backup og meta

ဝက်ခြံပေါက်ခြင်းနှင့် ပတ်သက်သော အယူအဆများ


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံပေါက်ခြင်းနှင့် ပတ်သက်သော အယူအဆများ

    ဝက်ခြံပေါက်ခြင်းသည် အဖြစ်အများဆုံးသော အရေပြား ပြဿနာတစ်ခု ဖြစ်သည်။ ယောက်ျား၊ မိန်းမ အားလုံးတွင် ဖြစ်နိုင်သော ရောဂါလည်း ဖြစ်သည်။ ဝက်ခြံသည် လည်ပင်း၊ မျက်နှာ၊ ရင်ပတ်နှင့် ပုခုံးတို့တွင် ပေါက်နိုင်သည်။ ပေါက်သည့်အချိန်တွင် နာကျင်မှုကို ခံစားရနိုင်ပြီး အမာရွတ် ကျန်နိုင်သည်။

    အင်တာနက်တွင် ဝက်ခြံနှင့် ပတ်သက်၍ အယူအဆမှားများ ဖတ်ဖူးသည့်အတွက် သင်စိုးရိမ်နေနိုင်ပါသည်။ မည်သည့် အယူအဆ မှန်ကန်သည်၊ မည်သည့် အယူအဆ မှားသည်ကို သင်မသိပါ။ အောက်ပါတို့သည် ဝက်ခြံပေါက်ခြင်းနှင့် ပတ်သက်သည့် အယူအဆများ ဖြစ်ပါသည်။

    ဆယ်ကျော်သက်များသာ ဝက်ခြံပေါက်သည်

    ဤအရာသည် မမှန်ပေ။ ဝက်ခြံသည် အများအားဖြင့် ဆယ်ကျော်သက်များတွင် အဖြစ်များသော်လည်း လူကြီးများတွင်လည်း ပေါက်နိုင်ပါသည်။ အသက် ၄၀-၅၀ ရောက်သည့်တိုင်အောင် သင့်ဘဝ၏ မည့်သည့် အချိန်တွင်မဆို ဝက်ခြံပေါက်နိုင်ပါသည်။

    အမျိုးသား၊ အမျိုးသမီးပေါင်း တစ်ထောင်ကျော် ပါဝင်ထားသော လေ့လာမှုတစ်ခုတွင် အသက် ၂၀ အရွယ်တွင် ဝက်ခြံပေါက်နှုန်းသည် အမျိုးသမီးများတွင် ၅၀.၉ ရာခိုင်နှုန်း၊ အမျိုးသားများတွင် ၄၂.၅ ရာခိုင်နှုန်းရှိပြီး အသက် ၅၀ အရွယ်တွင် အမျိုးသမီးများတွင် ၁၅.၃ ရာခိုင်နှုန်းနှင့် အမျိုးသားများတွင် ၇.၃ ရာခိုင်နှုန်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

    တစ်ကိုယ်ရည် သန့်ရှင်းမှု မကောင်းခြင်းသည် ဝက်ခြံကို ဖြစ်စေသည်

    ဤအရာသည် အပြည့်အဝ မမှန်ပေ။ သင့်မျက်နှာကို သန့်ရှင်းရေး မလုပ်လျှင် ဝက်ခြံ ပိုပေါက်နိုင်သည်ဟူသော အယူအဆတစ်ခု ရှိသည်။ သင့်မျက်နှာကို ပွတ်တိုက်ပြီး သန့်ရှင်းရေး လုပ်လွန်းလျှင် သင့်ဝက်ခြံသည် ပိုဆိုးသွားနိုင်ပါသည်။

    ဝက်ခြံသည် အရေပြားအောက်တွင် ပေါက်ခြင်းဖြစ်ပြီး သင်သည် မျက်နှာကို အရေပြားပေါ်ကိုသာ သန့်ရှင်းနိုင်သောကြောင့် ဖြစ်သည်။ သင့်မျက်နှာကို သန့်ရှင်းရေးလုပ်ရန် အကောင်းဆုံး နည်းလမ်းမှာ တစ်နေ့လျှင် ၂ ကြိမ် သန့်ရှင်းသောရေနှင့် မျက်နှာသစ်ဆေးကို အသုံးပြုပြီး ညင်သာစွာ သန့်ရှင်းပါ။ မိတ်ကပ်များကိုလည်း သေချာစွာဖျက်ပါ။

    ဝက်ခြံကို အပြီးအပြတ် ပျောက်အောင် မကုသနိုင်ပါ

    လူအများစုတွင် ဝက်ခြံကို ကုသရန် ဆေးဝါးများကို အသုံးပြုကြသည်။ ဝက်ခြံကို ကုသသည့် ဆေးဝါးများသည် သင့်အရေပြားကို ပျောက်ကင်းကောင် ကုသနိုင်ပါသည်။ အရေပြားကို သန့်ရှင်းစေပြီး ဆဲလ်အသေများကို ရှင်းလင်းပေးသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မျက်နှာရှိ ချွေးပေါက်များကို ပိတ်ဆို့နေသော ဆဲလ်အသေများကို ရှင်းနိုင်ပေးနိုင်ပြီး ဝက်ခြံကြောင့် ရောင်နေခြင်းလည်း သက်သာနိုင်သည်။

    ဝက်ခြံသည် တစ်သက်တာလုံး ဖြစ်နေမည့် ရောဂါ မဟုတ်ပါ။ အပျိုဖော်၊ လူပျိုဖော် စဝင်ချိန်တွင် အဖြစ်အများဆုံး ဖြစ်ပါသည်။

    သန္ဓေတားဆေးများသည် ဝက်ခြံကို သက်သာစေသည်

    သန္ဓေတားဆေးများသည် ဝက်ခြံကို တချို့လူများတွင် သက်သာစေသည်။ ရာသီပေါ်ချိန်တွင် ဝက်ခြံပေါ်တတ်သော အမျိုးသမီးများတွင် ထိုဆေးများသည် အရေပြားတွင် အဆီထွက်ခြင်းကို လျော့စေသည့်အတွက် ဝက်ခြံကို သက်သာစေသည်။

    ၎င်းတို့သည် အန်ဒရိုဂျင် ဟော်မုန်းကိုလည်း နည်းစေသောကြောင့် ဝက်ခြံကို သက်သာစေသည်။ သို့သော် ၎င်းသည် ရာသီ မမှန်ခြင်းနှင့် ခေါင်းကိုက်ခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိသည်။ ထို့ကြောင့် လူအနည်းစုသာ ဤဆေးကို အသုံးပြုနိုင်ပြီး ဆရာဝန်၏ ဆုံးဖြတ်ချက်ပေါ်တွင်လည်း မူတည်ပါသည်။

    ချောကလက်သည် ဝက်ခြံကို ပိုဆိုးစေသည်

    ချောကလက်သည် ဝက်ခြံကို ပိုဆိုးစေနိုင်သည်။ တချို့သော လေ့လာမှုများတွင် သကြားနှင့် နို့ထွက်ပစ္စည်းများ ပါဝင်သော အစားအစာများသည် ဝက်ခြံကို ပိုဆိုးစေနိုင်သည်ဟု ဖော်ပြထားသည်။ သို့သော် သက်သေပြချက်များသည် မခိုင်မာပေ။

    ထို့ကြောင့် သင် ချောကလက် စားချင်လျှင် အနက်ရောင် ချောကလက်သည် သင့်အရေပြားနှင့် ကျန်းမာရေးကို အထောက်အကူ ပြုသည့်အတွက် ၎င်းကို ရွေးချယ်နိုင်ပါသည်။

    နေလောင်ခြင်းသည် ဝက်ခြံကို ကုသရာတွင် အထောက်အကူပြုသည်

    ၎င်းသည် တနည်းအားဖြင့် အထောက်အကူ ပြုနိုင်သည်။ သင့်အရေပြားတွင် နေလောင်သောအခါ နီရဲနေသောကြောင့် ဝက်ခြံကို မမြင်နိုင်တော့ပေ။ နေရောင်သည် သင့်အရေပြားကို ခြောက်သွေ့စေသည်။ နေလောင်ခြင်းသည် ဝက်ခြံအတွက် ကုသနေသော တချို့ဆေးများကို အာနိသင် နည်းစေသည်။

    ထို့အပြင် နေရောင်ကိုများစွာ ထိတွေ့ခြင်းသည် အရေပြား ကင်ဆာနှင့် တခြားသော အရေပြား ရောဂါများကို ဖြစ်နိုင်ခြေ များစေပါသည်။

    ဝက်ခြံပေါက်ခြင်းသည် သင့်အရေပြားသာမက သင့်၏ ကျန်းမာရေးကို ပါထိခိုက်စေနိုင်သော အဖြစ်များသော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ဝက်ခြံအကြောင်း သေချာစွာ သိရှိခြင်းသည် စိတ်ဖိစီးမှုကို ထိရောက်စွာ ကုသနိုင်ပါသည်။

    Hello Health Group သည် ကျန်းမာရေး အကြံပြုချက်များ၊ ရောဂါအမည် တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement