ဆောင်းတွင်းကလည်ချောင်းနာတာကိုဖြစ်စေတယ် – လည်ချောင်းနာတာကိုဖြစ်စေတာက ရာသီဥတုအေးတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လည်ချောင်းနာတာတွေရဲ့ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းလောက်က ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်တာပါ။ တကယ့်အကြောင်းအရင်းအမှန်ကတော့ဆောင်းရာသီမှာ အအေးမိတာနဲ့ချောင်းဆိုးတာတွေဖြစ်နိုင်ခြေက အမြင့်ဆုံးမှာရှိနေပါတယ်။ ရာသီဥတုအေးတာက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ပိုမိုတိုးပွားစေတာကြာင့် လည်ချောင်းနာတာ ပိုဖြစ်နိုင်ခြေရှိတာပါ။
လည်ချောင်းနာတာကို ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး –လူတော်ေ်တာ်များများက လည်ချောင်းနာတာကို ကြိုတင်ကာကွယ်လို့မရဘူးလို့ လက်ခံယုံကြည်ထားကြပါတယ်။ အမှန်ကတော့ လည်ချောင်းနာတာက ကာကွယ်လို့မရတာမဟုတ်ပါဘူး။ ကာကွယ်ရခက်တာပါ။ လည်ချောင်းနာတာကိုကာကွယ်ချင်တယ်ဆိုရင်တော့ ဘက်တီးရီးယားတွေ ပြန့်နှံ့မှုကို ကန့်သတ်နိုင်အောင်လုပ်ဖို့ပါ။ လက်တွေကို သန့်စင်အောင်ဆေးကြောတာ၊ အသုံးပြုမယ့်ပစ္စည်းတွေနဲ့ နေအိမ်ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားတွေ ကပ်ညှိနေတာမျိုး မဖြစ်အောင်လုပ်ဆောင်ပြီး လည်ချောင်းနာတာမဖြစ်အောင်ကာကွယ်လို့ရပါတယ်။
ကလေးနဲ့ ဆယ်ကျော်သက်တွေက လည်ချောင်းနာဖြစ်ခဲတယ် –တကယ်တော့ ဒီအယူအဆကမှားပါတယ်။ ကလေးငယ်တွေဟာလူကြီးတွေထက် ကိုယ်ခံအားနည်းတာကြောင့် ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ခုခံနိုင်စွမ်းနည်းကြပါတယ်။ ဒါကြောင့် ကလေးတွေမှာ လည်ချောင်းနာဖြစ်နိုင်ခြေက လူကြီးတွေထက်တောင်များပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။