backup og meta

သက်ကြီးဝက်ခြံပေါက်ရခြင်း အကြောင်း ၅ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 05/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်ကြီးဝက်ခြံပေါက်ရခြင်း အကြောင်း ၅ ချက်

    ဝက်ခြံဆိုတာ အရွယ်ရောက်ပြီးသူများ အတွက် နာကျင်မှုဖြစ်စေရုံသာမက အရှက်ရမှုတွေလဲ ဖြစ်စေနိုင်ပါတယ်။ နိုင်ငံတကာ အရေပြားသိပ္ပံဌာနအရ အရွယ်ရောက်လူဦးရေရဲ့ ၄၀-၅၅ % ဟာ ဝက်ခြံပေါက်နေကြပြီး ဆယ်ကျော်သက်အရွယ်တုန်းက ဝက်ခြံပျောက်စေခဲ့တဲ့ ကုထုံးတွေတောင် လူနာအများစု အတွက် အခုချိန်မှာ အကျုံးမဝင်တာ ( သို့) ပိုဆိုးစေနေတာကို တွေ့နေရပါတယ်။ ဒီအခြေအနေဟာ ဘာလို့ အရွယ်ရောက်ပြီးသူတွေမှာ ဝက်ခြံပေါက်ရတာလဲဆိုတဲ့ မေးခွန်းကို ပိုပြီးမေးလာစရာ ဖြစ်လာစေခဲ့ပါတယ်။

    အချို့လူကြီးပိုင်းတွေမှာဆိုရင် အသက် ၃၀၊ ၄၀ ကနေ ၅၀ ထိတောင် ဝက်ခြံပေါက်လို့ကောင်းတုန်း ရှိနေပါသေးတယ်။ အရွယ်ရောက်ပြီးနောက်ပိုင်းမှ ပေါက်သော ဝက်ခြံကို အရေးပြာဆရာဝန်များက သက်ကြီးဝက်ခြံဟု ခေါ်ဝေါ်ညွှန်းဆိုကြသည်။ ဒီဝက်ခြံဟာ အမျိုးသားတွေထက် အထူးသဖြင့် သွေးဆုံးပြီးသူ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံပေါက်စေဖို့ အတွက် အကြောင်းပြချက် အချို့ကတော့

    ဟော်မုန်းအဆင့်များ မညီမျှခြင်း

    ရာသီလာချိန် သို့ ကိုယ်ဝင်ဆောင်စဉ်၊ သွေးမဆုံးမီ၊ သွေးဆုံးပြီး သို့ ကိုယ်ဝန်တားဆေးအပြောင်းအလဲ ( စသောက်တာ သို့ ရပ်လိုက်တာ) စတဲ့အချိန်တွေမှာ ဟော်မုန်းတွေဟာ မတည်မငြိမ်ဖြစ်လာပြီး ဝက်ခြံပေါက်တာကို ဖြစ်စေပါတယ်။

    စိတ်ဖိစီးခြင်း

    စိတ်ဖိစီးခြင်းဆိုတာကတော့ ကျွန်တော်တို့ အခုခေတ် လူနေမှုအသိုင်းအဝိုင်းနဲ့ မကင်းတဲ့ ကိစ္စတစ်ခုပါ။ လက်တလော လေ့လာမှုတွေအရ စိတ်ဖိစီးမှုနဲ့ ဝက်ခြံပေါက်တာဟာ အတော်လေးနီးစပ်ကြောင်း သိရှိရပါတယ်။ စိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါမှာ သွေးထဲမှာ ရှိတဲ့ androgen ဟော်မုန်းတွေဟာ သိသိသာသာ တိုးပွားလာပါတယ်။ ထို ဟော်မုန်းတွေဟာ အရေပြားပေါ်က အဆီအိတ်တွေနဲ့ မွေးညှင်းပေါက်တွေကနေ အဆီထုတ်လုပ်မှုအားကို ပိုကောင်းစေပြီး ဝက်ခြံဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ဝက်ခြံပိုပေါက်ရခြင်းအကြောင်းကို သဘောပေါက်နားလည်စေပါတယ်။

    ဆံကေသာနဲ့ အသားရေထိန်း ထုတ်ကုန်ပစ္စည်းများ

    တချို့ဆံကေသာနဲ့ အသားရေအတွက် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေမှာပါဝင်တဲ့ germ oil, algae extract, carrageenans, red algae, potassium chloride တို့ဟာ ချွေးပေါက်ပိတ်စေပြီး ဝက်ခြံပေါက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အကယ်လို့ သင်ဟာ လူကြီးဝက်ခြံပေါက်ခြင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရသူဆိုလျှင် သင်သုံးနေတဲ့ ဆံကေသာနဲ့ အသားရေထိန်းထုတ်ကုန်တွေရဲ့ ပါဝင်ပစ္စည်းညွှန်းတမ်းတွေကို သေချာဖတ်သင့်ပါတယ်။ ပါဝင်ပစ္စည်းတွေမှာ non-comedogenic၊ ဝက်ခြံမပေါက်စေသော၊ အဆီမပါဝင်သော၊ ချွေးပေါက်မပိတ်စေနိုင်သော ဆိုမှသာ အသုံးပြုသင့်ပါတယ်။

    မျိုးရိုးလိုက်ခြင်း

    လက်တလောလေ့လာတွေ့ရှိချက်တွေအရ တချို့လူတွေမှာ ဝက်ခြံပေါက်ဖို့ကို မျိုးရိုးဗီဇပါလာတာမျိုးလဲ ရှိတတ်ပါတယ်။ အကယ်လို့ သင့်မိဘ၊ အစ်ကို သို့ အစ်မမှာ ဝက်ခြံပေါက်ရင် သင်မှာလဲအဲ့ဒီ ဗီဇပါလာနိုင်ပါတယ်။ ဆိုလိုတာက သင်လည်း ဝက်ခြံပေါက်နိုင်ပါတယ်။

    ဆေးများ၏ ဘေးထွက်ဆိုးကျိုး

    တချို့ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝက်ခြံပေါက်တာကို ဖြစ်စေပါတယ်။ အကယ်လို့ သင့်ဝက်ခြံဟာ သင်သောက်နေတဲ့ ဆေးတစ်မျိုးမျိုးကြောင့်ဖြစ်တယ်လို့ သံသယရှိလျှင် ဆေးကိုညွှန်းလိုက်တဲ့ ဆရာဝန်ဆီသွားပြီး ဒီဆေးဟာဝက်ခြံပေါက်နိုင် မပေါက်နိုင် ဒါမှမဟုတ် ဝက်ခြံပေါက်တာကို ပိုဆိုးစေနိုင်လားဆိုတာကို မေးမြန်းရပါမယ်။ ပိုဆိုးစေတယ်ဆိုရင်တော့ ဒီဆေးကို ရပ်ပစ်သင့်ပြီး နောက်ဆေးတစ်မျိုးပြောင်းသောက်သင့်ပါတယ်။

    သို့ပေမယ့်လည်း ဝက်ခြံဆိုတာ ကျန်းမာရေး အခြေအနေတစ်ခုခုကြောင့်လဲ ဖြစ်နေနိုင်ပါသေးတယ်။ အဲ့ဒီရောဂါအခြေအနေကို ဖော်ထုတ်နိုင်ပြီး ကုသနိုင်ရင် ဝက်ခြံလည်းပျောက်သွားနိုင်ပါတယ်။ သင့်ဝက်ခြံဟာ ပျောက်ကင်းမှုမရှိပဲ ပိုဆိုးလာခဲ့ရင်တော့ အရေပြားဆရာဝန်နဲ့ ဆွေးနွေးဖို့လိုအပ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 05/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement