ရင်သားကင်ဆာနဲ့ပတ်သက်တဲ့အယူအဆမှား ၉ ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာတစ်ခုအဖြစ် လူသိများကြပေမယ့် သူနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတကပြည့်စုံချင်မှပြည့်စုံပါလိမ့်မယ်။ ရင်သားမှာ အကျိတ်တွေ့မှ ရင်သားကင်ဆာကိုတွေးမိတတ်ကြသလို တစ်ယောက်ပြော၊နှစ်ယောက်ပြော စကားတွေနဲ့ပဲ သိထားကြတာများပါတယ်။ ဗဟုသုတရှိထားကြတဲ့ကျန်းမာရေးလိုက်စားသူတွေတောင်မှ တစ်ခါတလေ ထင်မှတ်မှားနေတဲ့ အသိတွေရှိနေနိုင်ပါတယ်။

ဒါ့ကြောင့် ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ကိုယ်သိထားတာ မှားနေသလား မှန်နေသလားဆိုတာ တစ်ချက်လောက် ဆန်းစစ်ကြည့်လိုက်ပါဦး။

(၁) အမျိုးသမီးတွေမှာပဲ ရင်သားကင်ဆြာဖစ်တယ်

မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သားတစ်ရှူးတွေရှိပါတယ်။ ခန္ဓါကိုယ်ထဲက တခြားတစ်ရှူးတွေနဲ့မတူဘဲ အမျိုးသားတွေရဲ့ရင်သားအတွင်းကဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲလာနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ယှဉ်ရင် ဖြစ်နိင်ခြေ အရမ်းနည်းတယ်၊ဖြစ်ခဲတယ်ဆိုပေမယ့် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။

(၂) ရင်သားမှာ အကျိတ်ဖြစ်လာတာမှ ရင်သားကင်ဆာလက္ခဏာလို့ထင်တယ်

ရင်သားကင်ဆာဖြစ်ရင် ရင်သားအကျိတ်ရှိလာတတ်တာ မှန်ပါတယ်။ ဒါပေမယ့် အမြဲတော့ ဒီလက္ခဏာနဲ့ပဲမဟုတ်ပါဘူး။ပြောင်းလဲလာတဲ့တခြားလက္ခဏာတွေရှိနိုင်သလို အကျိတ်က ချိုင်းအောက်နားပြန်ရည်ကျိတ်တွေထိ ကင်ဆာပျံ့နှံ့လာတတ်ပါတယ်။ ကနဦးအကျိတ်က မသိသာသေးခင်မှာ တခြားနေရာတွေမှာ အကျိတ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် အကျိတ်မရှိဘဲ ရင်သားရောင်ရမ်းလာတာ၊ နာကျင်လာတာ၊ အထိမခံနိုင်တာ၊ ရင်သားထိပ် ရှုံ့ဝင်နေတာ၊ နို့ရည်လိုလို အရည်တွေထွက်လာတာ စတဲ့မူမမှန်လက္ခဏာတွေရှိနိုင်ပါတယ်။ အကျိတ်မရှိတိုင်း ရင်သားကင်ဆာကိုပေါ့ဆနေလို့မရပါဘူး။ပြောင်းလဲလာသမျှလက္ခဏာတွေကို သတိထားပြီးစောစောစစ်ဆေးမှုခံယူပါ။

(၃) ရင်သားကင်ဆာအန္တရာယ်က အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုတို့နဲ့ မဆိုင်ဘူး

ရင်သားကင်ဆာက မျိုးရိုးရှိမှဖြစ်တာ၊ သူ့အလိုလိုဖြစ်တာ၊ အနေအထိုင် အစားအသောက်ဆင်ခြင်လို့ဘာမှမထူးဘူးလို့တွေးကောင်းတွေးမိကြပါလိမ့်မယ်။ အမှန်က ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့အစားအသောက် အားလုံးက ရင်သားကင်ဆာဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ သင့်တင့်တဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့၊ ထိုက်သင့်သလောက် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိဖို့၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ဖို့ ကင်ဆာကာကွယ်ရေးကျန်းမာရေးလမ်းညွှန်ချက်တွေမှာပါရှိပါတယ်။

(၄) ဘရာစီယာဝတ်တာ ရင်သားကင်ဆာဖြစ်စေနိုင်တယ်

ဘရာစီယာအတွင်းခံဝတ်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ ထင်သူတွေရှိပေမယ့် မဟုတ်ပါဘူး။ ဘရာဝတ်တာ ရင်သားရဲ့ပြန်ရည်စနစ်ကို ဖိချုပ်သလိုဖြစ်စေနိုင်ပြီး အဆိပ်အတောက်ဓါတ်တွေပိုများစေတယ်လို့ အယူအဆမှားတတ်ကြပါတယ်။ ဒါပေမယ့် ဘရာဝတ်ရင် ကင်ဆာဖြစ်စေတယ်လို့ တိကျခိုင်မာတဲ့ သိပ္ပံနည်းအရ သက်သေအထောက်အထားမရှိပါဘူး။

(၅) ကိုယ်ဝန်ပျက်ကျဖူးရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်

မဟုတ်ပါဘူး။ ကိုယ်ဝန်ဖျက်ချတာ၊ ပျက်ကျတာက ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ အရင်ကတွေ့ရှိခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းပိုအသေးစိတ်တဲ့လေ့လာမှုတွေအရ ကိုယ်ဝန်ပျက်ကျတာရော၊ ဖျက်ချတာရောက ရင်သားကင်ဆာနဲ့ဆက်နွှယ်မှုရှိတဲ့ အထောက်အထားမတွေ့ရပါဘူး။

(၆)ချွေးနံ့ပျောက်ဆေးသုံးတာ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်

ချွေးနံ့ပျောက်ဆေးတချို့မှာ တာရှည်ခံစေဖို့သုံးတဲ့Parabensတွေက အက်စထရိုဂျင်ဟော်မုန်းလို အာနိသင်ဆင်တူတယ်လို့ အစကတွေ့ရှိခဲ့ပေမယ့်Parabens နဲ့ရင်သားကင်ဆာကြားက ကျိုးကြောင်းဆက်နွှယ်မှုကို အတည်မပြုနိုင်သလို Parabens က ရင်သားအကျိတ်တွေဖြစ်စေနိုင်တယ်ဆိုတာ သက်သေမပြနိုင်ခဲ့ပါဘူး။

(၇) ကိုယ့်ရင်သားကိုယ် စမ်းသပ်ရုံနဲ့ ရင်သားကင်ဆာရှိမရှိစစ်ဆေးဖို့လုံလောက်တယ်

ကိုယ့်ရင်သားကိုယ်စမ်းသပ်ရုံနဲ့ မလုံလောက်ပါဘူး။ရောဂါကိုစောစောသိနိုင်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပေမယ့် တစ်ခါတရံ သိသာတဲ့အကျိတ်မပေါ်ဘဲရောဂါရှိနေနိုင်တဲ့အတွက် အသက် ၄၀ကျော်အမျိုးသမီးတိုင်း ၁နှစ် (သို့) ၂နှစ် တစ်ခါ ရင်သားဓါတ်မှန်စစ်ဆေးမှု (mammogram) ပုံမှန်ခံယူသင့်ပါတယ်။ဒီနေ့အထိကတော့ Mammography ဟာ အကောင်းဆုံးရောဂါ ရောဂါအစောပိုင်းကို စစ်ဆေးနည်းဖြစ်ပြီး ရောဂါလက္ခဏာမပြတဲ့ ကင်ဆာတွေကိုပါ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။

(၈) မျိုးရိုးမရှိရင် ရင်သားကင်ဆာ ကိုယ့်မှာမဖြစ်နိုင်ဘူး

မိသားစုထဲမှာ ရင်သားကင်ဆာမျိုးရိုးရှိရင် ကိုယ့်မှာလည်းဖြစ်နိုင်ခြေအန္တရာယ်များတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မျိုးရိုးမရှိလည်း အမျိုးသမီးတိုင်းဖြစ်နိုင်ခြေရှိနိုင်တယ်လို့မမေ့ပါနဲ့။ ရင်သားကင်ဆာဖြစ်တဲ့အမျိုးသမီး ဆယ်ယောက်မှာ ကိုးယောက်က မျိုးရိုးကြောင့်မဟုတ်တဲ့အတွက် ကိုယ့်မှာကင်ဆာမျိုးရိုးမရှိတာနဲ့ပဲ လက္ခဏာတွေကိုပေါ့ပေါ့ဆဆမနေပါနဲ့။

(၉) ရင်သားသေးတဲ့ အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းတယ်

ရင်သားအရွယ်အစားနဲ့ ရင်သားကင်ဆာ ကြားမှာ ဆက်နွှယ်မှုမရှိပါဘူး။ ရင်သားကြီးလွန်းရင်သာသေးသူတွေထက် စမ်းသပ်စစ်ဆေးရပိုခက်နိုင်ပါသေးတယ်။ ဒါ့ကြောင့် mammogram နဲ့ MRI စစ်ဆေးမှုတွေကိုသာ အားကိုးသင့်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရင်သားကြီးတာသေးတာ ထည့်မတွေးဘဲပြုလုပ်သင့်တဲ့စစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်သင့်တာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရင်သားကင်ဆာ

ရင်သားကင်ဆာက အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာတင် ဖြစ်တာ မဟုတ်ဘဲ အမျိုးသားတွေလည်း သတိထားဖို့ လိုမယ့် ကင်ဆာ အမျိုးအစားပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 4 mins read

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

ကင်ဆာတွေက ကာကွယ်လို့ရပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်နည်းပေမယ့်လည်း ကာကွယ်ထားရင် မမှားတဲ့ ကင်ဆာ အမျိုးအစားတစ်ခုဖြစ်တဲ့ အစာရေမျို ကင်ဆာလေးအကြောင်း ပြောပြပေးပါရစေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဝလွန်ခြင်း, ကျန်းမာရေးစင်တာ အောက်တိုဘာ 13, 2020 . 2 mins read

ကင်ဆာ

ကင်ဆာဆိုတာ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကွဲပွားမှုကြောင့်ဖြစ်လာတဲ့ ရောဂါအမျိုးအစားပါ။ ဆဲလ်တွေ အဆမတန် ကွဲပွားလာတဲ့အခါ တစ်ရှူးတွေ ပျက်စီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read