တီရှပ်ဝတ်ဆင်တာကတော့ အကောင်းဆုံးပါပဲ။ တီရှပ်မှာမှ ကိုယ်နဲ့ ကွက်တိကြပ်နေတဲ့ တီရှပ်မျိုးပေါ့။ သားရေသားဘောင်းဘီ ဒါမှမဟုတ် စက်ဘီးစီးဘောင်းဘီတိုတွေက သင့်ကိုပိုပြီး သက်တော့သက်သာဖြစ်စေမှာပါ။ ယောဂကျင့်တဲ့အခါ ခြေဗလာနဲ့ကျင့်တာက ကြမ်းပြင်ရဲ့ အထိအတွေ့ကို ရဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ၊ ခြေအိတ်တွေဝတ်ဆင်တာက လေ့ကျင့်စဉ်မှာ ချောကျတာတွေဖြစ်နိုင်ပါတယ်။
ယောဂဖျာဟာ သင့်ရဲ့ ယောဂလေ့ကျင့်ခန်းတွေကို ပိုပြီးလွယ်လွယ်ကူကူနဲ့ သက်တောင့်သက်သာရှိစေဖို့ အရေးကြီးတဲ့ပစ္စည်းတစ်ခုပါ။ လေ့ကျင့်စဉ်အတွင်းမှာလ်း ခန္ဓါကိုယ်ကို ကာကွယ်ထေားပေးပြီး ခန္ဓါကိုယ်အပူချိန်ကို ထိန်းသိမ်းထောက်ပံ့ပေးထားနိုင်ပါတယ်။ ယောဂဖျာဟာ ပါးလွှာတဲ့ စတုဂံပုံ ရာဘာဖျာအပါးလေးဖြစ်ပြီး မတူညီတဲ့အနေအထားတွေနဲ့ ယောဂလေ့ကျင့်ရတဲ့အခါ ချော်မကျအောင် ကူညီပေးနိုင်ပါတယ်။
ယောဂဖျာကို အခြားပစ္စည်းတွေနဲ့ လုပ်ထားတာမျိုးလည်း ရှိပါတယ်။ ကော်ဇောတို့လိုနူးညံ့တဲ့နေရာတွေမှာ ကစားတာက သင့်ရဲ့ မျှခြေ ဘဲလန့်စ်ကို ထိန်းနိုင်ဖို့ ခက်ခဲပြီး မှန်ကန်တဲ့ အနေအထားလည်း ရဖို့ ခက်ခဲပါတယ်။ တကယ်လို့များ သစ်သားလို မာကြောနေတဲ့ ကြမ်းမှာ ကျင့်ရင်လည်း အချို့သော အနေအထားတွေမှာ လက်တွေ၊ ဒူးတွေနဲ့ ခြေထောက်တွေ အဆင်ပြမှာမဟုတ်ပါဘူး။
လေ့ကျင့်သူတွေဟာ မှန်ကန်တဲ့ ယောဂဖျာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဆွဲဆန့်နိုင်အားကောင်းတာတွေ၊ အနားသတ်ကောင်းတာတွေနဲ့ လေ့ကျင့်မှုတွေကို ထောက်ပံ့နိုင်တဲ့ အရည်အသွေးမျိုးရှိတာတွေ ရွေးချယ်ပါ။
တဘက်များ-
ယောဂကျင့်နေစဉ်မှာ ချွေးတွေကို ကောင်းကောင်းစုပ်ယူနိုင်တဲ့ တဘက်တွေကို ရွေးချယ်ပါ။ လှုပ်ရှားမှုတွေ ပြုလုပ်နေစဉ် ချောထွက်မသွားစေဖို့ ချွေးတွေကို သုတ်နေဖို့ လိုအပ်ပါတယ်။ တဘက်ကို ဒူးလှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဒူးအောက်မှာ ထားလည်းရပါတယ်။
ယောဂခေါင်းအုံးဆိုတာ ရှည်မြောမြော ခေါင်းအုံးဖြစ်နိုင်သလို လေးထောင့်ခေါင်းအုံးလည်းဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။