backup og meta

ဓာတ်မတည့်စေတတ်သော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Ye Pyae Hein မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓာတ်မတည့်စေတတ်သော အစားအစာများ

    ဓာတ်မတည့်စေတတ်သော အစားအစာများ ဆိုသည်မှာ ထိုအစားအစာတွင်ပါဝင်သောပရိုတိန်းကို အန ္တရာယ်ရှိသောအရာဟု

    အထင်မှားပြီး ခန္ဓာကိုယ် ခုခံအားစနစ်က ပဋိဇီဝဓါတ်ပေါင်း အင်တီဘော်ဒီများထုတ်ပြီး တိုက်ခိုက်ခြင်းဖြစ်စဉ်ကို ခေါ်ပါသည်။

    ထိုစားမိလိုက်သောအစားအစာတွင် ပါဝင်သော ပရိုတိန်းကိုတိုက်ခိုက်ရာမှ ဓါတ်မတည့်မှု ဖြစ်စဉ်ဖြစ်ပွားသည်။ မည်သည့်အစားအစာကိုမဆို ဓါတ်မတည့်ခြင်းမျိုးရှိနိုင်သော်လည်း အောက်ဖော်ပြပါအစားအစာ(၈)မျိုးသည် အစာ ဓါတ်မတည့်ခြင်း ဖြစ်စဉ်များ၏ ၉၀ ရာခိုင်နှုန်း နီးပါးကိုဖြစ်စေတတ်ပါသည်။ ၎င်းတို့မှာ နွားနို့၊ကြက်ဥ၊မြေပဲ၊အစေ့အဆံ (ဥပမာ-သီဟိုဠ်စေ့၊သစ်ကြားစေ့) ငါး၊ကဏန်း၊ပဲပိစပ်နှင့် ဂျုံတို့ဖြစ်ကြသည်။

    (၁) နွားနို့ နှင့် ဓာတ်မတည့်ခြင်း

    သင်သည် နွားနို့နှင့် ဓါတ်မတည့် သူဖြစ်ပါက နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးခြင်း ရှောင်ကြဉ်သင့်သည်။ နို့ထွက်ပစ္စည်းများသည် ကယ်လ်စီယမ်နှင့် ဗိုက်တာမင်ဒီကြွယ်ဝသဖြင့် ရှောင်ကြဉ်ပါက ထိုအာဟာရဓါတ်များ ကြွယ်ဝသည့်အခြားအစားအစာများ၊ဥပမာ- ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်နှင့် ပဲပိစပ်တို့ကို စားသုံးပေးရန်အရေးကြီးပါသည်။

    တစ်ခုခုကိုမစားမီ ထိုအထဲတွင်ပါသောအရာများကို သတိပြုပါ။ များစွာသော အသင့်စားပြင်ဆင်ပြီးသော အစားအစာများတွင် နို့ပါဝင်တတ်သည်။ တစ်ခါတစ်ရံတွင်ထုတ်လုပ်သူများက အစားအစာသစ်တစ်မျိုး ပြောင်းလဲထုတ်လုပ်သော် ထိုအထဲတွင်သင်နှင့်မတည့်သောနို့ ပါရှိနေနိုင်သည်ကိုသတိပြုပါ။

    နို့နှင့်နို့ထွက်ပစ္စည်းများပါဝင်သောအစားအစာများ

    နွားနို့၊နို့ခဲ၊နို့မှုန့်၊မလိုင်၊မလိုင်လုံး၊ ထောပတ်၊ဒိန်ချဉ်၊ဒိန်ခဲ၊ထောပတ်၊နို့ဆီ၊ ထောပတ်တု၊ ဒိန်ခဲနှင့်ချက်ထားသော ဟင်းလျာများ၊ချောကလက်နှင့် ကရင်မ်ပါမုန့်များ၊ ပူတင်း၊နို့နှစ်မှထုတ်သောကပ်စေးနှဲ၊နို့ရည်ကြည် (whey)မှ ထုတ်သောအစားအစာများ၊ Malt နှင့်ရောစပ်ထားသောနွားနို့။

    ပါဝင်သောဓါတ်ပစ္စည်းများ

    လက်တို့စ်(Lactose)နို့သကြား၊ကစင်ဓါတ်(Casein)၊ လက်အယ်လ်ဗျူမင် (Lactalbumin)၊ လက်တိုဂလိုဗျူလင်(Lacto-globulin)

    စားသုံးသင့်သည့်အစားအစာပုံစံ

    နွားနို့အစား၊ ပဲပိစပ်၊ထမင်းရည်နှင့် ဗာဒံစေ့အနှစ်ရည်တို့ကိုစားပေးပါ။ ထို့ပြင် ယနေ့အခါတွင် နို့မပါသော ရေခဲမုန့်၊ ချောကလက်မုန့်နှင့်တကွ ဒိန်ချဉ်၊ ဒိန်ခဲများလည်း ရရှိနေပါပြီ။

    (၂) ကြက်ဥ နှင့် ဓာတ်မတည့်ခြင်း

    ကြက်ဥအပါအဝင် ဥအမျိုးမျိုးနှင့် ဓါတ်မတည့်မှုကို မွေးကင်းစ ကလေးငယ်များ၊ ကလေးများနှင့် အရွယ်ရောက်စ လူငယ်များတွင် တွေ့ရသည်။ ကြက်ဥနှင့် ကြက်ဥကို အခြေခံသော အစားအစာများ ပါဝင်မှုရှိ၊ မရှိကို သတိပြု၍ ရှောင်ကြဉ်ရပါမည်။

    ကြက်ဥပါဝင်သောအစားအစာများ

    ကြက်ဥ၊ ကြက်ဥအကာ၊ ကြက်ဥကြော်၊ ကြက်ဥအခဲနှင့် အမှုန့်၊ကြက်ဥနှင့် ပြုလုပ်သော ကိတ်မုန့်၊ ကွတ်ကီး၊ ကရင်မ်ပေါင်မုန့်များ၊ ရေခဲမုန့်၊ မီယောနိစ့်၊ ကြက်ဥနှစ်နှင့် ပြုလုပ်သော ဆော့စ်များ။

    ပါဝင်သောဓါတ်ပစ္စည်းများ

    ဂလိုဗျုလင်(Globulin)၊ အယ်လ်ဗျူမင်(Albumin)၊ အေပိုဗိုက်တယ်လီနင် (Apovitellenin)၊ လီဗက်တင် (Livetin)၊ အိုဗယ်ဗျုမင်(Ovalbumin)၊ အိုဗိုမြူစင်(Ovomucin)၊ အိုဗိုဗျူဆွိုက်(Ovomuciod)၊ အိုဗီဗိုက်တယ်လင်(Ovovitellin)၊ ဖော့်စ်ဗီတင်(Phosvitin)။

    စားသုံးသင့်သည့်အစားအစာပုံစံ

    ပါဝင်မည့်ပစ္စည်းများကို သေချာစွာဖတ်ပါ။ ဥပမာ- ကြက်ဥ အစားထိုး အစားအစာများတွင်ပင် ကြက်ဥ အကာရည် ပါနေတတ်သည်။

    (၃) မြေပဲ နှင့် ဓာတ်မတည့်ခြင်း

    အစာနှင့်ဓါတ်မတည့်မှုအဓိက ဖြစ်စေသော အစားအစာတစ်ခုဖြစ်သည်။ ဓါတ်မတည့်စေသော ပစ္စည်းများပါဝင်ပြီး ပြင်းထန်၍ အသက်သေစေနိုင် သည်အထိ ဖြစ်စေတတ်ပါသည်။

    မြေပဲပါဝင်သောအစားအစာများ

    မြေပဲဆီ၊ မြေပဲပါသောထောပတ်၊ မြေပဲရောစပ်ပါဝင်သော ဂျုံမှုန့်၊ မြေပဲစေ့၊ မြေပဲနှင့် ပြုလုပ်သော ကိတ်မုန့်၊ ဟင်းလျာ၊ ကွတ်ကီးမုန့်၊ သကြားလုံးများ ။

    ပါဝင်သောဓါတ်ပစ္စည်းများ

    မြေပဲမှရသော ပရိုတိန်းကို အပင်မှရသော ပရိုတိန်း(Plant protein)၊ ဟင်းသီးဟင်းရွက်မှရသော ပရိုတိန်း (Vegetable protein) ဟုလည်း ဖော်ပြတတ်သည်။

    အစားအသောက်ပုံစံ

    အစားအစာထုတ်လုပ်ရာတွင် မြေပဲပါဝင်သော အစားအစာများကိုပြင်ဆင် ချက်ပြုတ်ထားသောနေရာများ တွင်အခြားမြေပဲမပါသောအစားအစာများကိုချက်ပြုတ်ပါက မြေပဲအကြွင်းအကျန်များနှင့် ရောနှောထိတွေ့စေနိုင်သည့်အတွက် သတိပြုပါ။

    (၄) အစေ့အဆန်(ဥပမာ သီဟိုဠ်စေ့၊သစ်ကြားစေ့) နှင့် ဓာတ်မတည့် ခြင်း

    အစေ့အဆန်တစ်ခုနှင့် ဓါတ်မတည့်သူသည် အခြားအစေ့အဆန်များနှင့် ဓါတ်မတည့်ခြင်းမျိုး လည်းရှိနိုင်သည့်အတွက် ကျွမ်းကျင်သူများက အစေ့အဆန်မှန်သမျှ ရှောင်ကြဉ်ရန် တိုက်တွန်းတတ် ကြသည်။

    အစေ့အဆန်ပါဝင်သောအစားအစာများ

    ဗာဒံစေ့၊ သီဟိုဠ်စေ့၊ သစ်ချစေ့၊ ပေါဇဲလ်စေ့၊ သစ်အယ်စေ့၊ ထင်းရှုးစေ့၊ သစ်ကြားစေ့ စသည်။

    တစ်ခါတစ်ရံ ကိုယ်လိမ်းအဆီနှင့် ခေါင်းလျှော် ရေများတွင်ပင် အစေ့အဆန်တို့မှ ရယူသော ပစ္စည်းများ ပါဝင်နေတတ်သည်ကို သတိပြုပါ။

    (၅) ငါး နှင့် ဓာတ်မတည့် ခြင်း

    ငါးအမျိုးမျိုးတွင် ပါဝင်သော ပရိုတိန်းဓါတ်သည် အတူတူပဲဖြစ်သဖြင့် မိမိနှင့် ဓါတ်မတည့်သော ငါးအမျိုးအစားကို တိကျစွာ မသိရှိပါက ငါးစားခြင်းမှ ရှောင်ကြဉ်ရန် လိုပါသည်။

    ငါးပါဝင်သောအစားအစာများ

    ငါးပါဝင်သော ဟင်းလျာ၊ အသုပ်၊ မုန့်နှင့် တို့စားစရာအရာများ။

    ငါးနှင့်ဓါတ်မတည့်သူသည် ပင်လယ်စာဆိုင်များကို ရှောင်ကြဉ်သင့်သည်။ ငါးပါဝင်သော အစားအစာ မဟုတ်စေကာမူ၊ ငါးကိုပြင်ဆင် ချက်ပြုတ်ထားသောဆီ၊ ဟင်းခတ်မှုန့် စသည်တို့နှင့် ထိတွေ့မှု ရှိနိုင်သည်ကို သတိပြုပါ။

    (၆) အခွံမာ ရေသတ္တဝါများ နှင့် ဓာတ်မတည့် ခြင်း

    ငါးကဲ့သို့ပင် အခွံမာရေသတ္တဝါမျိုးစုံသည်လည်း တူညီသော ပရိုတင်းရှိကြည်။ သင်သည် ဘယ်အခွံမာ ရေသတ္တဝါနဲ့ မတည့်မှန်း တိကျစွာ မသိလျှင် အကောင်းဆုံးကတော့ အခွံမာရေသတ္တဝါအားလုံးကို ရှောင်တာပဲ ဖြစ်ပါတယ်။

    ဥပမာများ – ကဏန်း၊ပုစွန်လုံး၊ ကမာ၊ဂုံး၊ ပင်လယ်ပုစွန်ထုပ်၊ ကင်းမွန်စသည်တို့သည် လည်းဓါတ်မတည့်မှုကိုဖြစ်စေနိုင်သည့်အတွက် သင့်အနေဖြင့် အခွံမာရေသတ္တဝါနဲ့ ဓါတ်မတည့်သူဖြစ်ပါက သတိပြုဆင်ခြင်ရန်လိုအပ်ပါသည်။

    အစားအသောက်ပုံစံ

    ကြော်ထားသော အစားအသောက်များကို သတိထားပါ။ အချို့ စားသောက်ဆိုင် များတွင် ပုစွန်၊ ကြက်သား၊ အာလူးတို့်ကို တူညီသော ဆီနဲ့ကြော်လေ့ရှိသည်။ ပင်လယ်စာတုများ သည်ပင်လျှင် အခွံမာရေသတ္တဝါ အသားများကို အရသာအနေနဲ့ ထည့်ထားလေ့ရှိပါသည်။ ထို့ကြောင့် မစားမီ ပါဝင်ပစ္စည်းကို အမြဲဖတ်ရှုပါ။

    (၇) ပဲပိစပ် နှင့် ဓာတ်မတည့် ခြင်း

    ပဲပိစပ်ဟူသည်မှာ ပဲမျိုးနွယ်တစ်မျိုးဖြစ်ပါသည်။ အခြားပဲအမျိုးမျိုးမှာ ပဲကတ္တီပါ၊ ပဲနောက်၊ ပဲကြီး၊ ပဲပင်နှင့် တူသော လန်တေးပင်(Lentil)၊ နွယ်ချို၊ မြေပဲတို့ဖြစ်သည်။ အချို့သူများသည် ပဲမျိုးစိတ်တစ်ခုမက ဓါတ်မတည့်ခြင်းမျိုး လည်း ရှိနေနိုင်သဖြင့် သတိပြုစားသောက်ရန် လိုအပ်ပါသည်။

    ပဲပိစပ်ပါဝင်သောအစားအစာများ

    • ပဲပိစပ်ပါဝင်သောနို့၊ အစေ့အဆန်၊ မုန့်၊ ဟင်းလျာများ။

    • မီဆို(Miso) ၊ ပဲပိစပ်ဆော့စ်၊ တိုဖူး၊ ဟင်းရည်အချို။

    ပါဝင်သောဓါတ်ပစ္စည်းများ

    အစားအစာများတွင် ပဲပိစပ်ပရိုတိန်း(Soy Protein) (သို့မဟုတ်) ဟင်းသီးဟင်းရွက် မှရသော ပရိုတိန်း (Vegetable protein)ဟု ဖော်ပြတတ်သည်။

    အစားအသောက်ပုံစံ

    အသင့်စားသုံးရန်ပြင်ဆင်ပြီး အစားအစာများ၊ စွပ်ပြုတ်ရည်၊ ကလေးငယ် များအတွက် ထုတ်လုပ်ထားသော အာဟာရများတွင်ပဲပိစပ် ပါဝင်နေတတ်သည်ကို သတိပြုရန် လိုအပ်ပါသည်။

    (၈) ဂျုံ နှင့် ဓာတ်မတည့် ခြင်း

    ဂျုံပါဝင်သော အစားအစာများသည် အမေရိကန်လူမျိုးများ၏ ပင်မအခြေခံ အစားအစာများဖြစ်သည်။

    ဂျုံပါဝင်သောအစားအစာများ

    ဂျုံမုန့်၊ ဂျုံနှင့် ပြုလုပ်ထားသော စားစရာများ၊ ပေါင်မုန့်၊ ကွတ်ကီး၊ ကိတ်မုန့်၊ ဂျုံနု၊ ကရက်ကားမုန့်၊ ကွေကာ၊ ပါစတာစသည်။

    ပါဝင်ပစ္စည်းများ

    ဂလူတန် (Gluten)၊ Gelatinized starch၊ အသီးအရွက် ပရိုတင်း၊ ဂျုံ ဘရမ် (wheat bran)၊ wheat germ ၊ ဂျုံ ဂလူတန် (wheat gluten)၊vegetable gum ၊အသီးအရွက် ကစီဓါတ်

    အစားအသောက်ပုံစံ

    ပါဝင်အညွှန်းတိုင်းကို သေချာစွာ ဖတ်ပါ။ ရေခဲမုန့်နဲ့ ဆော့စ်ကဲ့သို့သော အစားအစာများတွင်တောင် ဂျုံမှုန့် ပါဝင်နေနိုင်ပါတယ်။ သင့်မှာ ဂျုံဓါတ်မတည့်မှုရှိလျှင် ဂျုံအစား ဆန်၊ ဘာလီ၊ပြောင်း တို့ကို ပြောင်းလဲစားသုံးသင့်ပါတယ်။

    ခုဆိုရင်တော့ ဓာတ်မတည့်စေတတ်သော အစားအစာများ အကြောင်း သေချာနားလည်ပြီလို့ ထင်ပါတယ်။ အစားမတော် တလုပ် ဆိုတဲ့ စကားလေးလည်း ရှိတာမို့ ပိုဂရုစိုက်စားသောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

    ကျန်းမာပျော်ရွှင်ကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement