backup og meta

Cross-Contact ကြောင့်ဖြစ်တဲ့ ဓါတ်မတည့်မှုတွေကို ရှောင်ရှားခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Cross-Contact ကြောင့်ဖြစ်တဲ့ ဓါတ်မတည့်မှုတွေကို ရှောင်ရှားခြင်း

    တစ်ခါတလေမှာတာ့ သင်က သင်နဲ့တည့်တဲ့အစာတွေကိုပဲ စားနေတာပါပဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ။ ရုတ်တရက်ကြီး သင့်မှာ ဓါတ်မတည့်တဲ့ လက္ခဏာတွေပြလာပါတော့တယ်။ ဘာကြောင့် ဒီလိုဖြစ်လာရတာလဲဆိုတာ သင်ကိုယ်တိုင်လည်း နားမလည်ပါဘူး။ ဖြစ်နိုင်တာကတော့ သင်က Cross-contact ရဲ့ သားကောင်ဖြစ်သွားတယ်ဆိုတာပါပဲ။

    Cross- Contact ဆိုတာဘာလဲ။

    Cross-contact ဆိုတာ အစားအစာ နှစ်မျိုးက တစ်ခုနဲ့တစ်ခု ထိတွေ့တဲ့အခါမှာ ရောထွေးသွားတဲ့အခါ ဖြစ်လာတာပါ။ ရလဒ်အနေနဲ့ကတော့ ဒီစားစရာ နှစ်မျိုးဟာ တစ်ခုမှာ တစ်ခုရဲ့ပမာဏတွေပါဝင်ရောထွေးသွားတော့တာပါပဲ။

    ဒီ နှစ်မျိုးထဲက တစ်မျိုးနဲ့ ဓါတ်မတည့်တဲ့သူတွေဟာ ဒီအရာကို စားလိုက်တဲ့အခါ ဓါတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

    Cross-contact ရဲ့ အခြားသော ဥပမာကတော့ မီးဖိုထဲမှာတင်ပြလို့ရပါတယ်။ သင့်အတွက် စားစရာတွေချက်ပြုတ်ပေးနေတဲ့ အိုးခွက်ပန်းကန်တွေဟာ သင်နဲ့ မတည့်တဲ့အရာတွေကို ချက်ပြုတ်တဲ့နေရာမှာ သုံးထားတယ်ဆိုပါစို့။ ချက်ပြုတ်တဲ့အချိန်မှာ ဘယ်လိုပဲ အပူပေးပါစေ။ စားစရာထဲမှာပါတဲ့ ဓါတ်မတည့်တဲ့ပစ္စည်းတွေကတော့ ဒီအတိုင်းကျန်နေပြီး သင်နဲ့တည့်တဲ့ သင့်အတွက် စားစရာတွေဆီ သွားပေါင်းစည်းတော့မှာပါ။

    သင်ကတော့ သင်နဲ့တည့်တဲ့အစာကိုမှာလိုက်ပေမယ့် သင့်အခြေအနေပေါ်မူတည်ပြီး ဓါတ်မတည့်တဲ့ လက္ခဏာတွေ ပြလာနိုင်ပါတယ်။

    ဘယ်လို ရှောင်ရမလဲ။

    အထက်ပါအခြေအနေတွေကို နမူနာယူပြီး ဓါတ်မတည့်တဲ့အရာတွေမပါဝင်တဲ့စားစရာကို ချက်ပြုတ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို နားလည်ထားဖို့လိုပါတယ်။ စားစရာကိုချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းသပ်ရပ်တဲ့ အသုံးအဆောင်တွေနဲ့ ချက်ပြုတ်သင့်ပါတယ်။

    ပြောရမယ်ဆိုရင်တော့ အိုးခွက်ပန်းကန်တွေကို ပူနွေးနေတဲ့ဆပ်ပြာရည်တွေနဲ့ မချက်ခင် အရင်ဆေးကြာသင့်ပါတယ်။ သင့်စားစရာတွေကို ချက်ပြုတ်ပေးမယ့် လူကလည်း Cross-contact ဟာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာကို နားလည်ထားဖို့နဲ့ သင့်စားစရာထဲ အဆိပ်ခတ်သလိုမဖြစ်စေဖို့လည်း သတိထားဖို့လိုပါသေးတယ်။

    ဒါ့အပြင် သင်စားတဲ့နေရာက သန့်ရှင်းနေဖို့လည်း လိုအပ်ပါသေးတယ်။ စားပွဲသို့မဟုတ် ကုလားထိုင်တွေရဲ့ မျက်နှာပြင်တွေမှာလည်း ဓါတ်မတည့်တဲ့ပစ္စည်းတွေ လုံးဝမရှိသင့်ပါဘူး။

    ဒါတွေအားလုံးအပြင် သင်က အပြင်ထွက်စားမယ်ဆိုရင် ပိုပြီးသတိထားစရာတွေရှိလာပါပြိ။ မသွားခင်မှာ သင့်လျော်တဲ့ စားသောက်ဆိုင်ကို အရင်စုံစမ်းပါ။ cross-contact ဖြစ်နိုင်ချေအရမ်းကိုများတဲ့ ဘူဖေးတွေ bakery တွေကို ရှောင်ပါ။ ဒီလိုနေရာတွေမှာက စားစရာတွေကို နီးနီးကပ်ကပ်လေး ထားတာမဟုတ်လား။

    ဆိုင်ကဝန်ထမ်းနဲ့ရော မန်နေဂျာနဲ့ပါ သင့်ပြဿနာကို ပြောပြထားဖို့ လိုကောင်းလိုပါလိမ့်မယ်။ တကယ်လို့ ဓါတ်မတည့်မှုတွေဖြစ်လာပြီဆိုရင် ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်ကို ကြိုပြီးပြင်ဆင်ထားဖို့နဲ့ သင်နဲ့သွားတဲ့သူတွေထဲက တစ်ယောက်ယောက်က ဘာလုပ်ရမယ်ဆိုတာ သိထားဖို့ လိုကိုလိုအပ်ပါတယ။်

    ဒါ့အပြင် ချက်ပြုတ်တဲ့ အိုး၊ ခွက်၊ ပန်းကန်တွေကို သီးသန့်သုံးပေးဖို့ တောင်းဆိုပါ။ သင်ထိုင်လိုက်တဲ့ နေရာဟာ ဓါတ်မတည့်တဲ့ ပစ္စည်းတွေလုံးဝမရှိဘူးဆိုတာ သေချာပါစေ။

    အမြဲသတိရှိပါ။ အရာအားလုံးဟာ ဘာပြဿနာမှမဖြစ်နိုင်ဘူးဆိုတာ သေချာနေရင်တောင် ဒုတိယအကြိမ် စစ်ဆေးတာက အမှားမရှိပါဘူး။ Cross-contact ဆိုတာ လူမျက်စိနဲ့ မြင်နိုင်တာမှ မဟုတ်ဘဲလေ။ ဓါတ်မတည့်စေတဲ့ အစာလေးသေးသေးကတောင် သင့်ကို ဒုက္ခအကြီးကြီး ပေးစွမ်းနိုင်သေးတယ်မဟုတ်လား။

    ဒါပေမဲ့ ပိုပြီး တိကျ မှန်ကန်တဲ့ ပြင်ဆင်မှုတွေနဲ့ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေကိုဆွဲထားပြီးသားဆိုရင်တော့ စားစရာတွေကို အေးအေးချမ်းချမ်းသုံးဆောင်နိုင်မှာပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement