backup og meta

ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

    မိုးလေးအေးလာရင် ပတ်ဝန်းကျင်လေးစိမ်းလန်းလာလို့ စိတ်ချမ်းသာရတာ ကိုယ်တွေတင်မဟုတ်ပါဘူး။ ကိုယ်တွေကို နာဖျားအောင်လုပ်မယ့် တုပ်ကွေးပိုးလေးတွေရောပါ။ တုပ်ကွေးဖြစ်ရင် တစ်ကိုယ်လုံးကကိုက်ခဲ၊ အဖျားကတက်၊ ပါးစပ်ကပျက်နဲ့ခံစားရတော်တော်ခက်တယ်။ ဒီကြားထဲက ကိုယ်ကအိမ်ရဲ့ တုပ်ကွေး ဖြန့်ချိသူများဖြစ်ခဲ့ရင် စိတ်ထဲမှာစိတ်မကောင်းတောင်ဖြစ်မိသေးတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ကာကွယ်တာပါ။

    ကာကွယ်ခြင်း ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားကလည်းရှိသေးတာကိုး။ ဒီတော့ ရာသီတုပ်ကွေးကို ဘယ်လိုများကာကွယ်ကြမလဲ။ လွယ်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးပေါ့။ ကာကွယ်ဆေးထိုးလို့သာပြောတယ် ဘာမှသေသေချာချာမသိဘဲ မထိုးနိုင်ပါဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေရှိနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေတွေကို ထုတ်ပေးမှာပါ။

    ဘယ်သူတွေက ရာသီတုပ်ကွေးကာကွယ်ဆေး အထိုးသင့်ဆုံးလဲ…….

    အခုပြောပြမယ့်သူတွေက ကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်တာပါ။

    ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးခင် ဘာတွေသိထားဖို့လိုမလဲ………

    တုပ်ကွေး ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် သိချင်နေမယ့် အချက်လေးတွေများနေနိုင်ပါတယ်။ ဒီတော့ သိချင်နေတဲ့အကြောင်းအရာတွေရဲ့ အဖြေလေးတွေကို ဒီမှာကြည့်လိုက်ပါ။

    ဘယ်အရွယ်က စပြီး ကာကွယ်ဆေးထိုးလို့ရလဲ…….

    ရာသီတုပ်ကွေးကာကွယ်ဆေးကို ကလေးတွေ ထိုးထားဖို့လိုမယ်ဆိုပေမယ့် ဘေဘီလေးက ၆ လကျော်ပြီးမှသာ တုပ်ကွေး ကာကွယ်ဆေးထိုးလို့ရမှာပါ။

    ဓာတ်မတည့်တာမျိုးဖြစ်နိုင်လား…….

    တုပ်ကွေး ကာကွယ်ဆေးကဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့ ဥအမျိုးမျိုးနဲ့ ဓာတ်မတည့်တာမျိုးရှိမယ်၊ အရင်က ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာမျိုးဖြစ်ဖူးမယ်ဆိုရင် ကာကွယ်ဆေးမထိုးခင်မှာ ဆရာဝန်နဲ့သေချာလေးတိုင်ပင်သင့်ပါတယ်။

    တစ်ခါထိုးထားရုံနဲ့ လုံလောက်လား……..

    ကာကွယ်ဆေးက တစ်နှစ်ကို တစ်ကြိမ်ထိုးဖို့လိုပါမယ်။

    တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်နိုင်လား……

    တုပ်ကွေး ကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်သလို လက္ခဏာတွေခံစားရနိုင်ပေမယ့် တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးတော့မဖြစ်နိုင်ပါဘူး။

    တုပ်ကွေးကာကွယ်ဆေးကြောင့် ခန္ဓာကိုယ်မှာ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ………

    တုပ်ကွေး ကာကွယ်ဆေး ခန္ဓာကိုယ်ထဲမှာ ဓာတ်ပြုတဲ့အခါ ကာကွယ်ဆေးထိုးပြီး တစ်ရက် နှစ်ရက်လောက်အတွင်း ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ အဖျားတက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ လူတိုင်းမှာတော့ မဖြစ်ပါဘူး။
    ကာကွယ်ဆေးထိုးထိုးပြီးခြင်း အာနိသင်ရှိလား………
    ကာကွယ်ဆေးက ထိုးပြီးပြီးချင်းမှာ အာနိသင်မပြပါဘူး။ ကာကွယ်ဆေးထိုးပြီးလို့ သီတင်းပတ် ၂ ပတ်ကြာမှ အာနိသင်က စပြတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးချိန်ကနေ ၂ ပတ်အတွင်းမှာ တုပ်ကွေး ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ၂ ပတ်အတွင်းမှာ တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ဖို့လိုပါမယ်။ ကာကွယ်ဆေးထိုးပြီးလည်း တုပ်ကွေးက လုံးဝ မဖြစ်တော့တာ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေနည်းသွားတာပါ။ ဒါကြောင့် တခြားတုပ်ကွေးကာကွယ်တဲ့ နည်းလမ်းတွေကိုလည်း လိုက်နာနေရဦးမှာပါ။

    ကာကွယ်ဆေးကြောင့် ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ……..

    ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးဓာတ်ပြုမှုကြောင့် ခန္ဓာကိုယ်မှာ အခုလိုဘေးထွက်ဆိုးကျိုးလေးတွေရှိနိုင်ပါတယ်။

    • အဖျားငွေ့ငွေ့လေးရှိမယ်
    • ဆေးထိုးထားတဲ့နေရာက နာနေမယ်
    • အားကုန်နေသလိုဖြစ်နေမယ်
    • ရောင်ရမ်းမယ်
    • အသက်ရှုရခက်မယ်
    • ထုံကျဉ်မယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

    ဘယ်လိုအခြေအနေမှာ ကာကွယ်ဆေးမထိုးသင့်ဘူးလဲ………

    ကာကွယ်ဆေးက လူတိုင်းနဲ့ သင့်တော်မဟုတ်သလို အချိန်တိုင်းထိုးလို့ရတာမျိုးလည်းမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေမှာဆိုရင် ကာကွယ်ဆေးမထိုးသင့်ပါဘူး။

    • အဖျားရှိနေမယ်
    • အပြင်းဖျားနေမယ်
    • ကာကွယ်ဆေးနဲ့ဓာတ်မတည့်ဖြစ်ဖူးမယ်

    ကာကွယ်ဆေးမထိုးဘဲ တုပ်ကွေးကာကွယ်လို့ရလား…….

    ဆေးထိုးအပ်ကိုလည်းကြောက်တယ်။ တုပ်ကွေးလည်း မဖြစ်ချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။

    • လက်ကို မကြာခဏရေနဲ့ ဆပ်ပြာသုံးပြီး သန့်စင်နေအောင်ဆေးကြောပေးပါ
    • အယ်လ်ကိုဟောပါတဲ့ ရေမလိုလက်သန့်ဆေးရည်လည်း သုံးနိုင်ပါတယ်
    • မျက်လုံး၊ နှာခေါင်းနဲ့ပါးစပ်တွေကို ခဏခဏ ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့
    • လူများတဲ့နေရာတွေကိုရှောင်ပါ
    • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
    • အစားမှန်မှန်စားပါ
    • အိပ်ရေးဝအောင်အိပ်ပါ
    • ရေများများသောက်ပါ
    • စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement