အချို့သောဆေးဝါးတွေကလည်း secondary insomnia ကိုဖြစ်စေပြီး စွဲလမ်းခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ အိပ်မရခြင်းနဲ့ သိစိတ်ပုံမှန်အလုပ်မလုပ်ခြင်းကြားမှာ ဆက်စပ်မှုတွေရှိနေပါတယ်။ gray matter ပျက်စီးခြင်းတောင်ဖြစ်နေနိုင်ပါသေးတယ်။ အိပ်ရေးမဝခြင်းဟာ အသက်အန္တရာယ်ထိခိုက်နိုင်စေပါတယ်။ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကတော့ နှလုံးထိခိုက်ခြင်း၊ သွေးဖိအားမြင့်ခြင်းနဲ့ အဝလွန်ခြင်းတွေပါ။ ဒါတွေအပြင် ကောင်းကောင်းမအိပ်ခဲ့ရဘဲ အိပ်ရေးမဝဘူးဆိုရင်တော့ ကျန်းမာရေးလည်း ဆုတ်ယုတ်လာပါလိမ့်မယ်။ ပြီးရင် စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေရဲ့နောက်မှာတော့ အထက်ဖော်ပြပါ ရောဂါတွေအပါအဝင် အခြားရောဂါတွေပါ ဝင်ရောက်လာနိုင်ပါတယ်။
၂။ အိပ်မရခြင်းအပေါ် ယောဂရဲ့သက်ရောက်မှုတို့ကို လေ့လာခြင်း
စိတ်ကျန်းမာရေးရဲ့ သုတေသနအသစ်တစ်ခုအရ ယောဂဟာ ကာလကြာရှည်အိပ်မရတဲ့သူတွေရဲ့ အိပ်စက်နိုင်စွမ်းကို တိုးတက်လာလစေနိုင်တယ်လို့ဆိုပါတယ်။ ဒီလေ့လာမှုက အကြောင်းအမျိုးမျိုးကြောင့် အိပ်မရတဲ့သူတွေကို လေ့လာခဲ့တာဖြစ်ပြီး Primary ရော Secondary ပါ ပါဝင်ပါတယ။် လေ့လာမှုမှာ ပါဝင်တဲ့သူတွေကို အနည်းဆုံး ရက်သတ္တ၈ပတ်လောက် ယောဂလေ့ကျင့်ခိုင်းခဲ့ပြီး လေ့လာမှုမတိုင်မီ ၂ပတ်လောက်အလိုမှာ ပါဝင်သူတွေကို သူတို့ရဲ့ အိပ်စက်ခြင်းအတွက် ဒိုင်ယာရီစရေးခိုင်းပြီး လေ့လာမှုပြီးဆုံးသည်ထိ မှတ်တမ်းယူထားခဲ့ပါတယ်။
ဒိုင်ယာရီမှာတော့ အိပ်ချိန်၊ တစ်ညမှာ ဘယ်လောက်နိုးတယ်ဆိုတာနဲ့ နိုးလာပြီး ဘယ်လောက်အကြာမှာ ပြန်အိပ်ပျော်သွားတယ် စတာတွေပါဝင်ပါတယ်။ လေ့လာသူတွေဟာ ဒိုင်ယာရီတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ယောဂက ဘယ်လောက်လွှမ်းမိုးမှုရှိတယ်ဆိုတာကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနောက်မှုတော့ အမျိုးမျိုးသော တိုးတက်မှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ ဒီတိုးတက်မှုတွေမှာတော့ အိပ်ပျော်ဖို့ အချိန်ပမာဏ၊ အိပ်စက်နိုင်စွမ်း၊ စုစုပေါင်းအိပ်ချိန်၊ စုစုပေါင်းနိုးချိန်နဲ့ အိပ်ပြီးဘယ်လောက်အကြာမှာ နိုးတယ်ဆိုတာတွေ ပါဝင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။