backup og meta

ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။

    ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားပုံအတိုင်းပဲ ရောဂါတော်တော်များများက မဖြစ်ခင်ကကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ရောဂါဖြစ်လာရင် ခန္ဓာကိုယ်က တုံ့ပြန်တိုက်ခိုက်ရတဲ့အတွက် မလိုအပ်ဘဲ ပင်ပန်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထလေးတွေကို မွေးမြူပြီး ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့ ရောဂါဘယတွေ ဝင်မလာအောင် တားဆီးသင့်ပါတယ်။ ခုလိုရာသီမှာ အဖြစ်များဆုံးက ဖျားနာတာပါ။ ဒီတော့ ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။

    ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။

    ရာသီအကူးအပြောင်းတွေ အပူအအေးမမှန်တဲ့အချိန်တွေမှာ တုပ်ကွေးမိတာ အအေးမိဖျားနာတာတွေအဖြစ်များကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကလူတွေဖျားတိုင်း လိုက်မဖျားဖို့ဆိုရင် ဒီအဆင့်လေးတွေလုပ်ကြည့်ပြီး ကာကွယ်လိုက်ပါ။

    လက်ချောင်းလေးတွေက နေရာတော်တော်များများကို ထိတွေ့နေရတာကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ အများကြီး ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်တွေကို သေချာဆေးကြောပေးဖို့ မမေ့ပါနဲ့။ရေနဲ့ ဆပ်ပြာ အလွယ်တကူမရနိုင်တဲ့အခါမျိုးမှာ လက်ကိုသန့်စင်နိုင်စေဖို့အတွက် သွားလေရာကို ရေမလိုလက်သန့်ဆေးရည် ဆောင်သွားပေးပါ။

    နှာချေချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လက်နဲ့အုပ်လိုက်မယ်ဆိုရင် လက်ဖဝါးမှာ ရောဂါပိုးတွေ ပေကျံသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်ကသူတွေအတွက်ပါ ရောဂါကင်းဖို့ဆိုရင် နှာချေချောင်းဆိုးတိုင်း တစ်သျှူးအသုံးပြုပေးပါ။ တစ်သျှူးမရှိဘူးဆိုရင် လက်ကို ကွေးလိုက်ပြီး ကွေးထားတဲ့ တံတောင်ထဲကို နှာချေချောင်းဆိုးတာမျိုး လုပ်ပေးပါ။

    အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက မျက်လုံးတွေ၊ နှာခေါင်း နဲ့ ပါးစပ်ကနေတဆင့် ခန္ဓာကိုယ်တွင်းကို ဝင်ရောက်သွားတာပါ။ ဒါကြောင့် မျက်နှာကို လက်နဲ့ခဏခဏကိုင်တဲ့အခါ ရောဂါပိုးတွေကို သယ်ပို့ပေးနေသလိုဖြစ်တာကြောင့် မျက်နှာကို လက်နဲ့ ခဏခဏမကိုင်ပါနဲ့။

    နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးပြီး အအေးမိတုပ်ကွေးရောဂါကို ကာကွယ်လိုက်ပါ။

  • အာဟာရပြည့်ဝမျှတအောင် စားသုံးပေးပါ
  • အပင်တွေကနေရတဲ့ ဗီတာမင်တွေကို သင့်တင့်မျှတအောင် စားသုံးပေးတာကလည်း ခန္ဓာကိုယ်ကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အရောင်အသွေးစုံလင်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။

  • ဆေးလိပ်မသောက်ပါနဲ့
  • ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရောဂါတွေ အလွယ်တကူဝင်ရောက်တာမျိုးမဖြစ်စေဖို့ ဆေးလိပ်ဖြတ်ပါ။ မဟုတ်ရင်လည်း လျှော့သောက်ပေးပါ။

    အရက်သောက်တာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူပါပဲ။ အရက်သောက်သုံးသူတွေက အခြားသူတွေထက် ရောဂါကူးစက်ခံရနိုင်ခြေပိုများနေသလို နောက်ဆက်တွဲရောဂါတွေ ခံစားရနိုင်ခြေလည်း ပိုများနေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က ရေဓာတ်တွေကို ဆုံးရှုံးစေနိုင်တဲ့ အရက်ကိုဖြတ်ပါ။ မဖြတ်နိုင်သေးဘူးဆိုရင်လည်း လျှော့သောက်ပေးပါ။

  • ပြည့်ပြည့်ဝဝအနားယူပေးပါ
  • နေ့စဉ်ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိအောင် ဂရုပြုပေးပါ။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ မတွေးမိအောင် သတိထားဆင်ခြင်ပါ။ အလုပ်က စိတ်ဖိစီးစရာတွေကို အိမ်ထိသယ်မလာပါနဲ့။ တရားထိုင်တာလိုမျိုး စိတ်ငြိမ်းချမ်းစေတဲ့ အလေ့အထတွေကို မွေးမြူပေးပါ။ စိတ်ဖိစီးမှုကင်းလေလေ ကိုယ်ခံအားကောင်းလေလေပါ။

    ဒါကကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုပါ။ သွားပွတ်တံ၊ မျက်နှာသုတ်ပဝါ နဲ့ အခြားသော တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေကို သီးသန့်ထားရှိအသုံးပြုတာကလည်း တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်ရာမှာ အထောက်အပံ့ဖြစ်စေပါတယ်။

    ဒီအလေ့အထလေးတွေကို သတိထားမွေးမြူပြီး ကိုယ့်ကိုကိုယ် အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေကနေ ကာကွယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement