backup og meta

တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 03/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော်

    တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော် …. ဒီလို ပြောရတာက ကိုယ်တိုင်ရော ချစ်ရတဲ့ မိသားစုဝင်တွေမှာပါ တုပ်ကွေး မဖြစ်အောင် ဂရုစိုက်ဖြစ်စေဖို့ပါ။

    ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာက မိုးတွင်းကာလဆိုရင် တုပ်ကွေး၊ ငှက်ဖျားတွေ စတင်ဖြစ်ပြီး အေးတဲ့ ဆောင်းရာသီ ရောက်ပြီဆို ဒီလို ဖျားနာခြင်းတွေဟာ ပုံမှန်ထက် ပိုပြင်းထန်နိုင်သလို တစ်ဦးကနေ နောက်တစ်ဦး ကူးစက်ဖို့လည်း အရမ်းမြန်တာကို မမေ့သင့်ပါဘူး။

    တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော်

    တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီဖြစ်တာကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ပြောချင်ပါတယ်။ ဆောင်းရာသီမှာ တုပ်ကွေး အဖြစ်များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို တုပ်ကွေးကို ဖြစ်စေတဲ့ ရောဂါပိုးတွေဟာ အေးမြပြီး ခြောက်သွေ့တဲ့ ရာသီမှာ အသက်ရှင်ရ လွယ်ကူသလို ချမ်းစိမ့်တဲ့ လေတွေထဲမှာလည်း အမြဲလိုလို ပါနေတတ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံမှာ ကျန်းမာရေး ဗဟုသုတ နည်းလွန်းတဲ့သူ အများစုရဲ့ လက်ကိုင်ပဝါနဲ့ ပါးစပ်ကို မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးတတ်တဲ့ အကျင့်ဆိုးကြောင့် ပုံမှန်ထက် ပိုပြီး တုပ်ကွေးတွေ အဖြစ်များ နိုင်ပါတယ်။

    အဲ့တော့ တုပ်ကွေးမဖြစ်အောင် ဘယ်လို ပြုမူနေထိုင်ကြမလဲ။

    • တုပ်ကွေး ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် မှန်မှန်ထိုးပါ။ နှစ်တိုင်း ပြန်ပြန် ထိုးပေးဖို့ လိုပါတယ်။
    • အိမ်မှာပဲ ဖြစ်ဖြစ်၊ အပြင်သွားရင် ဖြစ်ဖြစ် လက်သုတ်ပဝါ၊ တစ်သျှူး အမြဲ ဆောင်ထားပါ။ ကိုယ် နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်ကို အုပ်ပါ။ တခြားသူတွေ နှာချေ၊ ချောင်းဆိုးရင်လည်း ကိုယ့် နှာခေါင်းနဲ့ ပါးစပ်ကို ချက်ချင်း အုပ်ပါ။ ကိုယ့်ကျန်းမာရေးအတွက် ဘယ်သူ့ မျက်နှာကိုမှ ထောက်ကြည့်နေစရာ မလိုပါဘူး။
    • ကလေးတွေ နဲ့ အသက်ကြီးတဲ့ သူတွေကို သေချာဂရုစိုက်ပါ။ အထူးသဖြင့် လူစုလူဝေးကြားကို မခေါ်သွားပါနဲ့။
    • အစာ မစားခင်နဲ့ ပစ္စည်း တစ်ခုခု ကိုင်ပြီးတိုင်း လက်ဆေးတတ်တဲ့ အကျင့်လုပ်ပါ။ အပြင်ရောက်နေရင် လက်သန့်စင်ဆေးရည်နဲ့ လက်ကို သေချာ ဆေးပါ။
    • အစာအာဟာရကို သေချာ ဂရုစိုက်ပြီး ပြင်ဆင်ချက်ပြုတ်ပါ။ အပြင်က ယင်နားစာတွေ၊ အာဟာရ မဖြစ်တာတွေ စားတာ ရှောင်ပါ။
    • ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆန်၊ နွားနို့ များများ စားပါ။ မုန့်ပဲသရေစာ အနေနဲ့ အချဉ်ဓာတ် များတဲ့ သစ်သီးတွေကို စားသုံးပေးပါ။ လိုအပ်ရင် ဗီတာမင် စီ အားဆေးတွေကို တစ်နေ့ တစ်လုံးမှီဝဲပါ။
    • အိပ်ချိန်ကို တစ်နေ့ အနည်းဆုံး ၇ နာရီ ရအောင် အိပ်ပါ။
    • အိမ်နဲ့ ကိုယ်အိပ်တဲ့ အခန်းတွေကို ဖုန် မတက်အောင်၊ ခြင် မအောင်းနေအောင် သေချာ သန့်ရှင်းရေး လုပ်ပါ။ ဆေးကြော တိုက်ချွတ်ပါ။
    • လေ့ကျင့်ခန်းလုပ်ပေးပါ။ Gym သွားဖို့ အချိန်မပေးနိုင်ရင် မနက်စောစော ခပ်သွက်သွက် လမ်းလျှောက်ပါ။ ပြေးပါ။ ပိတ်ရက်တွေမှာ ရေကူးတာ၊ စက်ဘီးစီးတာမျိုး လုပ်ပေးပါ။ မိသားစု အတူတကွ အပြင်ထွက်ပြီး လေ့ကျင့်ခန်း လုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။

    ကဲ ဒါဆိုရင် တုပ်ကွေး ရာသီမှာ ကိုယ်ရော ကိုယ့် မိသားစုပါ ကျန်းမာပျော်ရွှင်နေဖို့ မလိုလားအပ်တဲ့ ဖျားနာခြင်းတွေ မဝင်လာအောင် ခုကတည်းက ကာကွယ်ကြဖို့ အကြံပေးလိုက်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 03/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement