backup og meta

ဓါတ်မတည့်မှုဖြစ်စေသော အရာများကို တိုက်ထုတ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓါတ်မတည့်မှုဖြစ်စေသော အရာများကို တိုက်ထုတ်ခြင်း

    နှစ်စဉ်နှစ်တိုင်း နွေဦးရာသီ (ဖေဖော်ဝါရီလ) တွင် လေထဲတွင် ဝတ်မှုန်များပြန့်နှံ့မှုများ စတင်လာပြီး ဓါတ်မတည့်မှုများစတင်ဖြစ်လာကြောင်းတွေ့ရသည်။

    မြက်ပင်၊ ပေါင်းပင်နှင့် အခြားသော သစ်ပင်များရှိ ဝတ်မှုန်များသည် နွေဦးနှင့်နွေရာသီတွေ ကြွေကျပြီး လေထဲတွင်ပြန့်နေတတ်ကြသည်။ ၎င်းတို့ကို ရှုမိသောအခါ ကိုယ်ခံအားစနစ်မှ ဓါတ်မတည့်သော တုန်ပြန်မှုကို ပြုခြင်းဖြစ်သည်။

    ထိုသို့ဓါတ်မတည့်ခြင်းကို Hay fever ဟုလည်းခေါ်သည်။ အခြားသော ဓါတ်မတည့်မှုများမှာ ဖုန်မှုန့်နှင့် တိရိစ္ဆာန်များမှ မျက်စိနှင့် မမြင်ရသော ပိုးကောင်ငယ်လေးများနှင့် ဓါတ်မတည့်ခြင်းဖြစ်သည်။

    ၁။ အိမ်ပြင်သို့ မကြာခဏထွက်ခြင်းကိုရှောင်ကျဉ်ပါ။

    နွေဦးရာသီ တွင်လေထဲတွင်ပြန့်နေသော သန်းနှင့်ချီသောဝတ်မှုန်များသည် နှာခေါင်းထဲမှတဆင့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ထဲသို့ရောက်ရှိပြီး ဓါတ်မတည့်မှုများစတင်လာရသည်။

    ထို့ကြောင့် အထူးသဖြင့် ဝတ်မှုန်များချိန်ဖြစ်သော လေတိုက်သောနေ့များနှင့် မနကစောစောအချိန်များ တွင်အိမ်ထဲတွင်နေသင့်သည်။ အပြင်ထွက်ရမည်ဆိုပါက သင့်မျက်လုံးကိုကာကွယ်ရန် မျက်မှန်တပ်ဆင်ပါ။

    မြက်ရိတ်ခြင်း ၊ ပေါင်းသင်ခြင်း နှင့်ပန်းခြံထဲတွင် အလုပ်လုပ်ရလျှင် နှာခေါင်းစည်းများတပ်ဆင်ထားပါ။ အခြားသော ကာကွယ်သည့်နည်းလမ်းများကို သိရှိရန် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

    ၂။ ဆေးလိပ်ဖြတ်ပါ။

    ဆေးလိပ်သောက်ခြင်းသည် သင့်ဓါတ်မတည့်မှု လက္ခဏာများကိုပိုဆိုးစေသည်။ ထို့ကြောင့် သင်နှင့် သင့်ပတ်ဝန်းကျင်အနီးရှိသူများ ဆေးလိပ်သောက်နေပါက ချက်ချင်းပင်ဆေးလိပ်ဖြတ်ရန် လိုအပ်ပါသည်။

    ၃။ သင့်ကိုယ်သင် စောစီးစွာကာကွယ်ပါ။

    သင်သည် နှာစေးခြင်း၊ နှာချေခြင်းတိုကမဖြစ်မီ ဆေးကို ကြိုသောက်ထားခြင်းဖြင့် ဆိုးရွားသော အခြေအနေများမှ ကာကွယ်နိုင်သည်။ သို့သော် ထိုသို့ဆေးသောက်ထားသော်လည်း ဓါတ်မတည့်သောရာသီမတိုင်မီ ၁ပတ်ခန့်တွင် အနည်းငယ်မျှ နှာချေခြင်းဖြစ်နိုင်ပါသေးသည်။

    ၄။ သဘာဝဆေးဖက်ဝင်ပင်များဖြင့် ကုသပါ။

    အချို့သော ဆေးဖက်ဝင်အပင်များက ဓါတ်မတည့်မှုလက္ခဏာများကို သက်သာစေသည်။ ဆေးဖက်ဝင် ခံျုနွယ်ပင်များသည် ကောင်းကျိုးရှိသည်ဟုဆိုသော်လည်း လေ့လာမှုများလိုသေးသည်။ ကညာကဝေပင်နှင့် တရုတ်ဆေးပင်တို့ကို ပေါင်းစပ်ထားသော ဘီမင် တရုတ်ရိုးရာတိုင်းရင်ဆေးကို တနေ့လျှင် ၅ကြိမ် နှင့် ၁၂ပတ်တိတိသောက်ပါက ဓါတ်မတည့်မှုများ လျော့နည်းနိုင်သည်ဟုဆိုသည်။

    သို့သော်ထို ဘီ်မင်တရုတ်ဘယဆေးသည် ထပ်တရာပန်းဝါ၊ပေါင်းပင်များနှင့် ဓါတ်မတည့်သူများတွင် မသောက်သုံးသင့်ကြောင်းနှင့် ဆီးချိုရောဂါရှိသူများတွင် အကျိုးမရှိကြောင်းတွေ့ရသည်။ ဆေးဖက်ဝင်အပင်များသည် ကောင်းကျိုးများရှိနိုင်သော်လည်း တိကျသော လေ့လာမှုများမရှိသေးသောကြောင့် ရေရှည်သောက်သုံးပါက ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ကြောင်းသတိပြုပါ။

    ၅။ သင့်အိမ်ကို သန့်ရှင်းအောင်ထားပါ။

    ရိုးရှင်သော နည်းလမ်းသည်လည်း သင့်ကို သက်သာစေသော အကြောင်းများထဲမှ တခုဖြစ်သည်။ ဝတ်မှုန်များနှင့် ထိတွေ့မှုကိုလျှော့ချရန် သင့်အိမ်တံခါးများကိုပိတ်ထားပါ။ ပန်ကာ အစားလေအေးပေးစက်ကို သုံးခြင်းက ပြင်ပမှလေများကို အထဲသို့ဝင်မလာနိုင်အောင်ကူညီပေးသည်။

    သင့် ဖိနပ်များကို အိမ်ပြင်တွင်ချွတ်ပါ။ ဓါတ်မတည့်မှုမှန်သမျှကို အိမ်ထဲတွင်မရှိအောင်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။ သင့်အိမ်လာသော ဧည့်သည်များကိုလည်း ထိုနည်းတူလုပ်ဆောင်စေသင့်သည်။

    ဖုန်မှုန့်များနှင့် ထိတွေ့မှုကိုလျော့နည်းစေရန် ဖုန်မှုန့်များကပ်နေနိုင်သည့် သင်နှင့်နေ့စဉ်ထိတွေ့နေရသော အိပ်ယာ၊ မွေ့ယာနှင့် အိမ်တွင်းပရိဘောဂများကို သန့်ရှင်းအောင်ထားပါ။ သန့်ရှင်းရေးပြုလုပ်ရာတွင် နှာခေါင်းစည်းကို အသုံးပြုပါ။

    အချုပ်ဆိုရသော် ဓါတ်မတည့်မှုများကိုလျော့နည်းစေရန် ဆေးသောက်ရုံနှင့် မလုံလောက်ပါ။ သင့်အိမ်နှင့် ပတ်ဝန်းကျင်ကို လည်းဂရုစိုက်သင့်သည်။ လေပူပေးစက် လေအေးပေးစက်များတွင် ဖုန်မထအောင် သန့်ရှင်းထားရန်လည်းလိုအပ်သည်။

    အဆိုပါ ပတ်ဝန်းကျင်ရှိ ဓါတ်မတည့်စေသော အရာများနှင့် ဆေးလိပ်နှင့် မီးခိုးငွေ့များသည် သင့်အတွက် ဓါတ်မတည့်မှုများကိုဖြစ်စေသော ကြောင့် ထိုအရာများနှင့် အတတ်နိုင်ဆုံးရှောင်ကျဉ်ရန်ကြိုးစားသင့်သည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement