backup og meta

သင့်အမျိုးသမီး ယောဂလုပ်နေစဉ် မပြောသင့်သည့်စကားများ


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အမျိုးသမီး ယောဂလုပ်နေစဉ် မပြောသင့်သည့်စကားများ

    ကျန်းမာရေးအကျိုးကျေးဇူး များသောကြောင့် ယောဂကို အမျိုးသမီးများက ရွေးချယ်ကြသည်။ ယောဂသည် ခန္ဓါကိုယ် အနေအထားပုံစံများ၊ ထိန်းချုပ်အသက်ရှုခြင်းနှင့် တရားမှတ်ခြင်းတို့မှ ကိုယ်၊ စိတ်၊ ဝိဉာည် သုံးပါးစလုံးအား ဆက်သွယ်ပေးနိုင်၏။

    သို့သော် အစပိုင်းတွင် ကိုယ်ဟန်ပုံစံများသည် အလွန်ခက်သောကြောင့် သင့်အမျိုးသမီးသည် မကျေမနပ်ဖြစ်နေနိုင်ပါသည်။ တစ်ခါတစ်ရံတွင် သင်၏အားပေးမှုကို လိုအပ်တတ်၏။ ထို့ကြောင့် သူမကို ပိုဆိုးဝါးသွားစေမည့် စကားများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။

    သူမ၏စွမ်းဆောင်နိုင်ရည်နှင့်ပါတ်သတ်ပြီး အရှက်ရစေရန်မလုပ်ပါနှင့်

    ယခုမှယောဂလုပ်မည်သူများသည် တစ်ရက်တည်းနှင့် ကျွမ်းကျင်အဆင့် မရောက်နိုင်ပါ။ သူမ၏အမျိုးသားဖြစ်သည်နှင့်အညီ သင်ဖက်ကလည်း “ဒီလောက်လွယ်တာကို ဘာလို့မလုပ်နိုင်ရန်တာလဲ” “အရမ်းခက်တယ် ယောဂနဲ့မင်းနဲ့ မသင့်တော်ဘူးထင်တယ်” စသည့် အပျက်ဆန်ဆန်စကားများကို ရှောင်ပါ။ ထိုစကားများသည် သူမကို မချစ်ကြောင်း နာကျင်စေကြောင်း ခံစားသွားစေပြီး သင့်ကိုစိတ်ဆိုးသွားပါလိမ့်မည်။

    သူမ၏ရည်မှန်းချက်ကို မလှောင်ပါနှင့်

    သင့်အမျိုးသမီးမှ ယောဂလုပ်ရန်ရွေးချယ်လိုက်ပြီဆိုပါက သူမ၏ခေါင်းထဲတွင် ပန်းတိုင်ကို သတ်မှတ်ပြီးသားပင်။ ကိုယ်အလေးချိန် ကျချင်တာမျိုး သို့မဟုတ် ပိုပြီး ပျော့ပြောင်းလိုခြင်း သို့မဟုတ် ဒီတိုင်းကျန်းမာရေးကောင်းလိုခြင်းသာ ဖြစ်မည်။ တစ်ခါတစ်ရံတွင် သူမအတွက်ခက်ခဲလွန်သောကြောင့် မရနိုင်သည့် ရည်မှန်းချက်မျိုးကို သင်တွေ့ရနိုင်သည်။

    သို့သော်လည်း တွေ့သည်နှင့် သင့်အမျိုးသမီးအတွက် အထောက်အကူမရစေသည့် စကားများကို ပြောရမည်ဟုမဆိုလိုပါ။ သူမကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်သင့်ကြောင်း လေ့ကျင့်ခန်းပုံစံများကို အဆင့်မြှင့်သင့်ကြောင်းတို့ကိုသာ အကြံပြုပေးပြီး သူမကိုဂရုစိုက်ကြောင်းသိနိုင်မည့် မေးခွန်းများကိုသာ မေးပေးပါ။ သူမအတွက် တခြားအရာများထက် သင့်စကားက ပိုပြီး စိတ်တက်ကြွစေနိုင်ပါသည်။

    တကျည်ကျည်မလုပ်ပါနှင့်

    သင့်အမျိုးသမီး ယောဂလုပ်နေခြင်းကို အကူအညီပေးလိုပါက သူမကို ဖိအားများများမပေးမိဖို့ ဂရုစိုက်သင့်ပါသည်။ သူမလေ့ကျင့်နေသည့် အခြေအနေနှင့်ပါတ်သတ်ပြီး နှောက်ယှက်နေပါက သူမအတွက် ဖိစီးမှုပိုများလာနိုင်ပါသည်။ ဇွတ်တွန်းတတ်သည့်သူများကို ဘယ်သူမှမကြိုက်ပါ။ အထူးသဖြင့် ယောဂလုပ်ပြီးနောက် ပင်ပန်းနေသည့်အခါမျိုးတွင် ပိုတောင်မကြိုက်ပါ။

    ယောဂလုပ်ပြီးနောက် အိမ်အလုပ်လုပ်ဖို့ သူမကိုမပြောပါနှင့်

    အမျိုးသမီးများသည် အလုပ်၊ ကလေး၊ အိမ်အလုပ်စသည့် အလုပ်ပေါင်းများစွာကို တာဝန်ယူထားရ၏။ ယောဂလုပ်ပြီးနောက် သူမပင်ပန်းနေပါလိမ့်မည်။ အထူးသဖြင့် ခုမှစလုပ်သူဆို ပိုဆိုး၏။ သူမ၏ဖိစီးမှုများ လျော့ကျသွားစေရန်အတွက် ပန်းကန်ဆေးပေးထားတာမျိုး အဝတ်ကူလျှော်တာမျိုး လုပ်ပေးနိုင်ပါသည်။ ဘာလို့အလုပ်မပြီးသေးတာလဲဟု မမေးပါနှင့်။ သူမအတွက် ဖိအားများစေပြီး စိတ်ဖိစီးမှုများ ပိုလာစေနိုင်ပါသည်။

    သူမ၏ကြိုးစားမှုကို လျစ်လျူမရှုပါနှင့်

    ကိုယ်မသိသော အသစ်အဆန်းတစ်ခုကို စလုပ်ရာတွင် ခက်ခဲပါသည်။ ထူးခြားသော ကိုယ်ဟန်ပုံစံတစ်ခုအား သူမ အောင်မြင်သွားပါက သင့်ကို မျှဝေခံစားချင်ပါလိမ့်မည်။ သူမ အောင်မြင်ခဲ့ပုံကို ပြောပြနေစဉ်တွင် အသံတိတ်နေတာမျိုး အထင်သေးတာမျိုး မလုပ်ပါနှင့်။ သင်ပါပျော်ရွှင်ရကြောင်း အရေးစိုက်ကြောင်းကို ပြသပေးပါ။ သူမ၏အားစိုက်မှုသည် သင့်ကိုပါပျော်ရွှင်စေကြောင်း သိသွားပါက ပိုပိုပြီးလုပ်ချင်လာကာ စိတ်ဓါတ်တက်ကြွလာပါလိမ့်မည်။

    ယောဂစလုပ်ရသည်မှာ မလွယ်ကူသော်လည်း သူမအတွက် အောင်မြင်မှုများကိုတော့ ရစေနိုင်မည်ဖြစ်သည်။ သင်ရော သင့်အမျိုးသမီးတို့သည် စဉ်းစားကြည့်လျှင် အဖွဲ့တစ်ခုဖြစ်သည်။ သင်၏အားပေးမှုကို သူမလိုအပ်၏။ အထက်ပါအချက်များကို လိုက်နာပြီး သင့်မေတ္တာ၊ ဂရုစိုက်မှုတို့ကို ပြသလိုက်ပါ။ သူမတစ်ဦးတည်း လုပ်နေတာမဟုတ်ကြောင်း သဘောပေါက်အောင် ပြသလိုက်ပါ။ ထို့မှ သင့်ပါတနာကို စိတ်ဓါတ်တက်ကြွစေပြီး သင်တို့နှစ်ဦးကြား ဆက်ဆံရေးကိုပါ ခိုင်မြဲပါစေလိမ့်မည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement