backup og meta

အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

    အရေပြားမှာ အင်ပျဉ်ထ တာက လူတော်တော်များများကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြား အင်ပျဉ်ထတဲ့အခြေအနေချင်းက တစ်ခုနဲ့တစ်ခုမတူညီတတ်ကြပါဘူး။ ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ။ ဒီလိုမျိုးအရေပြားမှာ အင်ပျဉ်ထ တဲ့အခါ ဘယ်လိုလေးတွေလုပ်ရင် သက်သာစေမလဲဆိုတာကို ပြောပြပေးပါရစေ။ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ ကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

    အရေပြားမှာ အင်ပျဉ်ထ တာက ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ၊ ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ။ အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ ကတော့

    အုတ်ဂျုံ

    အုတ်ဂျုံက အရေပြားမှာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံမှုတွေကို လျော့ပါးသက်သာစေနိုင်စွမ်းရှိသလို ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ပျားလိုမျိုး အင်းဆက်ကိုက်ခံရတာကြောင့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ အုတ်ဂျုံက အသင့်တော်ဆုံးပါ။ အုတ်ဂျုံကို ရေနွေးလေးနဲ့ ၁၅ မိနစ် – မိနစ် ၂၀ စိမ်ပြီး အင်ပျဉ်ပေါ်ကို  လူးပေးရမှာပဲဖြစ်ပါတယ်။

    ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်က အရေပြားပြဿနာတော်တော်များများကို သက်သာစေနိုင်တယ်ဆိုတာကို တော်တော်များများသိထားပြီးသား ဖြစ်မယ်ထင်ပါတယ်။ အင်ပျဉ်ထတဲ့အခါမှာလည်း အင်ပျဉ်ဖြစ်နေတဲ့နေရာကို ရှာစောင်းလက်ပပ်အသားနဲ့ ပွတ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က အနာကိုလည်းကျက်စေနိုင်ပါတယ်။

    ပန်းသီးဗီနီကာ

    အရေပြားပြဿနာတော်တော်များများအတွက် ပန်းသီးဗီနီကာကို သုံးလို့ရပါတယ်။ ဝက်ခြံထွက်တဲ့အခါမှာလည်း ပန်းသီးဗီနီကာကို အသုံးပြုပေးလို့ရပါတယ်။ ပန်းသီးဗီနီကာကို ရေနဲ့ ဆတူရောပြီး ဂွမ်းစလေးမှာစွတ်ပြီး အင်ပျဉ်ဖြစ်တဲ့နေရာကို လူးပေးမယ်ဆိုရင် အင်ပျဉ်ကြောင့် ယားယံတာကိုသက်သာစေမှာသေချာပါတယ်။

    မုန့်ဖုတ်ဆော်ဒါ

    မုန့်ဖုတ်ဆော်ဒါကို အရေပြားပြဿနာတော်တော်များများအတွက် အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆော်ဒါက အရေပြားပြဿနာဖြစ်တဲ့နေရာတွေကို ခြောက်သွေ့အောင်လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အင်ပျဉ်ထတဲ့နေရာတွေကို မုန့်ဖုတ်ဆော်ဒါရေဖျော်ပြီး လူးပေးပြီးခြောက်အောင်ထားလိုက်ပါ ပြီးရင်တော့ ရေဆေးချလိုက်ပါ။ အရေပြားယားယံတာကိုသက်သာစေပါလိမ့်မယ်။

    သံလွင်ဆီက အရေပြားကို အစိုဓာတ်ထိန်းပေးသလို အနာကျက်စေနိုင်တဲ့အပြင် အရေပြားကိုလည်း အသစ်ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ချောမွေ့စေပြီး ယားယံမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

    ရေခဲကပ်ပေးပါ

    ရေခဲကပ်ပေးတာကလည်း အင်ပျဉ်ကို တော်တော်သက်သာစေတဲ့နည်းတစ်ခုပါ။ ရေခဲမရှိခဲ့ရင်လည်း ရေအေးဝတ်ကပ်ပေးလို့ရပါတယ်။ အအေးဓာတ်က အရေပြားယားယံတာကို လျော့ပါးသက်သာစေနိုင် ပါတယ်။

    အုန်းဆီနဲ့ လက်ဖက်ဆီ

    အရေပြားမှာ ပွေးတို့ ညှင်းတို့ ပေါက်တဲ့အခါမှာလည်း အရေပြား ယားယံတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး အရေပြား ပြဿနာတွေကြောင့် အရေပြား နီမြန်းယားယံတာမျိုး ဖြစ်မယ်ဆိုရင် မှိုပိုးတွေကို သေစေနိုင်စွမ်းရှိတဲ့ လက်ဖက်ဆီတွေ နဲ့ အုန်းဆီကို ရောစပ်ပေးပြီး လူးပေးလို့ရပါတယ်။

    တမာရွက်

    တမာရွက်က အရေပြားပြဿနာတွေကို တော်တော်လေး သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ တမာရွက်ကို ကြိတ်ခြေပြီးလူးပေးလို့ရပါတယ်။ ဒါကလည်း အင်ပျဉ်သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ဝက်ခြံဖြစ်တဲ့သူတွေအနေနဲ့လည်း တမာရွက်ကို ကြိတ်ခြေပြီး ဝက်ခြံဖြစ်တဲ့နေရာမှာ လူးပေးလို့ရပါတယ်။ တမာရွက်က အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    ငှက်ပျောခွံ

    အရေပြား အင်ပျဉ် ထတဲ့ နေရာတွေကို ငှက်ပျောခွံနဲ့ ပွတ်ပေးတာကလည်း အရေပြားပေါ်က ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အရေပြားပြဿနာတွေဖြစ်တဲ့ အရေပြားယားယံတာ၊ နှင်းခူဖြစ်တာနဲ့ ဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောခွံနဲ့ ပွတ်ပေးလို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement