backup og meta

နှလုံးရောဂါဖြစ်ပွားစေနိုင်သောအလုပ်ဖိအားများ


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးရောဂါဖြစ်ပွားစေနိုင်သောအလုပ်ဖိအားများ

    နှလုံးရောဂါသည် ယနေ့ကမ္ဘာတွင်သေဆုံးမှုများသောရော ဂါများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ် ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ အထူးသဖြင့်ကျန်း မာရေးနှင့်မညီညွှတ်သောနေ့စဉ်နေထိုင်မှုပုံစံကြောင့်ဖြစ်ပါ တယ်။ အဆီများသောအစားအစာစားခြင်း၊ ပုံမှန်လေ့ကျင့် ခန်းမလုပ်ခြင်းကြောင့် အဝလွန်လာကာသွေးတွင်းကိုလက် စထရောကိုမြင့်တက်စေပါတယ်။

    ထို့ပြင်အလုပ်ထဲတွင်စိတ် ဖိစီးမှုများခြင်းကလည်းနှလုံးရောဂါဖြစ်ပွားနှုန်းကိုများစေ နိုင်ပါတယ်။

    အလုပ်တွင်ဖိစီးမှုများခြင်းသည်အလုပ်အလွန်အကျွံလုပ်ခြင်း၊ (သို့)အလုပ်ထဲတွင်ပြဿနာများကိုဖြေရှင်းရန်ခက်ခဲနေခြင်း စသည်တို့ကြောင့်ဖြစ်ပါတယ်။ အလုပ်တွင်စိတ်ဖိစီးမှုများ ခြင်းသည်နှလုံးကိုထိခိုက်စေပါတယ်။ လေ့လာမှုများအရ အလုပ်ဖိစီးမှုများသောလုပ်သားများသည်နှလုံးရောဂါကြောင့် သေဆုံးနှုန်း၂ဆပိုများပြီး လစာနှင့်ခံစားခွင့်နည်းသောလုပ် သားများတွင် ၂.၄ဆပိုများပါတယ်။

    လေ့လာရေးအဖွဲ့သည် စိတ်ဖိစီးမှု၊ သွေးပေါင်ချိန်၊ သွေး တွင်းအဆီဓါတ်နှင့် ကိုယ်အလေးချိန်တို့နှင့်ပတ်သက်သော အချက်အလက်များရရှိရန်မေးခွန်းများ၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာအလုပ်ဖိစီးမှုများသောသူများသည်နှလုံးရော ဂါဖြင့်သေဆုံးရန်လွယ်ကူကြောင်းတွေ့ရပါတယ်။ စိတ်ဖိစီး မှုကိုတုံ့ပြန်ရန် ကိုယ်ခန္ဓါမှဟော်မုန်းများထုတ်ရပါတယ်။ ၎င်းဟော်မုန်းများသည်သွေးတိုးရောဂါကိုဖြစ်စေပြီး သွေး ကြောနံရံတွင်အဆီဖုံးစေကာ နှလုံးရောဂါကိုဖြစ်စေပါတယ်။

    အလုပ်တွင်ဖိအားများခြင်းသည်သွေးတိုးရှိသူ(သို့) နှလုံးရော ဂါရှိသူအတွက်တော့မကောင်းပါဘူး။ လေ့လာသူများသည် နိုင်ငံ၇နိုင်ငံတွင်လေ့လာမှု၁၃ခုဖြင့် နှလုံးရောဂါမရှိသောလူ ပေါင်း၂သိန်းကိုလေ့လာခဲ့ပါတယ်။ ယင်းတို့အနက် ၃၀၂၁၄ယောက်သည်အလုပ်ဖိစီးမှုဒဏ်ကိုခံနေရပါတယ်။

    လေ့လာသူများ၏သုံးသပ်ချက်အရ အလုပ်သမားများ၏ ၃.၄%သည်အလုပ်ဖိစီးမှုဒဏ်ကိုခံရမည့်အခြေအ နေတွင်ရှိပြီး လူတိုင်းသည်အလုပ်တွင်စိတ်ဖိစီးမှုမရှိပါက နှလုံးရောဂါဖြစ်ပွားမှုအခြေအနေကို ၃.၄%ကာကွယ်နိုင်မည် ဟုဆိုထားပါတယ်။

    စိတ်ဖိစီးမှုများကို လမ်းလျှောက်ခြင်း၊ စိတ်ပညာရှင်များနှင့်နှစ်သိမ့်ဆွေးနွေးခြင်းများဖြင့်ဖြေလျော့ နိုင်ပါတယ်။

    အလုပ်ရှိစိတ်ဖိစီးမှုနှင့်ဖိအားများသည်နှလုံးရောဂါဖြစ်ပွားနှုန်း ကိုမြင့်တက်စေပါတယ်။ သို့သော်လည်းယင်းဖိအားများကို ရှောင်လွဲဖို့ရန်မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် စိတ်ဖိစီးမှုများကို ထိရောက်စွာကာကွယ်ဖို့ခက်ခဲပါလိမ့်မည်။ ထိုအစားဆေး လိပ်သောက်သောအလေ့အထကိုပယ်ဖျက်ကာ ပုံမှန်လေ့ ကျင့်ခန်းပြုလုပ်ခြင်း၊ အရာရာတွင်အကောင်းမြင်စိတ်ရှိ အောင်ကြိုးစားခြင်းများပြုလုပ်လိုက်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement