။ အကယ်၍ သင်သည် လေ့ကျင့်ခန်းလုပ်နေရင်း စကားပြောနိုင်သေးသည်ဆိုလျှင် ထိုလေ့ကျင့်ခန်းကို အလယ်အလတ်လေ့ကျင့်ခန်းဟု ယူဆလို့ရသည်။

· အပြင်းအထန်။ ။ အကယ်၍သင်သည် မောလွန်းလို့ စကား တစ်လုံး နှစ်လုံးလောက်ပဲ ပြောနိုင်တော့သည်ဆိုလျှင် ထိုလေ့ကျင့်ခန်းကို ပြင်းထန်သည်ဟု ယူဆနိုင်သည်။

စံကုသမှုများ အပြည့်အစုံ ခံယူပြီးနောက်တွင် လေ့ကျင်ခန်းလုပ်ခြင်းသည် အူမကြီးကင်ဆာ ပြန်ဖြစ်ပွားနိုင်ချေအန္တရာယ်ကို လျော့ချဖို့ မရှိမဖြစ်လိုအပ်ပါသည်။ သင့်အတွက် သင့်တော်သော အားကစား လှုပ်ရှားမှုကို ရွေးချယ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Share now :

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 31, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။