backup og meta

လေဖြတ်သူများကို ပြုစုစောင့်ရှောက်သူများအတွက် နေ့စဉ်ပြုဖွယ်ရာစာရင်း


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အနေနဲ့ လေဖြတ်ပြီး နာလန်ထစ လူနာတယောက်ကို ပြုစုရတဲ့အခါ သင့်ရဲ့အဓိက ဦးတည်ချက်တခုကတော့ လူနာကို တတ်နိုင်သလောက် အမှီအခိုကင်းကင်း ပြန်ပြီး နေထိုင်နိုင်အောင် ဖြစ်ပါတယ်။ ပြုဖွယ်ရာစာရင်းဟာ သင့်ကို ကူညီနိုင်ပါတယ်။

    သန့်ရှင်းရေးလုပ်ခြင်း

    လူနာကို သွားတိုက်နိုင်အောင် ကူညီတဲ့အခါ လက်ကိုင်ရှည်တဲ့ သွားပွတ်တံကို အသုံးပြုပါ။ အလွယ်တကူ ဖွင့်နိုင်တဲ့ သွားတိုက်ဆေးဘူးကို သုံးပါ။ သူတို့ကို လက်တဖက်တည်းနဲ့ သုံးနိုင်ပါတယ်။

    သန့်ရှင်းရေးသုံးပစ္စည်းများ ပုလင်းများကို အလွယ်တကူ ကောက်ယူနိုင်ပြီး လက်တဖက်တည်းနဲ့ သုံးနိုင်အောင် ထားပါ။ စားပွဲပေါ်မှာ စုပ်ခွက်များကပ်ပြီး လုံခြုံစွာထားပါ။ လက်တဖက်တည်းနဲ့ ကိုင်နိုင်ပြီး ၎င်းလက်နဲ့ပဲ ဖွင့်ပတ်လုပ်နိုင်တဲ့ ခရီးဆောင် ဘူးလေးများထဲ အရည်များကိုထည့်ပါ။ လျှပ်စစ်မုတ်ဆိတ်ရိတ်ဆက်ဟာ ဘလိတ်ဓါးထက် ဘေးကင်းပါတယ်။

    ရေချိုးခြင်း

    ရေချိုးကန်ဟာ ရေပန်းနဲ့ချိုးတာထက် ပိုပြီး ခက်ခဲစေပါတယ်။ ရေချိုးကန်သုံးရမယ်ဆိုရင်တော့ အထူးပြုလုပ်ထားတဲ့ခုံကို သုံးသင့်ပါတယ်။ ဘေးအန္တရာယ်ကင်းဖို့အတွက် လက်ကိုင်တန်း၊ မချော်စေတဲ့ကြမ်းခင်း၊ ရေချိုးထိုင်ခုံ၊ လက်ကိုင် ရေပိုက်ခေါင်း စတာတွေ အသုံးပြုသင့်ပါတယ်။

    ရေချိုးထိုင်ခုံပေါ် လူနာမရွှေ့ပြောင်းခင်မှာ လက်တွန်းလှည်းရဲ့ ဘရိတ်တွေ ပိတ်ထားခြင်း ရှိမရှိ စစ်ဆေးပါ။ လူနာအတွက် အချိန်သေချာပေးပါ။ သူ့ဖာသာ ရေချိုးချင်ရင် လိုရင်ကူညီရအောင် အနားမှနေပါ။

    ရေချိုးခန်းသုံးပစ္စည်းများ အသင့်ထားပါ။ လက်ကိုင်ရှည်တဲ့ ဘရပ်ရှ်များသုံးတာ ပိုလွယ်ပါတယ်။ ရေချိုးပြီးချိန်ဝတ်တဲ့ ဝတ်စုံနဲ့ အဖုအထစ်လေးတွေပါတဲ့ ခြေအိတ် ဝတ်ဆင်စေပါ။ ချောမွေ့စေတဲ့ လိမ်းဆေးဆီများဟာ အရေပြားကို ရေမြန်မြန် ခြောက်စေပါတယ်။

    အဝတ်ဝတ်ခြင်း

    လူနာအဝတ်ဝတ်တာကို ကူညီမယ်ဆိုရင် ဘာအရင်လုပ်မယ်ဆိုတာ အရင်ကြိုပြောပါ။ ကိုယ့်ဖာသာလဲမယ်ဆိုရင်လည်း အကူအညီပေးနိုင်အောင် အနားမှာစောင့်ပါ။ ခြေအိတ်၊ ရှူးဖိနပ်စတာတွေ စီးတဲ့အခါ ထိုင်ခုံငယ်လေးများသုံးပါ။ လူနာဟာ ကိုယ့်ဖာသာ အဝတ်ဝတ်မယ်ဆိုရင် အားနည်းတဲ့ဖက်ကို သန်တဲ့လက်သုံးကာ အရင်ဝတ်ခိုင်းပြီး ချွတ်မယ်ဆိုရင် အားနည်းတဲ့ဖက်ကို အရင်ချွတ်ခိုင်းပါ။

    လေဖြတ်ရာက ပြန်ကောင်းခါစ လူနာများအတွက် ဝတ်ဆင်ရာမှာ လွယ်ကူအောင် ပေါ့ပေါ့ပါးပါး အဝတ်များ၊

    အသင့်ထိုးစီးနိုင်သော ရှူးဖိနပ်များ၊ ကျုံ့နိုင်ဆန့်နိုင်တဲ့ ခါးပတ်များ၊ ကလစ်သုံးနိုင်တဲ့ နားဆွဲများ၊ လည်စည်းများ သုံးနိုင်ပါတယ်။

    စားသောက်ခြင်း

    စားသောက်ရတာလွယ်ကူအောင် အစာပျော့ပျော့တွေကို စွပ်ပြုတ်နဲ့ တိုက်ကျွေးသင့်ပါတယ်။ အစားကောင်းကောင်း မစားရင် အာဟာရဖြစ်တဲ့ သောက်စရာတွေ၊ ဖြည့်စွက်စာ အရည်မျိုးတွေ တိုက်ပါ။

    ပုံမှန်ပစ္စည်းတွေ သုံးရခက်ရင် သုံးရလွယ်မယ့် ဇွန်းခက်ရင်းများ၊ လက်ကိုင်ကြီးတဲ့ ဇွန်းခက်ရင်းများသုံးပါ။ ပန်းကန်ပြားများကို ရာဘာခံသုံးပါ။

    လူနာဟာ ကိုယ်အလေးချိန်လျှော့ဖို့လိုရင်၊ ကိုလက်စထရောကျဖို့လိုရင် အစားအစာပြင်ရာမှာ ဆရာဝန်ညွှန်ကြားတဲ့ စားသောက်မှုပု့စ့ကို လိုက်နာပါ။

    ကိုယ်လက်လှုပ်ရှားမှု

    နေ့စဉ်ကိုယ်လက်လှုပ်ရှားရာမှာ ပါဝင်ကူညီစရာ မလိုပေမယ့် အနီးမှာတော့ နေပေးပါ။ လေ့ကျင့်ခန်းဘယ်လိုလုပ်ရမလဲ မေ့သွားတဲ့အခါ၊ စာဖတ်ရခက်တဲ့အခါ သင့်ကို လိုအပ်ပါလိမ့်မယ်။

    ဖဲကတ်ဆော့နည်းများ၊ မှတ်ဉာဏ်သုံးဂိမ်းနည်းများ၊ ပဟေဠိများဟာ မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။

    ဦးနှောက်ထိခိုက်တဲ့ဖက်နဲ့ ဆန့်ကျင်ဖက်မှာသီချင်းဖွင့်ပေးပါ။ အဲ့ဒီအခါ နားထောင်ဖို့ လှည့်လာပါလိမ့်မယ်။ အရောင်အသွေးစုံမြင်ကွင်းတွေကို လူနာအာရုံစိုက်မှုရစေဖို့ ကွန်ပျူတာက ကူညီပေးနိုင်ပါတယ်။

    လေဖြတ်ခြင်းကနေ ပြန်လည်သက်သာခြင်း အချိန်ယူရပါတယ်။ တိုးတက်မှုဟာ တစ်လ၊ တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုကြာနိုင်ပါတယ်။ ပြုစုသူတယောက်အနေနဲ့ သင်ချစ်ခင်သူတယောက်ရဲ့ မျှောင်လင့်ချက်တွေရှင်သန်စေပြီး ပြသနာများကို ကူညီဖြေရှင်းကာ နည်းလမ်းသစ်များရှာဖွေ ကူညီပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement