အူမကြီးကင်ဆာဖြစ်ပြီးနောက် ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသုံးခြင်း အကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လတ်တလော အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူထားသောလူနာများသည် အထူးစားသောက်မှုပုံစံကို လိုက်နာသင့်သည်။ သို့မှသာ ခန္ဓါကိုယ်မှ အစာချေဖျက်ရာတွင် ခွဲစိတ်ထားသော အူအစိတ်အပိုင်းကို ဆွဲဆန့်ခြင်း မဖြစ်အောင် ဝန်ထုပ်ကို လျှော့ချပေးနိုင်မှာဖြစ်သည်။

ထို့ပြင် ခွဲစိတ်ပြီးနောက် အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည့် ဂတ်စ်ထုတ်လုပ်ခြင်းကိုလည်း လျော့နည်းစေသည်။ ဤဆောင်းပါးတွင် အထူးစားသောက်မှုပုံစံကို ဖော်ပြထားပါသည်။

အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ ကုသမှု ခံယူပြီးနောက်တွင် သင်သည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ခံစားရနိုင်ပြီး ထိုလက္ခဏာသည် သင့်အား မအီမသာ ဖြစ်စေမှာ အမှန်ဖြစ်သည်။ သင်သည်ပါးစပ်နာလည်း ဖြစ်နိုင်ပါသည်။ ထိုဘေးထွက်ဆိုးကျိုးများသည် သင့်ကုသမှုပြီးဆုံးချိန်တွင် ပျောက်သွားပါလိမ့်မည်။

ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက်တွင် သင့်အူလမ်းကြောင်း ပုံမှန်စတင်ပြန်လုပ်တာကို သင်တွေ့ရပါလိမ့်မည်။ သို့သော် အချို့အစားအစာများက သင့်အူလမ်းကြောင်း လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်ကောင်းဖြစ်စေနိုင်သည်။ ထို့ကြောင့် သင်သည် ဘယ်အစားအစာကို စားသင့်ပြီး ဘယ်အစားအစာကို ရှောင်သင့်လဲဆိုတာကို သိချင်နေပါလိမ့်မည်။

လူတစ်ဦးနှင့် တစ်ဦးကွဲပြားကြပြီး သင်ဘာစားသင့်သလဲဆိုတာကို စည်းမျဉ်းချမှတ်ထားသည်တော့ မရှိပါ။ အကယ်၍ သင်ပြဿနာတစ်စုံတစ်ခု ကြုံရလျှင် ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါသည်။

ခွဲစိတ်မှုပြီးခါစတွင် သင်သည် အရည်ကြည်ကို စသောက်နိုင်ပါသည်။ (ဥပမာ။ ဖျော်ရည်၊ စွပ်ပြုတ်အရည်၊ လက်ဖက်ရည် စသည်ဖြင့်)။ အကယ်၍ သင်သည် ထိုအရည်များကို သောက်နိုင်ပြီဆိုလျှင် အမျှင်ဓါတ်နှင့် အဆီနည်းသော အစားအစာများကို တဖြည်းဖြည်း စားသုံးနိုင်ပြီဖြစ်သည်။

အထူးစားသောက်မှုပုံစံအတွက် အကြုံပြုချက်များကို ကြည့်ဖို့ အောက်ပါ စာရင်းကို အသုံးပြုပါ။

• အချိုရည်။ ။

ခွဲစိတ်ပြီးနောက် အရည်များများသောက်ဖို့ လိုအပ်ပါသည်။ တစ်ရက်ကို အနည်းဆုံး ၁.၅ လီတာမှ ၂ လီတာထိ သောက်သုံးသင့်သည်။ သစ်သီးဝလံနှင့် အရွက် ဖျော်ရည်များများသောက်ပါ။ ကဖင်းဓါတ်ပါသော အချိုရည်များ နှင့် အမျှင်ဓါတ်ပါသော အရည်များကို ရှောင်ပါ။ ကဖင်းသည် အူကိုလှုံ့ဆော်ပြီး ဝမ်းပျက်ခြင်း (ခွဲစိတ်ပြီးနောက်အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခု)ကို ပိုဆိုးရွားစေပါသည်။

• နို့ထွက်ကုန်များ။ ။

ခွဲစိတ်ပြီးနောက်တွင် ခန္ဓါကိုယ်မှ နို့ကို ချေဖျက်နိုင်သော ဓါတ်ကူပစ္စည်း အင်ဇိုင်းသိပ်မထွက်နိုင်သောကြောင့် တစ်နေ့ကို နို့ နှစ်ခွက်ထက်ပိုမသောက်ပါနဲ့။ ထို့ပြင် လတ်တို့စ်ဓါတ်ကိုချေဖျက်ပေးသော အင်ဇိုင်းပါသည့် lactaid ဆေးပြားကိုလည်း လိုကောင်းလိုနိုင်ပါသည်။ အဆီနည်းသော (သို့) အဆီလုံးဝမပါသော ထုတ်ကုန်များကို ရွေးချယ်ပါ။ အဆီပြည့်ဝသော နို့ထွက်ကုန်များနှင့် ခရင်မ်ပါသောစွပ်ပြုတ်များကို ရှောင်ပါ။

• အစေ့အဆန်၊ ပေါင်မုန့်၊ စီရီယယ်လ်များ။ ။

ဤ အစားအစာများတွင် ပါသော အမျှင်ဓါတ်သည် အူလမ်းကြောင်းတစ်လျှောက် အစာရွေ့လျားမှုကို နှေးကွေးစေသည်။ ထို့ကြောင့် အစပိုင်းတွင် အမျှင်ဓါတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ အစားအသောက်ချက်ပြုတ်ရာတွင် ပေါင်မုန့်ဖြူ၊ ပါစတာခေါက်ဆွဲ၊ ကွတ်ကီး၊ ဘီစကစ်၊ ပြောင်းဖူးမုန့်ဆန်း နှင့် သန့်စင်ထားသော စီရီယယ်လ်များကိုရွေးချယ်သင့်သည်။

• သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ။ ။

စည်သွပ်ဗူးထဲမှ အခွံမပါသော သစ်သီးများ နှင့် ချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များကို ရွေးချယ်ပါ။ သခွားမွှေးသီး၊ ဖရဲသီး နှင့် ငှက်ပျောသီး အစိမ်းများကိုတော့ စားသုံးနိုင်ပါသည်။ အခြား အသီးစိမ်းများကတော့ အမျှင်ဓါတ်များသောကြောင့် ခွဲစိတ်ပြီးခါစတွင် အူမှ ချေဖျက်ဖို့ ခက်ခဲတာကြောင့် မစားသင့်ပါဘူး။

• အသားနှင့် အခြားအသားအစားထိုး စားဖွယ်များ။ ။

အနာကျက်မြန်ရန်နှင့် ရောဂါပိုးများကို တိုက်ထုတ်ရန် ကယ်လိုရီနှင့် အသားဓါတ်ကြွယ်ဝသော အစားအသောက်များကို စားသုံးပါ။ အရေခွံမပါသော ကြက်သား၊ ကြက်ဆင်၊ ငါး၊ အဆီမပါသော အသားများကို စားသုံးပါ။ အဆီများသော ဆီကြော်များကို ရှောင်ပါ။ မကြော်ထားသော ဥများ၊ ဥအစားထိုးစားဖွယ်များ နှင့် တို့ဖူးတို့သည် အသားဓါတ်ကြွယ်ဝစွာ ပါဝင်ပါသည်။

• အခြား ။ ။

ချက်ပြုတ်ရာတွင် ဆီ၊ ထောပတ်များ သုံးမည့်အစား အသားငါးများကို နှပ်ခြင်း၊ ပြုတ်ခြင်း နည်းလမ်းများကို သုံးနိုင်ပါသည်။ အဆီနည်းသော ဟင်းခတ်အမွှေးအကြိုင်များကို ရွေးချယ်ပါ။ တစ်လုပ်စာအနေတော်လေး ယူပြီး ဖြည်းဖြည်း ဝါးစားပါ။

အထက်ပါ စားသောက်ဖွယ်ရာများကို နည်းနည်းနှင့် ခဏခဏ စားခြင်းသည် တစ်နေ့သုံးကြိမ်စာ ခပ်များများစားသုံးခြင်းထက် ပိုပြီး အစာကြေညက်လွယ်ပါတယ်။ အစားစားချိန် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား အချိန်အကြာကြီး မခြားထားပါနဲ့။

ဒီအထူးစားသောက်ပုံစံသည် ခဏတာ နည်းလမ်းဖြစ်ပြီး ဆရာဝန်က ရှေ့ဆက် သင်နဲ့ သင့်တော်တဲ့ စားသောက်ဖွယ်ရာများပါဝင်သော စားသောက်မှုပုံစံကို လမ်းညွှန်ပါလိမ့်မယ်။ မတူညီသော လူနာ တစ်ဦးချင်းစီ၏ လိုအပ်ချက်နဲ့ ကိုက်ညီသော အစားအသောက်ကို ဆရာဝန် နဲ့ တွေ့ဆုံဆွေးနွေး မေးမြန်းသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား

    ကိုယ်အလေးချိန်၊ အစားအသောက်၊ အစာလျှော့စား၊ သစ်သီးတွေ၊ ပရိုတိန်းဓာတ်၊ ဟင်းသီးဟင်းရွက် နေ့လယ်စာ၊ အေးခဲစာ၊ အသင့်စားဆီကြော်မုန့်၊ Junk Food၊

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။

    အားဖြည့်အချိုရည်တွေ အချိုရည် အစားအသောက် ကော်ဖီ ကယ်လ်လိုရီ အစားအစာ ပေါင်မုန့်အဖြူ သံဓာတ် ဆီကြော်စာ အားအင်ကုန်ခမ်းစေ ခန္ဓာကိုယ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား

    ကိုယ်အလေးချိန် တစ်ရက်တာ နှလုံးရောဂါဖြစ်နိုင်ခြေ သွေးတွင်းသကြားဓာတ် ဆာလောင်မွတ်သိပ်မှု အစားအသောက် အာရုံကြောစနစ် အာဟာရဓာတ် သွေးတွင်းသကြားဓာတ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
    ရေးသားသူ Aye Thi Mon

    အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း

    အစားအသောက် ကိုယ်အလေးချိန် ခန္ဓာကိုယ် ကြွက်သား ဦးနှောက် အာဟာရဓာတ် သရေစာစားချင်စိတ်တွေ ကော်ဖီ diet အဆိပ်တောက်တွေ လေ့ကျင့်ခန်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    သင့်အတွက် ရွေးချယ်ထားသည်

    အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read

    ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

    ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

    ပိုးသတ်ဆေးအကြောင်း သောင်းပြောင်းထွေလာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read