backup og meta

ယောဂက သင့်ပုံစံကို ဘယ်လိုပြောင်းလဲပေးနိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောဂက သင့်ပုံစံကို ဘယ်လိုပြောင်းလဲပေးနိုင်သလဲ

    ယောဂကပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကို လူအများစုက သိပြီးသားပါ။ ဒါပေမဲ့ ယောဂရဲ့ကောင်းကျိုးတွေက ကျွန်တော်တို့ရဲ့ ပုံပန်းသွင်ပြင်ကို ပြောင်းလဲပေးနိုင်တယ်ဆိုတာကတော့ တော်တော်များများ မသိကြပါဘူး။

    ၁။ ယုံကြည်မှုရှိလာစေဖို့ ယောဂက ကူညီပေးနိုင်ပါတယ်။

    ယောဂဟာ သင့်ရဲ့ နောက်ကျော၊ ပုခုံးနဲ့ ကျောရိုးတွေကို သန်မာစေခြင်းအားဖြင့် သင့်ကိုယ်နေဟန်ထားကို ကောင်းမွန်စေပါတယ်။ ကျောမတ်မတ်ထားပြီး ခေါင်းမော့လို့ လမ်းလျှောက်တာလောက် ယုံကြည်မှုရှိတဲ့ပုံပေါက်တာမရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတဲ့အခါ သင်ဟာ အခြားသူတွေအားလုံးရဲ့ မျက်လုံးထဲမှာ ပိုလှလာပါလိမ့်မယ်။

    ၂။ ယောဂက သင့်ခန္ဓါကိုယ်က အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

    အဆိပ်တွေဟာ နေရာတိုင်းမှာရှိနိုင်ပါတယ်။ သင်နေထိုင်နေသ၍တော့ တစ်နည်းနည်းနဲ့ သင့်ကိုယ်ထဲ ဝင်နေမှာပါပဲ။ ယောဂအနေအထားတွေက သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးနိုင်ပြီး အလိုအလျောက်အဆိပ်ဖယ်ရှားခြင်းဖြစ်စဉ်ကို ပိုပြီးမြန်ဆန်စေပါတယ်။ သင့်ခန္ဓါကိုယ်မှာ အဆိပ်တွေကင်းစင်သွားတဲ့အခါ ပိုပြီးကျန်းမာလာတာကို ခံစားရမှာပါ။ အသားအရေကလည်း ပိုပြီးတောက်ပလာမှာဖြစ်ပြီး လွတ်လပ်ပေါ့ပါးနေစေပါတယ်။

    ၃။ ယောဂက စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ။်

    စိတ်ဖိစီးနေတဲ့လူတွေဟာ ဘယ်လိုမှ ကြည့်မကောင်းတာကို သင်သတိပြုမိပါလိမ့်မယ်။ ဖိစီးမှုတွေဟာ အသားအရေကို ညစ်ထေးနေစေရုံသာမကပါဘူး ကိုယ်အလေးချိန်ပါ တိုးလာစေပါတယ်။ ယောဂဟာ သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး ခန္ဓါကိုယ်ရဲ့ မျှခြေကို ရှာဖွေပေးနိုင်ပါတယ် ဒါကြောင့်လည်း ပုံပန်းသဏ္ဍာန်တစ်ခုလုံး ပြောင်းလဲစေနိုင်တာပေါ့။

    ၄။ ယောဂက ပိုနေတဲ့ အလေးချိန်တွေကို လျှော့ချပေးနိုင်ပါတယ်။

    ယောဂရဲ့ ကောင်းကွက်တွေထဲက တစ်ခုကတော့ အခြားလေ့ကျင့်ခန်းတွေလို အလုပ်လုပ်တာပါပဲ။ ယောဂလေ့ကျင့်ခြင်းဟာ ကျန်းမာရေးနဲ့အညီ နှလုံးခုန်တာကို မြန်ဆန်စေပြီး အဆီတွေ လောင်ကျွမ်းတဲ့ ဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။ ပုံမှန်ယောဂလေ့ကျင့်ခြင်းက ပိန်ပါးတဲ့ ခန္ဓါကိုယ်ကို ရရှိစေနိုငပါတယ်။

    ၅။ ယောဂဟာ ခုခံအားစနစ်ကို သန်မာစေပါတယ်။

    လေ့လာသူတွေကတော့ ပုံမှန်ယောဂလေ့ကျင့်ခြင်းဟာ ခုခံအားစနစ်ကို ကောင်းမွန်စေတယ်လို့ ယုံကြည်ပါတယ်။ သင်က ကျန်းမာနေမယ်ဆိုရင်၊ သင့်ကိုယ်တွင်းအင်္ဂါတွေက ပုံမှန်အလုပ်လုပ်နေမယ်ဆိုရင် ဆံပင်နဲ့ အရေပြားကလည်း ပိုပြီးကြည့်ကောင်းလာမှာပါပဲ။ ကာလရှည်ယောဂလေ့ကျင့်သူတွေက သူတို့ရဲ့ ပုံပန်းသဏ္ဍာန်သိသိသာသာ ပြောင်းလဲသွားတယ် ဆိုပါတယ် ။

    ၆။ ယောဂကသင့်ကို ပိုပြီး ပျော့ပျောင်းစေပါတယ်။

    ယောဂကတော့ အကြောလျှော့တာနဲ့ သင့်ရဲ့ကြွက်သားထုကို လေ့ကျင့်ခန်းလုပ်စေခြင်းအားဖြင့် ပျော့ပျောင်းမှုကို တိုးတက်စေဖို့ပါပဲ။ ဒါ့အပြင် ယောဂီတွေဟာ ယောဂမကျင့်သူတွေနဲ့ စာရင် ဒဏ်ရာရခဲပါတယ်။ ပျော့ပျောင်းတဲ့ ခန္ဓါကိုယ်က ပတ်ဝန်းကျင်ကို ပိုပြီး ခံနိုင်ရည်ရှိပါတယ်။

    ၇။ ယောဂဟာ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။

    ယောဂက ငယ်ရွယ်နုပျိုခြင်းကို ပေးစွမ်းနိုင်ပါတယ်။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ လွှမ်းမိုးမှုရှိတာကြောင့် ပိုပြီး ငယ်ရွယ်ပုံပေါက်စေပြီး လွတ်လပ်ပေါ့ပါးတဲ့ သွင်ပြင်ကို ရရှိစေပါတယ်။ သင့်ဘဝကို အဓိပ္ပါယ်ရှိရှိနေသွားနိုင်မယ့် ၊ သက်တမ်းကုန်သည်ထိ နေသွားနိုင်မယ့် စွမ်းအင်တွေကိုလည်း ယောဂက ပေးစွမ်းနိုင်ပါတယ်။

    ယောဂဟာ သင့်အသားအရေကို သင်ကိုယ်တိုင်စိတ်ကျေနပ်သည်တဲ့ အဆင့်ထိ ကူညီပေးနိုင်ပါတယ်။ လှပခြင်းဟာ အရေပြားအတွင်းမှာရှိတာမှန်ပေမယ့် ယောဂက ဖန်တီးပေးတဲ့ အလှကတော့ ပိုပြီး နက်ရှိုင်းတဲ့နေရာမှာတည်နေပါတယ်။ အတွင်းစိတ်ကြည်လင်မှုနဲ့ စိတ်ဝိဉာဉ် ငြိမ်းချမ်းခြင်းတွေကို ယောဂက ဖန်တီးပေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement