backup og meta

ဆယ်ကျော်သက်များနဲ့ လေဖြတ်ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်များနဲ့ လေဖြတ်ခြင်း

    အရွယ်ရောက်ခါနီး လူငယ်တွေမှာ လေဖြတ်ခြင်းဟာ တကယ့်ကို ကံဆိုးခြင်းပါပဲ။ ဆယ်ကျော်သက်ဆိုတာ ဘဝမှာ သရဖူဆောင်းဖို့ ဟန်ပြင်နေချိန်ဖြစ်ပါတယ်။

    ကလေးအထူးကု။ အသက်ဆယ်နှစ်လောက်အထိ အများစုဟာ ကလေးအထူးကုဆီ သွားပြရပါတယ်။

    အချို့ကလေးကုသဌာနတွေမှာ လူငယ်တွေအတွက် ရည်ရွယ်တဲ့ အရွယ်ရောက်ဆေးပညာဌာနကိုပါ ဖွင့်လှစ်ထားတတ်ပါတယ်။ အရွယ်ရောက်စ လူငယ်များမှာ ကလေးများ၊ လူကြီးများနဲ့ မတူတဲ့ ကျန်းမာရေးပြသနာတွေ ရှိနေတတ်လို့ပါပဲ။

    အာရုံကြောနှင့်လေဖြတ်ခြင်းအထူးကု။ လူငယ်တွေ လေဖြတ်ရင် ပိုပြီး အာရုံစိုက်ဖို့ လိုတာကြောင့် အာရုံကြောအထူးကုနဲ့ ဂရုတစိုက်ပြသဖို့ လိုပါတယ်။ လေဖြတ်တဲ့လူနာတွေကို အများဆုံးကြည့်ရှုတဲ့ ဆရာဝန်ရုံးခန်းဟာ သင့်ကို အကူအညီပိုပြိး ပေးနိုင်ပါတယ်။ ခွဲစိတ်ကုသမှုအပါအဝင် အထူးပစ္စည်းကိရိယာတွေ တပ်ဆင်ထားလို့ပဲ ဖြစ်ပါတယ်။

    စာသင်ကျောင်း။ လေဖြတ်ပြီးနောက်ပိုင်း ကျောင်းမှာ အထူးသင်ထောက်ကူပစ္စည်းတွေ လိုအပ်ပါတယ်။ စာသင်ကျောင်းတွေမှာ သင်ဟာ အကူအညီ လိုအပ်သလား၊ ပြန်လည်ကောင်းမွန်လာနိုင်လား ဆိုတာ စစ်ဆေးပြီး ကူညီပေးနိုင်ပါတယ်။ တခါတရံ ကျောင်းတွေမှာ စမ်းသပ်ဖို့ ပစ္စည်းကိရိယာတွေ မရှိရင် အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာအထူးကုဆီ သွားရောက်ပြသဖို့ လိုပါတယ်။ သူဟာ လေဖြတ်ထားခြင်းကြောင့် သင်ယူမှုဆိုင်ရာပြသနာတွေ ရှိမရှိ ဆုံးဖြတ်ပေးနိုင်ပါတယ်။

    လေဖြတ်ပြီးနောက်ပိုင်း ပထမနှစ်ဖြစ်စေ နောက်ပိုင်းဖြစ်စေ စာမေးပွဲကိစ္စတွေ ပရောဂျက်ကိစ္စတွေ အချိန်ပိုယူပြိး အဆင်ပြေအောင် ညှိနှိုင်းရတာမျိုးက ကြုံကိုကြုံရမှာ ဖြစ်ပါတယ်။

    အားကစား။ သင်ဟာ အားကစားသမားတဦးဖြစ်ရင် လေဖြတ်ခြင်းကြောင့် သင့်စွမ်းရည်တွေ ပြောင်းလဲသွားတာကို သတိထားမိနိုင်ပါတယ်။ အပိုနည်းပြလိုပါတယ်။ အားကစားနည်း ပြောင်းလဲလိုက်ဖို့တောင် လိုအပ်နိုင်ပါတယ်။

    ကာယကုသနဲ့ ပြန်လည်သန်စွမ်းရေး အထူးကုများဟာ သင် ဘယ်လိုအားကစားမျိုးလုပ်နိုင်တယ်ဆိုတာ ဆုံးဖြတ်ပေးနိုင်ပါတယ်။

    ဂီတနှင့်အနုပညာ။ သင်ဟာ အနုပညာရှင်ဖြစ်ရင် လေဖြတ်ပြီးနောက် စွမ်းဆောင်ရည်ပြောင်းလဲသွားတာ သတိပြုမိနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အနုပညာပိုင်း ဆိုင်ရာ ဖန်တီးမှုစွမ်းရည်၊ ဂီတစွမ်းရည်တွေ ကျဆင်းသွားခြင်းမရှိတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် လေဖြတ်ပြီး ပြန်လည်ကျန်းမာလာသူများဟာ ဂီတကုထုံးကြောင့် အာရုံကြောနဲ့စိတ်ပိုင်းဆိုင်ရာမှာ တိုးတက်မှုလျင်မြန်ကြပါတယ်။

    ဖက်ရှင်။ သင်ဟာ လေဖြတ်ထားဖူးတဲ့ ဆယ်ကျော်သက် တယောက်ဖြစ်ရင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးပြီး နောက်ဆုံးပေါ် ဝတ်စားဆင်ယင်မှုတွေ၊ ဆံပင်ပုံစံတွေနဲ့ ကင်းဝေးပြီး နေရမယ်လို့ မဆိုလိုပါဘူး။ သင်ဟာ ဆံပင်ပုံစံမပြင်နိုင်အောင် လှုပ်ရှားမှုအားနည်း နိုင်ပါတယ်။ မျက်နှာတဖက်၊ မျက်လုံးတဝက် မညီရင်လည်း မိတ်ကပ်သုံးပြီး သင်လိုချင်တဲ့ပုံစံ ဖြစ်အောင် ပြင်ဆင်နိုင်ပါတယ်။

    သူငယ်ချင်းများ။ အချိန်တော်တော်များများမှာ သင့်သူငယ်ချင်းတွေက သင်နဲ့ပတ်သက်ပြီး အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ သင့်ကို ပြောဆိုတာ၊ လေဖြတ်ပြီးချိန်မှာ ဘာတွေလုပ်ကိုင်နိုင်လဲလို့ စူးစမ်းတာ စတာတွေနဲ့ ပိုပြီးစိတ်မရှည်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲမှု အနည်းငယ်ကလွဲလို့ သင်ဟာသင်ပဲဖြစ်ကြောင်း နားလည်လာမှာပါ။ နောက်ပိုင်းမှာ သင်ဘာလိုချင်လဲ၊ ဘာဆိုလိုချင်လဲ နားလည်မှုပေးနိုင်ကြပါလိမ့်မယ်။

    အနိုင်ကျင့်ခြင်း။ ဆယ်ကျော်သက်အများစုဟာ မသန်စွမ်းသူတွေကို အနိုင်ကျင့်ခြင်း မရှိပါဘူး။ ဒါပေမယ့် သင့်ကျောင်းမှာ ကလေး ၃၀၀၀ လောက်ရှိရင် တယောက်စ ၂ယောက်စလောက်ဟာ ချို့ယွင်းချက်ရှိနေပြီး အနိုင်ကျင့်ခွဲခြားခံရခြင်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီလိုအခြေအနေဟာ လက်သင့်ခံစရာ မဟုတ်တာမို့ မစွမ်းသန်တဲ့ကျောင်းသားကို ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။

    ယာဉ်မောင်းစဉ်ဘေးကင်းရေး။ လေဖြတ်ပြီးနောက်ပိုင်းမှာ အမြင်အာရုံပိုင်း ကျဆင်းသွားနိုင်တာမို့ ယာဉ်မောင်းစွမ်းရည် ပြောင်းလဲသွားနိုင်ပါတယ်။ ယာဉ်မောင်းနှင်ခြင်းဟာ လေဖြတ်ဖူးသူအားလုံးအတွက် စိတ်ပူစရာတခု ဖြစ်ပါတယ်။ ဒီအခြေအနေမှာ စိတ်ရှည်ဖို့လိုပြီး ပြန်လည်သန်စွမ်းရေး၊ လုပ်ငန်းခွင်ဆိုင်ရာ ကုသခြင်း စတာတွေ နားလည်လက်ခံရပါမယ်။ ကားမောင်းနိုင်တယ်လို့ ရာနှုန်းပြည့်မသေချာရင် မမောင်းသင့်ပါဘူး။

    ဆယ်ကျော်သက်များနှင့် လေဖြတ်ခြင်း အချက်အလက်များ။ ဆယ်ကျော်သက်တယောက် အနေနဲ့ လေဖြတ်ခြင်းနဲ့ လေဖြတ်ခြင်းရဲ့ အကျိုးဆက်များကို ကောင်းကောင်း နားလည်နိုင်ပါတယ်။ သင့်ဘ၀ တလျှောက်မှာ ဘယ်လိုပြန်ပြီး ကျန်းမာအောင်နေမလဲ လေ့လာနေခြင်းကို မရပ်တန့်ပါနဲ့။ ဒါပေမယ့် သိပ်အလျင်မလိုပါနဲ့။ ပြန်လည်ထူထောင်လာဖို့ဆိုတာ စိတ်ရှည်တဲ့ လက်တွေ့ကျပြီး ကိုက်ညီမှုရှိတဲ့ အစီအစဉ်နဲ့မှ အကျိုးဖြစ်ထွန်းနိုင်မှာပါ။

    ကူညီနှစ်သိမ့်သောအဖွဲ့များ။ ဒီအဖွဲ့တွေဟာ သင့်ကို စံပြုစရာတွေပေးပြီး သင်ဘာဖြစ်နေသလဲဆိုတာ နားလည်သူတွေနဲ့ ပြောဆိုဆက်ဆံနိုင်စေပါတယ်။ ကောင်းကျိုးတခုကတော့ ဒီအဖွဲ့မျိုးဟာ ကျောင်းမှာ အားကစားအဖွဲ့မှာ မိသားစုထဲမှာ လည်ပတ်နေရင်း သင်မြင်နေကြပုံစံထဲက မဟုတ်တာပါပဲ။

    Blog ရေးခြင်း။ ဆယ်ကျော်သက်အများစုဟာ အထောက်အကူရရေးအတွက် ဘလော့ရေးကြပါတယ်။ ဒါဟာ ခံစားမှုတွေကိုဖော်ပြဖို့၊ အတွေ့အကြုံ အကြံဉာဏ်တွေကို ဝေမျှဖို့ ကောင်းမွန်တဲ့နည်းလမ်းပါပဲ။ ဖြစ်နိုင်ခြေ မကောင်းတဲ့အချက်ကတော့ လူမှုမီဒီယာပေါ်မှာ အားနည်းတဲ့ဆယ်ကျော်သက်တွေကို လိုက်ချောင်းနေတတ်သူတွေပါပဲ။ ဒါကြောင့် တကိုယ်ရေအချက်အလက်တွေ မဝေမျှမိဖို့ သတိပြုရပါမယ်။ သင်သိတဲ့အတိုင်း အွန်လိုင်းပေါ်မှာ ပြောသမျှဟာ ပြောတဲ့အတိုင်း မှန်ပါတယ်လို့ မဆိုနိုင်ပါဘူး။

    လေဖြတ်တဲ့အခါ ကျောင်းပျက်တာတွေ၊ လူမှုရေးပျက်ကွက်တာတွေဖြစ်ပြီး မသန်စွမ်းမှုကြောင့် ပြသနာရှိတဲ့ ဆယ်ကျော်သက်ဘဝကို ရောက်သွားစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement