backup og meta

သွေးတိုးခြင်းနှင့် လိင်မှုကိစ္စ


Dr. Thant Zin မှ ရေးသားသည်။ · 13/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးခြင်းနှင့် လိင်မှုကိစ္စ

    သွေးတိုးရောဂါကြောင့် သွေးကြောတွေ ပျက်စီးလာခြင်းဟာ ကိုယ်ခန္ဓာတစ်လျှောက်ကို သွေးလည်ပတ်မှု ကျဆင်းစေပါတယ်။ ဆီးခုံဝန်းကျင်ကို သွေးလည်ပတ်မှုလျော့ကျသွားခြင်းဟာ အမျိုးသားများရော အမျိုးသမီးများမှာပါ လိင်မှုကိစ္စတွေကို ထိခိုက်မှုဖြစ်စေပါတယ်။

    – ပန်းညှိုးခြင်း။ အမျိုးသားများမှာ သွေးတိုးကြောင့် လိင်မှုကိစ္စကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေရာမှာ အမျိုးသမီးများထက် ပိုဆိုးပါတယ်။ ယောက်ျားတန်ဆာထောင်မတ်ဖို့ သွေးအလုံအလောက်စီးဝင်မှု မရှိတဲ့အခါ ပန်းညှိုးခြင်း ဖြစ်ပေါ်ပါတယ်။

    – လိင်မှုဆန္ဒကျဆင်းခြင်း။ သွေးတိုးရောဂါကြောင့် အမျိုးသမီးတွေမှာ လိင်မှုဆန္ဒ စိတ်မပါဘဲ ဖြစ်တတ်ပါတယ်။

    အမျိုးသားများမှာ ပိုမိုဆိုးရွားတဲ့ ပြသနာတွေ ရှိတာကြောင့် အာရုံပိုစိုက်ကြပါတယ်။

    လူတချို့ဟာ လိင်ဆက်ဆံချိန်မှာ နှလုံးထိခိုက်မှု ဖြစ်မှာ စိုးရိမ်ကြပါတယ်။ တကယ်တော့ ဖြစ်နိုင်ခြေဟာ အတော်လေး နည်းပါတယ်။ လိင်ကိစ္စကြောင့် သွေးပေါင်ချိန် တက်လာပေမယ့် လမ်းလျှောက်စဉ်၊ လှေကားတက်စဉ်မှာ မြင့်တက်တတ်သလောက်ပါပဲ။ ဒါပေမယ့် ပန်းညှိုးခြင်းပြသနာကိုတော့ ကုသရပါမယ်။ သွေးတိုးရော ပန်းညှိုးခြင်းပါ ရှိမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ အဲဒီပြဿနာတွေကို စိတ်အေးအေးထားပြီး ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဆရာဝန်များဟာ ဒီရောဂါတွေကို တွေ့ဖူးနေကြဖြစ်ပြီး ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

    အမေရိကန် ဇရာပိုင်းဆေးပညာအသင်းဂျာနယ်ရဲ့ သုတေသန တစ်ခုမှာ အသက် ၄၀ကျော်အရွယ် အမျိုးသားများရဲ့ ၄၉%မှာ ပန်းညှိုးခြင်း ပြဿနာရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပန်းညှိုးခြင်းဟာ သွေးကြောဆိုင်ရာရောဂါများ၊ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများ၊ တစ်ခါတစ်ရံ စိတ်ဖိစီးမှု၊ စိတ်ကျခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။ သွေးတိုးခြင်းဟာ သွေးလွှတ်ကြောတွေကနေ သွေးများကို ယောက်ျားတန်ဆာဆီ မရောက်အောင် တားဆီးတတ်ပါတယ်။ ယောက်ျားတန်ဆာက ကြွက်သားတွေ ပျော့ပြောင်းမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ယောက်ျားတန်ဆာ ထောင်မတ်စေဖို့ လုံလောက်တဲ့ သွေးစီးဝင်မှု မရှိတော့ပါဘူး။ ဒါ့အပြင် အမျိုးသားများ သွေးတိုးခြင်းဟာ ကျားဟော်မုန်းကို ကျဆင်းစေပါတယ်။ ကျားဟော်မုန်းဆိုတာ အမျိုးသားများ လိင်စိတ်ဆန္ဒနိုးကြားစေရာမှာ အဓိကကျတဲ့ ဟော်မုန်းပဲ ဖြစ်ပါတယ်။

    အချုပ်ပြောရရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံနဲ့ အလုပ်လုပ်ပုံ၊ ဆရာဝန်ရဲ့ အကြံဉာဏ်ကို သေချာလိုက်နာခြင်း စတာတွေဟာ သွေးပေါင်ချိန်ထိန်းနိုင်ဖို့၊ လိင်မှုကိစ္စမှာ ကျန်းမာသန်စွမ်းစေဖို့ အရေးကြီးလှပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 13/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement