backup og meta

လူကြီး ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်း (၅) ဖြာ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီး ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်း (၅) ဖြာ

    လူအများစုသည်ဆယ်ကျော်သက်အရွယ် ကျော်လာသည့်တိုင် ဝက်ခြံအမြောက်အမြား ပေါက်နေကြပါတယ်။ လူကြီးဝက်ခြံဆိုတာဟာ တွေ့ရများတဲ့ အရေပြားပြဿနာတစ်ခုပါ။ လေ့လာမှုများအရ ဝက်ခြံပေါက်ခြင်းသည် အသက် (၁၀)နှစ်မှ (၂၉)နှစ်ကြား လူရွယ်များရဲ့တစ်ဝက်လောက်မှာ တွေ့ရှိရပါတယ်။ ဤဆောင်းပါးတွင် လူကြီးဝက်ခြံပေါက်ခြင်းရဲ့အကြောင်းအရင်း (၅)ဖြာကို ဆွေးနွေးမှာဖြစ်ပါတယ်။

    ရာသီပန်းပွင့်ချိန်ပြောင်းလဲတတ်သောဟော်မုန်းဓါတ်များ

    ဝက်ခြံဟာအသက် (၂၀)မှ (၄၀)နှစ်ကြား အမျိုးသမီးများမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီပေါ်နေချိန်မှာ ခန္ဓါကိုယ်တွင်းဟော်မုန်းဓါတ်များအပြောင်းအလဲရှိလို့ဖြစ်ပါတယ်။ များသောအားဖြင့် ရာသီမပေါ်ခင် (သို့) ရာသီပေါ်ချိန်အစမှာ ဝက်ခြံပေါက်ခြင်းဟာ ပိုမိုဆိုးရွားတတ်ပါတယ်။ ခန္ဓါကိုယ်တွင်းဟော်မုန်းများထွက်ခြင်းကြောင့်ဖြစ်တဲ့ ဝက်ခြံများဟာမဖြစ်အောင်ကာကွယ်ဖို့ ခက်ခဲပါတယ်။ သို့သော်လည်း ဝက်ခြံပျောက်ကင်းစေရန် ဆေးဝါးများ အသုံးပြုနိုင်ပါတယ်။ ဆေးအချိုးအစားအနည်းငယ်သာ ပါသောOestrogen (သို့) Progesterone ကိုယ်ဝန်တားဆေးများ၊ ကျားဟော်မုန်းဓါတ် လျော့နည်းစေသောandrogen ဆန့်ကျင်ဆေးဝါးများ ဖြစ်တဲ့ Spironolactone (သို့) နှစ်မျိုးပေါင်းထားသောဆေးများကို အသုံးပြုနိုင်ပါတယ်။ ဖော်ပြပါသောက်ဆေးများကိုသင့်တော်တဲ့လိမ်းဆေးများနှင့် တွဲသုံးရင် ပိုမိုအဆင်ပြေကောင်းမွန်ပါတယ်။

    စိတ်ဖိစီးမှုရှိချိန်ထွက်လာသောဟော်မုန်းများ(stress hormones)

    Stress Hormones ပမာဏအပြောင်းအလဲဖြစ်ခြင်းဟာ လူကြီးကြားဝက်ခြံပေါက်တဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုရှိချိန်မှာ ခန္ဓါကိုယ်တွင်းရှိအက်ဒရီဂလင်း မှ ဖိစီးမှုဒဏ်ခံနိုင်ရန် Stress Hormone ဖြစ်တဲ့ Cortisol ကိုထုတ်ပေးပါတယ်။ ဒီလိုထုတ်ပေးတဲ့အချိန်မှာ ကျားဟော်မုန်းဓါတ်ဖြစ်တဲ့ Testosterone ကိုလည်း ပမာဏအနည်းငယ် ထုတ်ပေးပါတယ်။ ဒီကျားဟော်မုန်းဟာ အဆီထုတ်ပေးတဲ့ အဆီဂလင်းများကို ပိုမိုဖြစ်ပေါ်စေပြီး ဝက်ခြံပေါက်စေတာပါ။ ဒါကြောင့် သင်စိတ်ဖိစီးမှုရှိနေတဲ့အချိန်မှာ ဝက်ခြံပေါက်ခြင်းကိုခံစားရခြင်းဖြစ်ပါတယ်။

    စားသောက်မှုပုံစံ

    အခြားသောအကြောင်းအရင်းများနှင့်ယှဉ်ရင် စားသောက်မှုပုံစံဟာ လူကြီးဝက်ခြံပေါက်ခြင်းရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အထူးကုဆရာဝန်များက နို့ထွက်ပစ္စည်းများနှင့် ကစီဓါတ် (သကြားဓါတ်) များတဲ့အစားအစာတွေနှင့် ဝက်ခြံပေါက်ခြင်းကြား ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ်။

    ဝက်ခြံပေါက်ခြင်းကို အဓိကဖြစ်ပေါ်စေတဲ့ အစားအစာဟာ အိုင်အိုဒင်းဖြစ်ပါတယ်။ အိုင်အိုဒင်းကို များသောအားဖြင့် အခွံပါတဲ့ ရေနေသတ္တဝါများ ဥပမာ-ကျောက်ပုစွန်၊

    ပုစွန်ဆိတ်၊ ဂဏန်းနှင့် အစိမ်းရောင်ရှိတဲ့ အသီးအနှံများ ဥပမာ-ပင်လယ်ရေမှော် နှင့် ဟင်းနုနွယ်ရွက်များမှာတွေ့ရတတ်ပါတယ်။ အိုင်အိုဒင်းကိုစားပြီး ရက်သတ္တပတ်မှ

    လနှင့်ချီကြာပြီးချိန်မှသာ အရေပြားပေါ် ၌အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါဟာအိုင်အိုဒင်းနှင့် အခြားသောဝက်ခြံဖြစ်စေတဲ့ အစားအသောက်တို့ရဲ့ကွာခြားချက်ဖြစ်ပါတယ်။

    ဝက်ခြံထွက်ခြင်းဟာ တစ်ခါတစ်ရံဓါတ်မတည့်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ-ချောကလက်၊ ဆီကြော်များ၊ ပီဇာ၊ ကဖင်းဓါတ်၊ အခွံမာသီးများ၊ နို့ထွက်ပစ္စည်းများနှင့်ဓါတ်မတည့်ရင် ဝက်ခြံထွက်တတ်ပါ တယ်။ များသောအားဖြင့် ဝက်ခြံထပ်မထွက်လာအောင် မိမိနှင့်ဓါတ်မတည့်တဲ့အစားအသောက်များကို ရှောင်ကြဉ်ဖို့ ဆရာဝန်များက အကြံပေးထားပါတယ်။

    အလှကုန်ပစ္စည်းများ

    ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆေး၊ ပါးနီအစရှိတဲ့ အလှကုန်ပစ္စည်းများမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းအချို့ဟာ လူကြီးဝက်ခြံထွက်ခြင်းကို ဖြစ်စေပါတယ်။ ဥပမာအားဖြင့် ‘မွေးညှင်းပေါက်များမပိတ်စေပါ’ဟူသော အမှတ်အသားတံဆိပ်မပါသော မိတ်ကပ်ပစ္စည်းများနှင့် ဆံသပစ္စည်းများမှာ မွေးညှင်းပေါက်များကို ပိတ်စေပြီး အသုံးပြုလိုက်တဲ့ နေရာမှာ အမည်းစက်များ၊ဝက်ခြံများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အကယ်၍ သင်အသုံးပြုနေတဲ့အလှကုန်ပစ္စည်းများဟာ ဝက်ခြံထွက်စေတယ်ဆိုရင် နောက်ထပ်မဖြစ်ပွားအောင် လက်ရှိသုံးနေတဲ့အလှကုန်ပစ္စည်းများ အသုံးပြုခြင်းကို ရပ်လိုက်ပါ။ ဒါ့အပြင် အလှကုန်ပစ္စည်းများကြောင့် ဝက်ခြံထွက်ခြင်းအတွက် Glycolic (သို့) Salicylic acid ပါတဲ့ ကုသမှုမျိုးကို ခံယူရမှာဖြစ်ပါတယ်။

    ပတ်ဝန်းကျင်ညစ်ညမ်းခြင်း

    လေထုညစ်ညမ်းခြင်းဟာ ဝက်ခြံထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေထုညစ်ညမ်းမှုများတဲ့ မြို့ကြီးပြကြီးများမှာေ နထိုင်ရင် သင့်အရေပြားပေါ်ကို ဖုန်မှုန့်နှင့် ဘက်တီးရီးယားပိုးမွှားများ အလွှာတစ်လွှာ ကပ်ငြိနေစေခြင်းကြောင့်ဖြစ်ပါတယ်။ အပြင်ထွက်ပြီးပြန်လာချိန် သင့်မျက်နှာကို တိုနာဂွမ်း (သို့) မျက်နှာသုတ်တဲ့အဝတ်စနှင့် သန့်စင်တဲ့အခါမှာကပ်ငြိနေတဲ့အညစ်အကြေးတွေကို တွေ့မြင်ရမှာဖြစ် ပါတယ်။ သင့်မျက်နှာကို အကာအကွယ်မပါဘဲ အပြင်ထွက်ခြင်းဟာလည်း ဝက်ခြံထွက်လာနိုင်ချေကို ပိုမိုမြင့်မားစေပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement