လေဖြတ်ရောဂါအတွက် ဘိုးတော့စ်ကို ဘယ်လိုသုံးမလဲ။
ဘိုးတော့စ်ကို အသားထိုးဆေးအဖြစ် အသုံးပြုရပါမယ်။ ဆိုလိုတာက လူနာရဲ့ကြွက်သားထဲကို ဆေးထိုးထည့်ပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဘိုးတော့စ်ထိုးထည့်လိုက်တဲ့အခါ အကြောဆိုင်းပြီး တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြန်လည်ပျော့ပျောင်းလာအောင် ကူညီပေးနိုင်သလို အချို့သော အာရုံကြောတွေကိုလည်း ပိတ်ဆို့ပစ်နိုင်ပါတယ်။ လေဖြတ်ဝေဒနာခံစားခဲ့ရတဲ့ လူနာတွေဟာ ကိုယ်တခြမ်းလုံးက ခြေလက်တွေ တောင့်တင်းနေတဲ့အတွက် နိစ္စဓူဝလုပ်ဆောင်စရာတွေ (ဥပမာ လက်သည်းညှပ်ခြင်း၊အဝတ်အစားလဲခြင်း၊မတ်မတ်ရပ်ခြင်း၊ဟန်ချက်ညီညီလမ်းလျှောက်ခြင်း၊အိပ်ယာပေါ်မှာ ဟိုသည်လှိမ့်ခြင်း စသည်)ကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ ဒီလိုလူနာတွေကို ဘိုးတော့စ်က ကောင်းစွာ ကူညီပေးနိုင်ပါတယ်။ ဘိုးတော့စ်ရဲ့ အကျိုးအာနိသင်ကို နှစ်ပတ်အတွင်း သိသိသာသာ မြင်ရနိုင်ပေမယ့် ဒီအာနိသင်တွေက တာရှည်တော့ မခံပြန်ပါဘူး။
ဘိုးတော့စ်ထိုးခြင်းကို ကိုယ်ခန္ဓါပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေနဲ့ တွဲဖက်အသုံးပြုမှသာ ပိုမိုအာနိသင်ထက်မြက်ပြီး အာနိသင်လည်း ပိုကြာကြာခံမယ်လို့ ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။ သင့်ကြွက်သားတွေရဲ့ ပုံမှန်လှုပ်ရှားလုပ်ဆောင်နိုင်မှုကို ပြန်လည်ရရှိအောင် ဘိုးတော့စ်က ကူညီပေးနိုင်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ ကြွက်သားတွေကို ပိုမိုအဆင်ပြေပြေ လှုပ်ရှားလာနိုင်မှာပါ။ လက်ဆေးခြင်း၊စာရေးခြင်း၊အစာစားခြင်း အစရှိတဲ့ နိစ္စဓူဝပြုဖွယ်တွေဟာလည်း မူလကလိုပဲ သင့်အတွက် ပြန်လည်လွယ်ကူလာမှာပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။