backup og meta

အမျိုးသမီးများတွင် ဖြစ်သော ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများတွင် ဖြစ်သော ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာများ

    အမျိုးသမီးများတွင် ဖြစ်တတ်သော ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာများမှာ အမျိုးသားများနှင့် အမြဲတစေ မတူတတ်ပါ။ ဥပမာ-အမျိုးသားများတွင် ရင်ဘတ်အောင့်ခြင်းဟာ လက်မောင်းတစ်ဖက်ဆီသို့ ကူးပြောင်းသွား တတ်ခြင်းသည် ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာတစ်ခု ဖြစ်ပါတယ်။ သို့သော် အမျိုးသမီးများတွင် ထိုလက္ခဏာများဟာ ဖြစ်နိုင်သော်လည်း တစ်ခါတစ်ရံ အသေးစားမျှသာ ဖြစ်တတ်ပြီး သတိမထားမိပဲ ဖြစ်တတ်ပါတယ်။

    ရုတ်တရက် နှလုံးရပ်ခြင်းဖြစ်ရသော အကြောင်းရင်းများ

    နှလုံးကို ထောက်ပံ့ပေးသော သွေးကြောများတွင် ပိတ်ဆို့မှုဖြစ်သောကြောင့် နှလုံးသို့ သွေးမရောက်သည့်အခါ ရုတ်တရက် နှလုံးရပ်ခြင်းဖြစ်ရပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်သုံးသူများ၊ စိတ်ဖိစီးမှု အရမ်းများသူများ နဲ့ အဝလွန်သူများဟာ ရုတ်တရက် နှလုံးရပ်ခြင်း အန ္တရာယ်ရှိသူများဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမျိုးသမီးများ အသက်ဆုံးရှုံးရသော အချက်ထဲတွင် ထိပ်ဆုံးက ပါဝင်နေပါတယ်။ ထို့ကြောင့် အမျိုးသမီးများရော အမျိုးသားများပါ နှလုံးရောဂါ၏ လက္ခဏာများကို သေချာသတိထားမိဖို့၊ ထိုလက္ခဏာများ ခံစားရပါက ဆရာဝန်ထံ မနှောင့်နှေးဘဲ သွားပြသဖို့၊ ပုံမှန်ဆေးကုသမှု ခံယူဖို့ နှင့် မိသားစုထဲတွင် နှလုံးရောဂါ ရာဇဝင်ကိုလည်း သတိထားဖို့ အရေးကြီးပါတယ်။

    ရုတ်တရက်နှလုံးရပ်ခြင်း၏ လက္ခဏာများ

    -ရင်ဘတ်အောင့်ခြင်း

    ရင်ဘတ်အောင့်ခြင်းဟာ အဖြစ်အများဆုံးသော နှလုံးရောဂါ လက္ခဏာတစ်ခုဖြစ်ပါတယ်။ သို့သော် အမျိုးသမီးများ ကြုံတွေ့ရသော ရင်ဘတ်အောင့်ခြင်း ဟာ အမျိုးသားများနှင့် ကွဲလွဲနိုင်ပါတယ်။ အမျိုးသမီးများတွင် ရင်ဘတ်အောင့်ခြင်းဟာ ရင်ထဲတစ်ခုခု ပြည့်ကြပ်နေသလို၊ ဆွဲညှစ်ထားသလို ဖြစ်ပြီး ရင်ဘတ်၏ ဘယ်ဖက်အခြမ်းတွင် သာမဟုတ်ပဲ နေရာအနှံ့ ဖြစ်နိုင်ပါတယ်။ ထိုလက္ခဏာဟာ အတော်ခံရခက်ပါတယ်။ အချို့ နှလုံးအထူးကုများက အမျိုးသမီးများတွင် ရင်ဘတ်အောင့်ခြင်းသာမက ပျို့ခြင်း၊ အသက်ရှူကြပ်ခြင်း၊ စသော လက္ခဏာများလည်းဖြစ်တတ်သည်ဟု ဆိုပါတယ်။

    – ပျို့ခြင်း၊ အသက်ရှူကြပ်ခြင်း၊ခေါင်းမူးခြင်း

    အကယ်၍ မည်သည့်အကြောင်းမှ မရှိဘဲ အသက်ရှူကြပ်လာပါက၊ ု ထို့ပြင် အခြားသော လက္ခဏာများပါ ခံစားရပါက ရုတ်တရက်နှလုံးရပ်ခြင်းဖြစ်နိုင်ပါတယ်။ အမှန်တကယ် သင်ဟာ ဘာလှုပ်ရှားမှုမှ မလုပ်ထားသော်လည်း မာရသွန်အပြေးပြိုင်ထားသကဲ့သို့ ခံစားရပါလိမ့်မယ်။

    -လက်မောင်း၊ နောက်ကျော၊ လည်ပင်း၊ မေးရိုးနာကျင်ခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း

    ထိုလက္ခဏာများဟာ အမျိုးသမီးများတွင် ပိုဖြစ်လေ့ရှိပါတယ်။ နာကျင်ကိုက်ခဲမှုဟာ ရင်ဘတ်နှင့် ဘယ်ဖက်လက်မောင်းတွင် သာမက မေးရိုး သို့မဟုတ် လည်ပင်း၊ နောက်ကျောတို့တွင်ပါ ခံစားရနိုင်ပါတယ်။ နာကျင်မှုဟာ အနည်းငယ်မှ ပိုနာကျင်လာနိုင်ပါတယ်။ ထို့ပြင် ရုတ်တရက် လည်းနာကျင်နိုင်ပါတယ်။ နာကျင်မှုကြောင့် အိပ်နေရာမှ နိုးလာနိုင်ပါတယ်။ ထို့ကြောင့် နှလုံး အထူးကုဆရာဝန်များက သင့်တွင် နာကျင်ကိုက်ခဲမှုများဟာ ခန္ဓါကိုယ်ခါးအပေါ်ဘက်ပိုင်းတွင် ဖြစ်ခဲ့ပါက ဆရာဝန်များနှင့် ချက်ချင်းသွားပြသရန် ထောက်ခံထားပါတယ်။ ဗိုက်အောင့်ပါက အစာအိမ်ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ ရင်ပူခြင်း၊ တုပ်ကွေးကြောင့် ဖြစ်ခြင်းများ ကြောင့်ဖြစ်သည်ဟုသာ မတွေးပဲ နှလုံးကြောင့်လည်းဖြစ်နိုင်ကြောင်း သတိထားရပါမယ်။ အမျိုးသမီးများတွင် နှလုံးရုတ်တရက် ရပ်ပါက ရင်ဘတ်နှင့် ဗိုက်ပေါ် သတ္တဝါအကြီးကြီးတစ်ကောင် တက်ဖိထားသလို ခံစားရနိုင်ကြောင်း နှလုံး အထူးကုများက ဆိုကြပါတယ်။

    -မောပန်းနွမ်းနယ်ခြင်း

    အမျိုးသမီးများတွင် နှလုံးရုတ်တရက် ရပ်ပါက မည်သည်လှုပ်ရှားမှုမှ မလုပ်ထားသော်လည်း ပြင်းထန်သော မောပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပါတယ်။ ရင်ဘတ်ထဲတွင် မောပန်းနွမ်းနယ်နေတတ်ပြီး မည်သည့်လှုပ်ရှားမှုမျိုးကိုမှ မလုပ်နိုင်ဘဲ ဖြစ်တတ်ပါတယ်။

    -ချွေးစေးများထွက်ခြင်း

    ရုတ်တရက် နှလုံးရပ်ခြင်းကြောင့် ဖြစ်တတ်သော ချွေးစေးထွက်ခြင်းသည် သာမန် လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ရာသီဥတု ပူခြင်းတို့ကြောင့် ချွေးထွက်ခြင်းတို့နှင့် ကွာခြားပါတယ်။ ယခု ချွေးစေးထွက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် ဆက်နွယ်ပါတယ်။

    မိမိကိုယ်မိမိ ဂရုစိုက်ပါ။

    နှလုံးရောဂါ ကို အောက်ပါနည်းလမ်းများနှင့် ကာကွယ်နိုင်ပါတယ်။

    -ဆေးလိပ် ဖြတ်ခြင်း- တစ်နှစ်ခန့် ဆေးလိပ်မသောက်ဘဲ ဖြတ်ထားကြည့်ပါက နှလုံးသွေးကြောကျဉ်း/ပိတ်ဆို့ခြင်း အန္တရာယ်ကို သိသာစွာ လျော့နည်းစေပါတယ်။

    ထို့ပြင် နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်ခြင်းဖြင့် နှလုံးရောဂါ နှင့် လေဖြတ်ခြင်း အန္တရာယ်ကို လည်းလျှော့ချနိုင်ပါတယ်။

    အသားများ ကိုလျော့စားခြင်း၊ အသီးအရွက်များကို တိုးစားခြင်း တို့ဖြင့်လည်း ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံကို ထားရှိသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement