backup og meta

အစာဓါတ်မတည့်ခြင်း- မိမိကလေး အာဟာရဓါတ်မျှတရေး


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာဓါတ်မတည့်ခြင်း- မိမိကလေး အာဟာရဓါတ်မျှတရေး

    သင့်ရဲ့ကလေးမှာအစာဓါတ်မတည့်တာတစ်မျိုးမျိုးရှိနေပြီဆိုရင် သင်လည်းစိတ်ညစ်ညူးရပါတယ်။ ပထမဆုံးလုပ်ရမှာကတော့ အဲဒီအစာကိုသင့်ကလေးစားနေကြအစားအစာထဲကဖယ်ထုတ်ဖို့ပါပဲ။ ဒါပေမယ့် ဒီလိုလုပ်ခြင်းဖြင့် မိမိကလေးအတွက် အာဟာရဓါတ်ရစရာတွေ အများကြီးလျော့နည်းသွားနိုင်ပါတယ်။ မျှတတဲ့၊ အာဟာရများတဲ့ အစားအစာဟာကလေးတစ်ယောက်ကြီးထွားဖွံ့ဖြိုးဖို့ အင်မတန်အရေးပါပါတယ်။

    သင့်ကလေးရဲ့ ကိုယ်ခန္ဓါဟာကျန်းမာသန်စွမ်းစွာဖွံ့ဖြိုးလာဖို့ အာဟာရဓါတ်တွေ လိုအပ်ပါတယ်။ တချို့အစားအစာတွေကိုခဏလောက်ပဲ ဖြတ်လိုက်တာအတွက်တော့ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် နှစ်ပတ်ကျော်လောက်ဆိုရင်တော့ မိမိကလေးစားလို့မရတာကြောင့် ဖြတ်လိုက်ရတဲ့ အစားအစာတွေနေရာကို ဖြည့်ဆည်းပေးနိုင်ဖို့ စိတ်ချရတဲ့ အာဟာရအစာတွေကို ရှာဖွေရပါမယ်။ အခုဆက်လက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ အစာဓါတ်မတည့်ဖြစ်တတ်တဲ့ ကလေးရဲ့ အာဟာရဓါတ်ကို မျှတအောင် ထိန်းညှိပေးမယ့် နည်းလမ်းတွေပါပဲ။

    နို့မတည့်ခြင်း

    နွားနို့ဟာကလေးငယ်တွေမှာအစာမတည့်မှုဖြစ်ပွားနှုန်းအများဆုံးအစာပါပဲ။ နွားနို့ဟာအရိုးတွေဖွံ့ဖြိုးကြီးထွားဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓါတ်တွေရဲ့ ရင်းမြစ်တခုပါပဲ။ အထူးသဖြင့် ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်တွေမှာပိုအရေးကြီးပါတယ်။ ပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ ပရိုတိန်း၊ ကယ်လ်စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ ၁၂ နဲ့ riboflavin၊ phosphorousစတဲ့ဓါတ်တွေ ဖြစ်ပါတယ်။

    ဒါပေမယ့် မိမိကလေးကိုကယ်လ်စီယမ်ဓါတ်ကြွယ်ဝစေချင်ရင် နို့ထွက်ပစ္စည်းမဟုတ်တဲ့ ကယ်လ်စီယမ်ပါတဲ့ တခြားအစားအစာတွေကျွေးနိုင်ပါတယ်။ သိပ်မငယ်လွန်းရင် စားနိုင်ပါတယ်။ ဥပမာပေးရရင် အသီးအရွက်ဖျော်ရည်တစ်ခွက်မှာ နွားနို့လေးအောင်စလောက်မှာပါတဲ့ ကယ်လ်စီယမ်ဓါတ်တွေ ပါဝင်ပါတယ်။ တနေ့ကိုကယ်လ်စီယမ် ၅၀၀ မီလီဂရမ်လောက်လိုအပ်တဲ့ ကလေးတစ်ယောက်ဟာ အသီးအရွက်ဖျော်ရည်လေးခွက်လောက် သောက်နိုင်ပါတယ်။ ကလေးဟာဒီအရွက်တွေကိုပဲစားပါ့မလား။ ကိစ္စမရှိပါဘူးဆကကျွေးပါ။ ကြိုက်လာပါလိမ့်မယ်။ တခြားရွေးစရာတစ်ခုကတော့ ကယ်လ်စီယမ်ဓါတ်ထည့်ပေးထားတဲ့ စားစရာတွေပါပဲ။ တခါတလေမှာကလေးကို ဖြည့်စွက်စာတွေကျွေးဖို့ လိုအပ်ပါတယ်။ ကလေးဟာ နို့ကိုပဲလိုအပ်နေတဲ့ အရွယ်မဟုတ်ရင်တော့ ဖြည့်စွက်စာမလိုအပ်တော့ပါဘူး။ မိမိရဲ့ကလေးအသက်တစ်နှစ်ကျော်လာရင်တော့ နို့ကိုအစားထိုးသုံးနိုင်တဲ့ အစားအစာတွေကိုပြောင်းလဲရွေးချယ်နိုင်ပါပြီ။ ပဲနို့၊ ဆန်မှုန့်နို့၊ အစေ့ကကြိတ်သောနို့ စတာတွေသောက်နိုင်ရင် ပြောင်းလဲသုံးစွဲနိုင်ပါတယ်။ ဒီအစားအစာတွေမှာ နို့အစားထိုးပစ္စည်းအမယ်တွေ ပါရဲ့လားဆိုတာ သေချာအောင်တော့ အညွှန်းကိုဖတ်ကြည့်စေလိုပါတယ်။

    ဥမတည့်ခြင်း

    ဥနဲ့မတည့်တဲ့ ကလေးများဟာ ဆရာဝန်ကတခြားမှာထားတာမရှိရင် ဥကိုဘယ်လိုပုံနဲ့ဖြစ်ဖြစ် ရှောင်ရပါမယ်။ ဥရဲ့အကာဟာဓါတ်မတည့်ဖြစ်စေတဲ့ အစိတ်အပိုင်းပါပဲ။ ဒါပေမယ့် အကာနဲ့ အနှစ်ဟာသီးခြားခွဲထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ အနှစ်ကိုရွေးထုတ်ရင်တောင် အကာကပရိုတိန်းဓါတ်တွေ ပါလာနိုင်ပါသေးတယ်။ ကြက်ဥမှာ ပရိုတိန်းနဲ့ သံဓါတ်အပြင် biotin၊ folacin၊ pantothenic acid၊ riboflavin၊ selenium၊ vitamins A, D, E, B12စတဲ့ အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ မိမိရဲ့ကလေးဟာ ကြက်ဥကနေမှ မဟုတ်ဘဲတခြားအစာတွေကနေလည်း ပရိုတိန်းဓါတ်ကိုရရှိနိုင်ပါသေးတယ်။ အဲဒါတွေကတော့ နွားနို့၊ အသား၊ ကြက်ဘဲ၊ အစေ့၊ ပဲ စတဲ့ အစားစာတွေပါပဲ။ အဲဒီအစားအစာတွေနဲ့ တည့်မတည့်တော့ သေချာသိရပါမယ်။ အသားမှာ selenium နဲ့ ဗီတာမင် B12၊ ပဲစေ့တွေ အသီးအရွက်စိမ်းတွေမှာfolacin စတဲ့ ဓါတ်တွေ ပါဝင်ပါတယ်။ မိမိကလေးဟာတခြားအစားအစာတွေ စားတတ်တယ်ဆိုရင်တော့ ဒီလိုမျိုးကြက်ဥအစားထိုးစားသောက်မှုပုံစံကို အစားထိုးရွေးချယ်စရာမလိုပါဘူး။

    ဥပါတဲ့ အစားအသောက်ကို ရှောင်တဲ့ကလေးဟာ မရှိမဖြစ် အာဟာရဓါတ်တွေ ဆုံးရှုံးနိုင်ပါတယ်။ ဥပမာပြောရရင် ဂျုံများများနဲ့လုပ်ထားတဲ့ ပစ္စည်းတွေမှာဗီတာမင်ဘီဓါတ်တွေနဲ့ သံဓါတ်တွေ ပါဝင်ပါတယ်။ ဒီလိုပြုလုပ်ထားတဲ့ စားစရာတွေကိုရှောင်တဲ့ကလေးဟာကယ်လိုရီဓါတ်၊ ဗီတာမင်ဘီအုပ်စု၊ သံဓါတ်နဲ့ တခြားအာဟာရဓါတ်တွေကိုရရှိဖို့ တခြားဥမပါတဲ့ စားစရာတွေ စားဖို့ လိုအပ်ပါတယ်။

    မြေပဲနှင့် ပဲအမျိုးမျိုးမတည့်ခြင်း

    မြေပဲဟာကလေးတွေအတွက် ပရိုတိန်းဓါတ်ကောင်းကောင်းပါတဲ့ အစားအစာပါပဲ။ ဒါပေမယ့် မိမိကလေးဟာဘယ်ပဲကိုဖြစ်ဖြစ် ရှောင်ဖို့လိုလာရင် မကျွေးမိတာအကောင်းဆုံးပါပဲ။ ဖော်ပြခဲ့ပြီးတဲ့အတိုင်းပရိုတိန်းများများပါတဲ့ အစားအစာတွေ အများကြီးပါပဲ။ မြေပဲမှာ ပါဝင်တာတွေကတော့ niacin၊ magnesium၊ vitamins E and B6၊ manganese၊ pantothenic acid၊ chromium၊ folacin၊ copper နဲ့ biotinစတဲ့ အာဟာရဓါတ်တွေဖြစ်ပါတယ်။ အဲဒီဗီတာမင်နဲ့ အာဟာရဓါတ်တွေကိုတခြားစားစရာတွေကနေလည်းရရှိနိုင်ပါတယ်။

    ပဲပိစပ်မတည့်ခြင်း

    ပဲပိစပ်ဟာ ကလေးတွေအတွက် ပရိုတိန်းအကြွယ်ဝဆုံး စားစရာတခုပါပဲ။ ပဲပိစပ်မှာ thiamin၊ riboflavin၊ iron၊ phosphorus၊ magnesium၊ calcium၊ zinc နဲ့ vitamin B6 စတဲ့ဓါတ်တွေ ပါဝင်ပါတယ်။ ပဲပိစပ်နဲ့ အဓိကလုပ်တဲ့ စားစရာတွေမှာတွေ့နိုင်ပါတယ်။ ပဲပိစပ်အဓိကမပါတဲ့အစာတွေမှာတော့ ဒီလောက်များများမပါနိုင်ပါဘူး။ မိမိကလေးဟာပဲပိစပ်မပါတဲ့ စားစရာတွေကိုပဲ စားသုံးရပေမယ့် တခြားအသီးအနှံတွေ အစေ့အဆန်တွေစားနိုင်ရင် ပရိုတိန်းဓါတ်ရနိုင်တာမို့ အာဟာရပြဿနာမရှိနိုင်ပါ။

    ဂျုံမတည့်ခြင်း

    ဂျုံနေရာမှာတခြားအစေ့အဆန်နဲ့ အစားထိုးနိုင်ပါတယ်။ ပြောင်းဖူး၊ ဆန်၊ ဘာလီ၊ မြင်းစားဂျုံစတဲ့ အစေ့အဆန်တွေကတော့ ဓါတ်မတည့်တာမရှိသလောက်ပါပဲ။ ဒါပေမယ့် အဲဒီအစေ့အဆန်တွေဟာ ဂျုံနဲ့လည်းထိတွေ့နိုင်ခြေရှိလို့ သတိထားရွေးချယ်ဖို့လိုပါတယ်။ ကောင်းမွန်တဲ့ အစေ့အဆန်တွေကိုသေချာရွေးချယ်သင့်ပါတယ်။ ဂျုံမှာတခြားအပိုအာဟာရဓါတ်တွေ ပါဝင်ပါတယ်။ အစေ့ကြိတ်စဉ်မှာအရေးကြီးတဲ့ အာဟာရဓါတ်တွေ ပါသွားနိုင်တာကြောင့် အာဟာရဓါတ်ကြွယ်ဝတဲ့ အစေ့အဆန်တွေကို ရွေးချယ်ဖို့လိုပါတယ်။

    အာဟာရဓါတ်ကောင်းကောင်းပါနေတဲ့ အစေ့အဆန်တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးကို တနပ်ထဲမှာစားသုံးလိုက်ရင် အရေးပါတဲ့ ဗီတာမင်ဘီအုပ်စု၊ သံဓါတ်နဲ့ folacinစတာတွေ ရရှိနိုင်ပါတယ်။ သင့်အနေနဲ့ ဂျုံမှန့်နဲ့ အာဟာရဓါတ်တူညီတဲ့ တခြားဖြည့်စွက် အမှုန့်တမျိုးမျိုးကို အစားထိုးသုံးနိုင်ပါတယ်။ ဒါပေမယ့် အစားထိုးသုံးလိုက်ရင် ပါဝင်ပစ္စည်းအပြောင်းအလဲတော့ ရှိနိုင်ပါတယ်။ ဘာတွေပါဝင်တယ်ဆိုတာ သေချာလေ့လာခြင်းအားဖြင့် အကောင်းဆုံးကိုရွေးချယ်နိုင်ပါလိမ့်မယ်။

    ငါးမတည့်ခြင်း

    ငါးဟာပရိုတိန်းဓါတ် ကောင်းကောင်းရတဲ့အစာဖြစ်ပါတယ်။ ငါးမှာniacin၊ vitamins B6၊ B12၊ A၊ Eစတဲ့အာဟာရတွေ ပါဝင်ပါတယ်။ ဒါ့အပြင် phosphorus၊ selenium၊ magnesium,၊ iron နဲ့ zinc စတဲ့ဓါတ်ပစ္စည်းတွေ ပါဝင်ပါသေးတယ်။ တကယ်လို့ မိမိကလေးဟာ ငါးမတည့်လို့ ရှောင်ရရင် အာဟာရဓါတ်တူညီတဲ့ တခြားအသား၊ ငါးအစေ့အဆန်တွေနဲ့ပဲအမျိုးမျိုးကိုကျွေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement