backup og meta

နေမကောင်းဖြစ်တာနဲ့ ပဋိဇီဝဆေး သောက်ဖို့လိုသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေမကောင်းဖြစ်တာနဲ့ ပဋိဇီဝဆေး သောက်ဖို့လိုသလား

    ပဋိဇီဝပိုးသတ်ဆေးေတွဆိုတာရောဂါပိုးတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ပြင်းဆေးဝါးတွေအဖြစ် အများစုက နားလည်ထားကြတယ်။ ဒါပေမယ့် သိပ်မသိတာတစ်ခုက ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါတွေကိုပဲ ကုသပေးနိုင်တယ်ဆိုတာပါပဲ။ ရောဂါဖြစ်စေနိုင်တဲ့ပိုးတွေထဲမှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ကွဲပြားသလို သူတို့ကို နှိမ်နင်းကုသရာမှာလည်းဆေးဝါးတွေမတူ၊အာနိသင်တွေမတူကြတာ သိထားသင့်တဲ့အချက်ပါ။

    ဘာဝေဒနာဖြစ်လာလာ ပဋိဇီဝဆေး(antibiotics)တွေသောက်ပစ်လိုက်တာပဲဆိုရင်တော့ အနာတခြားဆေးတခြား အဖြစ်တွေနဲ့ရောဂါတာရှည်ပြီး အားပိုနည်းလာတာပဲ အဖတ်တင်ပါလိမ့်မယ်။ဆေးရဲ့ဘေးထွက်ဆိုးကျိုးကိုရောပေါ့။ နေမကောင်းတာ ဗိုင်းရပ်စ်ကြောင့်လား၊ ဘက်တီးရီးယားကြောင့်လားဆိုတာ ဆရာဝန်က ရောဂါရှာဖွေစစ်ဆေးပေးပါလိမ့်မယ်။ အရေးကြီးတာက ပဋိဇီဝဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မဆင်မခြင်မသောက်ဖို့ပါပဲ။

    လေပြွန်ရောင်ခြင်း၊ နားပိုးဝင်ခြင်း၊ နမိုးနီးယား စတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေအတွက်ပဲ ပဋိဇီဝဆေးတွေကိုသောက်ဖို့လိုတာဖြစ်ပါတယ်။

    အအေးမိတိုင်း တုပ်ကွေးမဟုတ်

    လူတွေက အအေးမိဝေဒနာခံစားနေရတဲ့အချိန် ငါတော့တုပ်ကွေးမိပြီလို့ပြောလေ့ရှိကြတယ်။ အအေးမိတုပ်ကွေးဝေဒနာ ဘာညာရောပြောလေ့ရှိတာကြောင့် အတူတူပဲလို့ အမှတ်မှားကောင်းမှားနိုင်ပါလိမ့်မယ်။ တကယ်တော့ မတူပါဘူး။

    အအေးမိတယ်ဆိုတာ ပိုအဖြစ်များပြီး ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာပါ။ သာမန်အအေးမိလက္ခဏာတွေက အန္တရာယ်ပြင်းထန်တာမျိုးဖြစ်ခဲပါတယ်။ တုပ်ကွေးကတော့ influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာဖြစ်ပြီး ပိုပြင်းထန်နိုင်သလို ကလေးငယ်တွေ၊အသက်ကြီးသူတွေနဲ့ ကိုယ်ခံအားမကောင်းသူတွေမှာဆို အသက်အန္တရာယ်အထိ ရှိနိုင်တဲ့ရောဂါပါ။

    အအေးမိခြင်းနဲ့ တုပ်ကွေး ကွာခြားချက်

    တုပ်ကွေးလက္ခဏာက ချက်ချင်းကြီးအဖျားတက်လာတာ၊ ကြွက်သားတွေအကုန်ကိုက်ခဲလာတာ၊နှာစေး၊လည်ချောင်းနာ၊ချောင်းဆိုးပြီး အိပ်ရာထဲကမထနိုင်အောင်ဖြစ်တတ်ပါတယ်။ အအေးမိဝေဒနာရဲ့အစပျိုးချိန်ကတော့ သူ့လောက်မမြန်ဘဲ လက္ခဏာတွေက နှာခေါင်းနဲ့လည်ချောင်းမှာပဲခံစားရတာပိုများလေ့ရှိပါတယ်။

    အအေးမိတဲ့လက္ခဏာတွေက နှာချေခြင်း၊ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ နှာစေးနှာပိတ်ခြင်းတို့ပါဝင်ပါတယ်။ အဖျားရှိတယ်ဆိုရင်လည်း အဖျားသိပ်မကြီးတတ်ပါဘူး။ ခေျာင်းဆိုးခြင်းကတော့ တစ်ပတ်၊နှစ်ပတ်လောက်အထိ တာရှည်ကျန်ရစ်ခဲ့နိုင်ပေမယ့် အအေးမိဖျားနာ အများစုက (၇)ရက်ကနေ (၁၀) ရက်အတွင်း သက်သာလာတတ်ပါတယ်။ နှာရည်တွေ၊ချွဲတွေက အဝါရောင်ဖြစ်လာတာဟာရောဂါပိုးကို ခန္ဓါကိုယ်ကခုခံနေပြီဆိုတဲ့လက္ခဏာပါ။ ဒါကရောဂါပိုဆိုးလာပြီး ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့လိုအပ်လာတာ မဟုတ်ပါဘူး။

    တုပ်ကွေးလက္ခဏာတွေက အအေးမိခြင်းလို ဖြည်းဖြည်းမဟုတ်ဘဲ အဖျားတက်ခြင်း၊ချမ်းတုန်ခြင်း၊ချောင်းဆိုး၊တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ခေါင်းကိုက်နဲ့နုံးချိခြင်းတို့ကို တစ်ခါတည်းခံစားလိုက်ရတာမျိုးပါ။ အအေးမိခြင်းထက် တုပ်ကွေးကပိုပြင်းထန်ပါတယ်။ ပဋိဇီဝဆေးတွေက အအေးမိတုပ်ကွေးဗိုင်းရပ်စ်အတွက် မထိရောက်နိုင်ပါဘူး။

    ပဋိဇီဝဆေးယဉ်ခြင်းပြဿနာ

    ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲသောက်ပါများလာတဲ့အခါရောဂါပိုးတွေကဆေးကိုခုခံနိုင်လာပြီးဆေးယဉ်ဘက်တီးရီးယားတွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။ ဒါဆိုရင်တော့ ရောဂါပိုးကို တော်ရုံပဋိဇီဝဆေးနဲ့ နှိမ်နင်းဖို့ခက်သွားပါပြီ။

    ဆေးယဉ်စေတဲ့နောက်တစ်ချက်ကဆရာဝန်ညွှန်ကြားတဲ့ ပဋိဇီဝဆေးတွေသောက်တဲ့အခါဆေးညွှန်းအတိုင်းဆေးပတ်လည်အောင်မသောက်ဘဲ တစ်ဝက်တစ်ပျက်မှာရပ်လိုက်တာမျိုးဖြစ်ပါတယ်။ သက်သာလာတာနဲ့ဆေးဆက်မသောက်ဘဲ ရပ်လိုက်ကြတာတွေ များပါတယ်။

    superbugs လို့ခေါ်ကြတဲ့ဆေးမတိုးတဲ့ဘက်တီးရီးယားအဆင့်ကိုရောက်ပြီဆိုရင်တော့ ပဋိဇီဝဆေးနဲ့ ကုသလို့မနိုင်တော့ပါဘူး။ ဒါ့ကြောင့်နေမကောင်းဖြစ်ပြီဆိုတာနဲ့ သိထားသင့်တဲ့၊မမေ့သင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ် –

    • လည်ချောင်းနာတယ်ဆိုတိုင်း ပဋိဇီဝဆေးသောက်စရာမလိုပါဘူး။ အအေးမိလည်ချောင်းနာနဲ့ တုပ်ကွေးကြောင့်လည်ချောင်းနာတာ မတူပါဘူး။
    • ချောင်းဆိုးရင်ကျပ်က ချက်ချင်းမပျောက်နိုင်ပါဘူး၊ အချိန်တစ်ခုတော့ ကြာနိုင်ပါတယ်။
    • ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ သိထားဖို့လိုပါတယ်။ တုပ်ကွေးနဲ့အအေးမိ မသဲကွဲတဲ့အခါတော်ကြာနေပျောက်သွားမှာပါ၊ ဆရာဝန်ပြဖို့မလိုပါဘူးဆိုပြီးပေါ့ဆနေတာမျိုးရှိကြပါတယ်။ အဖျားအရမ်းတက်လာရင်၊ အိပ်ရာထဲကမထနိုင်အောင် ဖျားနာနေရင် အချိန်ဆွဲမနေပါနဲ့။ အအေးမိဝေဒနာက ရက်ပိုင်းလောက်သူ့အချိန်ကုန်ရင် ကိုယ်ခံအားနဲ့တင် သက်သာနိုင်ပေမယ့် တုပ်ကွေးက အသက်အန္တရာယ်အထိပြင်းထန်လာနိုင်ပါတယ်။
    • တုပ်ကွေးဖြစ်လာရင် အိမ်မှာအနားယူပါ။ရောဂါမပြန့်ပွားစေဖို့ ကာကွယ်တဲ့အနေနဲ့ လူများတဲ့နေရာတွေမသွားပါနဲ့။
    • ပဋိဇီဝဆေးတွေကို လိုအပ်လို့သောက်ရပြီဆို အတိအကျမှန်ကန်စွာသောက်ပါ။ ဆရာဝန်ဆေးညွှန်းအတိုင်း ရက်စေ့အောင်သောက်ပါ။ရောဂါသက်သာလာတယ်ဆိုရင်တောင်ဆေးသောက်ဖို့မလိုတော့ဘူးဆိုပြီးမရပ်လိုက်ပါနဲ့။ ညွှန်းတဲ့အတိုင်း ဆုံးအောင်သောက်ပါ။
    • နေမကောင်းဖြစ်ချိန်မှာ လက်ကိုသန့်အောင်ဆေးကြောပါ၊အိပ်ရေးဝအောင်အိပ်ပါ၊အာဟာရပြည့်အောင်စားပါ။ အရမ်းအစားရှောင်ဖို့မလိုပါဘူး၊ပုံမှန်တော့စားလို့ရပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement