backup og meta

မေ့ဆေး အမျိုးအစားများ


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေ့ဆေး အမျိုးအစားများ

    ခွဲစိတ်မှုအတောအတွင်းတွင် လူနာကို မေ့ဆေးဆရာဝန်မှ စောင့်ကြပ်ကြည့်ရှုပြီး မေ့ဆေးပေးပါလိမ့်မည်။ မေ့ဆေးဆရာဝန်မှ မည်သည့်ဆေးကို အသုံးပြုမည်၊ ပမာဏမည်မျှသုံးမည်၊ နှင့် မည်ကဲ့သို့ထိန်းချုပ်မည်ကို ဆုံးဖြတ်ပါလိမ့်မည်။ မေ့ဆေးပေးသူ သုံးမျိုးရှိပါသည်။

    မေ့ဆေးအထူးကုဆရာဝန်

    မေ့ဆေးအထူးကုသည် ဆေးကုသမှုဖြစ်စဉ် အတောအတွင်းတွင် မေ့ဆေးပေးခြင်းကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် လေ့ကျင့်ထားသော ဆရာဝန်ဖြစ်ပါသည်။ သူတို့သည် မေ့ဆေးပေးခြင်းအတွက် အကျွမ်းကျင်ဆုံးသော ပညာရှင်များဖြစ်ကြပါသည်။

    သူတို့သည် လူနာ၏ စိတ်ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာရေးကို မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်ပိုင်းတွင် တာဝန်ယူကြရသည်။ အောက်ပါတို့သည် သူတို့၏ တာဝန်များဖြစ်ပါသည်။

    • လူနာ၏ကျန်းမာရေးကို အကဲဖြတ်ရန် ၊ လူ၏အခြေအနေသည် ပြုလုပ်တော့မည့် ခွဲစိတ်မှုအတွက် သင့်တော်၊ မတော်စဉ်စားရန် နှင့် လူနာအတွက် သင့်တော်သော မေ့ဆေးအမျိုးအစားကို ဆုံးဖြတ်ရန်လိုအပ်ပါသည်။
    • လူနာကို မေ့ဆေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ ပေးရန်လိုပြီး လူနာကို စိတ်သက်သာစေရန် ပြုလုပ်ပေးရပါသည်။
    • ခွဲစိတ်နေစဉ်တွင် လူနာကို နာကျင်ခြင်းမရှိစေရန် နှင့် စိုးရိမ်စိတ်များမရှိစေရန် ကူညီဆောင်ရွက်ပေးရပါသည်။
    • မေ့ဆေးပေးနေစဉ် အခြေအနေကို စောင့်ကြည့်သုံးသပ်နေရပါသည်။
    • အပူချိန်ကျဆင်းခြင်းနှင့် သွေးပေါင်ကျခြင်း ကဲ့သိုသော ရုတ်တရက်ဖြစ်ပေါ်တတ်သော အခြေအနေများကို ထိန်းချုပ်နိုင်ရပါသည်။
    • ခွဲစိတ်မှုပြီးလျှင် လူနာကို ပြန်လည်သတိရစေရန် ဆောင်ရွက်ပေးရပါသည်။

    မေ့ဆေးဆရာဝန်၏ လက်ထောက်

    မေ့ဆေးလက်ထောက်သည် မေ့ဆေးအဖွဲ့တွင် တစ်ယောက်အပါအဝင်ဖြစ်ပြီး လေးနှစ်ကြာအောင် လေ့ကျင့်သင်ကြားပေးထားသူဖြစ်ပါသည်။ ၎င်းတို့သည်လည်းကျွမ်းကျင်သူများပင်ဖြစ်ပြီး မေ့ဆေးဆရာဝန်၏ ညွှန်ကြားမှုအောက်တွင် အလုပ်လုပ်ကြသည်။ အောက်ပါတို့သည် မေ့ဆေးပေးသည့်အချိန်တွင် သူတို့လုပ်ဆောင်ရသည်များဖြစ်ပါသည်။

    • လူနာကို မေ့ဆေးနှင့် ပတ်သတ်သော ဆေးရာဇဝင် မေးမြန်းပါသည်။
    • လူနာ၏ ကျန်းမာရေးအခြေအနေ ကိုသိရှိနိုင်ရန် လေ့ကျင့်ခန်းများ၊ ဆေးစစ်ချက်များ ပြုလုပ်ပြီး မေ့ဆေးပေးမည့် အစီအစဉ်ကို အထောက်အကူပြုရပါသည်။
    • ဆေးနှင့် စက်ပစ္စည်းကိရိယာများကို စစ်ဆေးခြင်းဖြင့် မေ့ဆေးပေးသည့် စနစ်တစ်ခုလုံးကို စစ်ဆေးရပါသည်။
    • မေ့ဆေးအထူးကုဆရာဝန်၏ ညွှန်ကြားမှုအတိုင်း ခွဲစိတ်နေစဉ်အတွင်း လူနာ၏ အခြေအနေကို ထိန်းညှိပေးပါသည်။
    • မေ့ဆေးပမာဏကို ထိန်းညှိပေးပြီး ဖြစ်ပေါ်တတ်သော ပြသနာများကိုဖြေရှင်းရပါသည်။
    • မေ့ဆေးပေးပြီးနောက် လူနာကိုသတိပြန်ရစေရန် ကူညီရပါသည်။
    • အသက်ရှူလမ်းကြောင်းပွင့်စေရန် ကူညီပေးပါသည်။

    မေ့ဆေးလက်ထောက်သည် မေ့ဆေးပေးခြင်းအပြင် အခြားသော အလုပ်နယ်ပယ် များကို မလုပ်ကြပေ။

    မေ့ဆေးသူနာပြု

    မေ့ဆေးသူနာပြုသည် မေ့ဆေးပေးသည့် သူနာပြုအဖြစ်လေ့ကျင့်သင်ကြားထားသူများဖြစ်ကြပါသည်။ သူတို့သည်လည်း မေ့ဆေးဆရာဝန်၏ ညွှန်ကြားမှုအောက်တွင် အလုပ်လုပ်ကြသည်။ သမားတော်များ၏ ညွှန်ကြားမှုအောက်တွင်လည်း တခါတရံ အလုပ်လုပ်ကြရသည်။

    မေ့ဆေးသူနာပြု၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • မေ့ဆေးဆရာဝန်ကို မေ့ဆေးမပေးပီ လူနာ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးအကဲဖြတ်ရန် ဆေးစစ်မှုများတွင် ကူညီသည်။
  • မေ့ဆေးအဖွဲ့တွင် ပါဝင်ကူညီဆောင်ရွက်သည်။
  • ခွဲစိတ်နေစဉ် လူနာကို စောင့်ကြည့်ပေးသည်။
  • ခွဲစိတ်နေစဉ်နှင့် ပြီးနောက်တွင် လူနာကို အထောက်အကူပေးသည်။
  • အရေးကြီးသော လက္ခဏာများဖြစ်သော သွေးပေါင်ချိန်၊ အသက်ရှူနှုန်းများကို စောင့်ကြည့်ပေးသည်။

    မေ့ဆေးဆရာဝန်များတွင် မေ့ဆေးပေးသည့်အခါ သူတို့၏ ကိုယ်ပိုင်နည်းလမ်းများရှိတတ်ကြသည်။ သူတို့အလုပ်ကို နားလည်ရန်နှင့် အကူအညီလိုအပ်လျှင် သူတို့ကို ပြောရန်လိုအပ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement