backup og meta

နှလုံးရောဂါနှင့် လိင်ဆက်ဆံမှု အကြားသိထားသင့်သည့်အချက်များ


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးရောဂါနှင့် လိင်ဆက်ဆံမှု အကြားသိထားသင့်သည့်အချက်များ

    ကာမဆက်ဆံခြင်းသည် နှလုံးရောဂါရှိသည့် သက်ကြီးလူနာများအပါအဝင် လူတို့၏ဘဝတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ကာမဆက်ဆံမှုလျော့နည်းလာခြင်းသည် နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ စိုးရိမ်မှုများသူများတွင် ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေနည်းပါးပါသည်။

    လူအချို့တွင် လိင်ဆက်ဆံနေချိန်တွင် နှလုံးဖောက်ခြင်းခံစားရနိုင်သည်။ သို့သော်နှလုံးဖောက်ခြင်းသည် ကုန်စုံဆိုင်သို့ကားမောင်းနေစဉ်၊ ညနေခင်းသတင်းကြည့်နေစဉ်၊ မြေးများနှင့်ကစားနေချိန်များတွင်လည်း ခံစားရနိုင်ကြောင်း သိထားရန်အရေးကြီးပါသည်။ နှလုံးဖောက်ခြင်းသည် မည်သည့်အချိန်တွင်မဆိုဖြစ်နိုင်သည့်အပြင် အများစုသည် မည်သည့်အားထုတ်မှုမျှမလုပ်ဘဲနှင့် ဖြစ်နိုင်သည်။

    ကံကောင်းစွာဖြင့် လိင်ကိစ္စနှင့်ပတ်သက်၍ ဖြစ်နိုင်ချေနည်းသည်။ လိင်ဆက်ဆံခြင်းသည် နှလုံးကိုညှစ်(အလုပ်ကိုလုပ်)စေနိုင်သော်လည်း လှေခါးတက်ခြင်းနှင့် လမ်းမြန်မြန်လျှောက်ခြင်းကြောင့် နှလုံးဖောက်သည်ထက် ဖြစ်နိုင်ချေနည်းသည်။ စာရင်းများအရ လိင်ဆက်ဆံခြင်းသည် နှလုံးဖောက်ခြင်းရောဂါအားလုံး၏ ၁ ရာခိုင်နှုန်း အောက်သာရှိသည်။ နှလုံးရောဂါအခံရှိသည် လူနာများတွင် လိင်ဆက်ဆံခြင်းသည် ၂ နာရီ အတွင်း နှလုံးရပ်ခြင်းကို တွေ့ကြုံနိုင်သူမှာ ၅၀၀၀၀ တွင် ၁ ယောက်မျှသာ ရှိသည်။ လျှပ်စီးလျှပ်ခြင်းကပင် နှလုံးရောဂါဖောက်နိုင်ချေ ပိုများပါသေးသည်။

    လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရမည့်အချက်များ

    သို့သော်လည်း လူအနည်းငယ်တွင် လိင်ဆက်ဆံနေစဉ်နှလုံးပြဿနာဖြစ်နိုင်သည်။ ဆရာဝန်အများစုမှ သင်သည်လိင်ကိစ္စကို အနည်းဆုံး ယာယီအနေဖြင့် ရှောင်ရှားရမည့်အချက်များကို ပြောပြထားသည်။ ၎င်းတို့မှာ-

    • ရင်ဘတ်အောင့်ခြင်း(သို့) ရင်ဘတ်အောင့်အစပျိုးခြင်း (နှလုံးရောဂါကြောင့်ဖြစ်သည့် ရင်ဘတ်အောင့်ခြင်း)

    • မထိန်းချုပ်နိုင်သောသွေးတိုးရောဂါ (သို့) ဆိုးဝါးသောနှလုံးစွမ်းဆောင်ရည်ကျဆင်းသည့်ရောဂါရှိသည့် လူနာများတွင် လိင်ကိစ္စကိုရှောင်ရှားရမည်။

    • လွန်ခဲ့သော၂ပတ်အတွင် နှလုံးဖောက်ခဲ့ခြင်း

    • နှလုံးစည်းချက်မမှန်ခြင်း (အထူးသဖြင့် နှလုံး သွေးလွှတ်ခန်းများတွင်) နှင့် နှလုံးကြွက်သားအားနည်းခြင်းများသည်လည်း လိင်ကိစ္စကို ယာယီရှောင်ရန်လိုအပ်သည်။

    ဤအခြေအနေအားလုံးသည် နှလုံးဖောက်ခြင်း ဖြစ်ပွားနိုင်ချေကို ပိုမိုတက်စေသည်။ (သို့) လိင်ဆက်ဆံနေစဉ် သေဆုံနိုင်သည်။

    လိင်ဆက်ဆံနေစဉ် သေဆုံနိုင်သည်။ သို့သော် ဤရောဂါများခံစားနေရပါက သင့်၏လိင်မှုဘ၀ အဆုံးသတ်ပြီဟု ဆိုလိုခြင်းမဟုတ်ပါ။ ကုသမှုနှင့်အတူ ဥပမာဆေးဝါးများ၊ သွေးပေါင်ထိန်းခြင်း၊ ရင်ဘတ်အောင့်ခြင်းကို ကာကွယ်ခြင်းတို့ဖြင့် လိင်ကိစ္စအတွက် ပြန်လည်ကျန်းမာလာနိုင်သည်။

    အတွေ့များသောပြဿနာများ

    နှလုံးရောဂါလူနာများတွင် လိင်ဆက်ဆံလိုစိတ် လျော့နည်းခြင်း ခဏခဏဖြစ်သည်ဟု မဆိုလိုပါ။ နှလုံးအခြေအနေသည် အမျိုးသားများတွင် လိင်ဆက်ဆံလိုစိတ် နည်းပါးခြင်းဖြစ်ပေါ်စေသောအခါ ပန်းညှိုးခြင်းကို ဖြစ်စေနိုင်သည်။ အကောင်းဆုံးကုသနည်းမှာ အချိန်ပင်ဖြစ်သည်။ လအနည်းငယ်ကြာလျှင် သင့်စိတ်ဆန္ဒသည်တိုးတက်ကာ ပုံမှန်ပြန်ဖြစ်နိုင်သည်။ သို့သော် အချို့လူနာများတွင် ဆွေးနွေးခြင်း(သို့) ဆေးဝါးများလိုအပ်ပါသည်။

    နှလုံရောဂါရှိသည့်လူနာများ၏ အဖြစ်အများဆုံးပြဿနာများထဲမှ တစ်ခုမှာ နှလုံးရောဂါဆေးများက လိင်မှုဘဝတွင် ခက်ခဲစေသောကြောင့်ဖြစ်သည်။ သွေးတိုးကျဆေးများ ဥပမာ ဆီးဆေး (hydrochlorothiazide နှင့် chlorthalidone) နှင့် beta blockers(carvedilolနှင့် propranolol) များသည် အမျိုးသမီး၊ အမျိုးသားတို့တွင် ကာမဆန္ဒနည်းပါးစေကာ အမျိုးသားများတွင် ပန်းညှိုးခြင်းများဖြစ်စေနိုင်သည်။ Digoxin နှလုံးစည်းချက်မမှန်ရာတွင် သုံးသည့်ဆေးသည်လည်း လိင်မှုဆန္ဒကို နည်းပါးစေသည်။

    ထို့ကြောင့် ထူးခြားသောနှလုံးရောဂါအခြေအနေများတွင် လိင်မှုကိစ္စနှင့် ပတ်သက်၍ အကောင်းဆုံးဖြေရှင်းနည်းအတွက် နောက်ထပ်လေ့လာမှုလိုနေပါသည်။ အထူးသဖြင့် အမျိုးသမီးနှင့် အသက်ကြီးသူများတွင်ဖြစ်သည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement