backup og meta

ကလေး အသည်းအစားထိုးမှုနှင့်ပတ်သက်ပြီး မိဘတွေဘာသိသင့်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး အသည်းအစားထိုးမှုနှင့်ပတ်သက်ပြီး မိဘတွေဘာသိသင့်သလဲ

    တကယ်လို့ သင့်ဆရာဝန်က သင့်ကလေးရဲ့အသည်းက ပြဿနာရှိနေပြီး ခွဲစိတ်ဖို့လိုမယ်လို့ပြောလာခဲ့မယ်ဆိုရင် သင့်အနေနဲ့ စိုးရိမ်ပူပန်ကြောက်ရွံ့မှုတွေဖြစ်လာနိုင်ပါတယ်။ ခွဲစိတ်မှုဟာ ကြောက်စရာကောင်းတာမှန်ပေမယ့် အသည်းခွဲစိတ်အစားထိုးမှုပြုလုပ်ပြီးတဲ့ ကလေးအများစုဟာ ပိုမိုကျန်းမာ အသက်ရှည်စွာနေထိုင်နိုင်တယ် ဆိုတာကိုလည်းသိထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာကြောင့် အသည်းအစားထိုးမှုလိုအပ်လဲ၊ ခွဲစိတ်စဉ်မှာ ဘာတွေသိသင့်လဲဆိုတာကို ဤဆောင်းပါးတွင် နားလည်အောင်ရှင်းပြထားပါတယ်။

    ဘာကြောင့်အသည်းအစားထိုးမှုလိုအပ်တာလဲ။

    ကလေးရဲ့အသည်းဟာ သင့်တင့်လျောက်ပတ်စွာ အလုပ်မလုပ်တော့ဘူးဆိုရင် အသည်းအစားထိုးမှုလိုအပ်ပါတယ်။ သင့်ရဲ့ကိုယ်ခန္ဓါမှာ အသည်းကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အသည်းက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အစာချေဖျက်မှုအတွက်လိုအပ်တဲ့ သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ ပြီးတော့ ခန္ဓါကိုယ်ထဲမှာ အချိုဓါတ်သိမ်းဆည်းထားမှုမျိုးကိုလည်းပြုလုပ်ပေးပါတယ်။ ကလေးရဲ့ အသည်းက အလုပ်မလုပ်တော့ဘူးဆိုရင် ကလေးက ဆိုးရွားစွာဖျားနာနိုင်ပါတယ်။ အသည်းကိုထိခိုက်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့

    • အသည်းရောင်ခြင်း

    • အသည်းတွင်သံဓါတ်များစုပုံစေသော မျိုးရိုးလိုက်သည့်ရောဂါ သံဓါတ်များသောရောဂါ (Hemochromatosis)

    • အသည်းတွင်ကော့ပါးများစုပုံစေသော မျိုးရိုးလိုက်သည့်ရောဂါ (Wilson’s disease)

    • Algile Syndrome (အသည်း၊ နှလုံးနှင့် အခြားအင်္ဂါများကို ထိုခိုက်စေသော မျိုးရိုးဗီဇရောဂါ)

    • Alpha-1 Antitrypsin ချို့ယွင်းခြင်း

    ဆရာဝန်အနေနဲ့တော့ ဖြစ်နိုင်ရင် မူရင်းအသည်းကိုကုသဖို့ကြိုးစားပါလိမ့်မယ်။ မဖြစ်နိုင်ရင်တော့ အသည်းအစားထိုးခွဲစိတ်မှုက ကလေးကျန်းမာဖို့နဲ့ အသက်ရှည်နိုင်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။

    အသည်းအလှူရှင်ကို ဘယ်လိုရှာမလဲ။

    သင့်ရဲ့ဆရာဝန်က ကျန်းမာတဲ့အသည်းကိုရဖို့အတွက် အသည်းအလှူရှင်ကိုရှာရပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ အလှူရှင်ရဖို့နဲ့ သင့်ကလေးသွေး၊ တစ်ရှူး တွေနဲ့ကိုက်ညီမှုရှိတဲ့အသည်းရဖို့က အချိန်ပေးပြီး စောင့်ရတတ်ပါတယ်။ သင့်ဆရာဝန်နဲ့ အစားထိုးခွဲစိတ်မှုအဖွဲ့က ဖြစ်နိုင်သမျှစောပြီးရအောင် ရှာပေးမှာဖြစ်တဲ့အတွက် သင့်အနေနဲ့စိတ်ရှည်ရှည်ထား စောင့်ပေးဖို့လိုအပ်ပါတယ်။

    ပုံမှန်အားဖြင့် အစားထိုးဖို့ အသည်းကို သေဆုံးသွားတဲ့ အသည်းအလှူရှင်တွေစီက ယူလေ့ရှိပါတယ်။ အသက်ရှင်နေတဲ့ အလှူရှင်တွေစီက ရနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ အသည်းကို အသည်းကို ဘယ်ဘက်အခြမ်းနဲ့ ညာလက်အခြမ်းဆိုပြီး ၂ပိုင်းခွဲနိုင်ပါတယ်။ ကလေးဟာ လူကြီးတစ်ယောက်ရဲ့ အသည်း တစ်စိတ်တစ်ပိုင်းကိုပဲ လိုအပ်နိုင်ပါတယ်။ အစားထိုးလိုက်တဲ့ အသည်းအစိတ်အပိုင်းလေးက ပုံမှန်အရွယ်အစားထိ ရသတ္တပတ်အနည်းငယ်အတွင်းမှာ ပြန်ဖွံ့ဖြိုးကြီးထွားလာနိုင်ပါတယ်။ သင်(သို့)မိသားစုဝင်တစ်ယောက်ဟာ လှူဖို့ဖြစ်နိုင်မဖြစ်နိုင်ကိုတော့ သင့်ဆရာဝန်နဲ့တိုက်ပင်ကြည့်ဖို့လိုအပ်ပါတယ်။

    အသည်းခွဲစိတ်မှုပြီးရင် သင့်ကလေးကိုဘယ်လိုစောင့်ရှောက်သင့်သလဲ။

    ကလေးကို ခွဲစိတ်မှုမတိုင်ခင်၊ ခွဲနေစဉ်နဲ့ ခွဲပြီးအခြေအနေတွေမှာ ဘာတွေဖြစ်နိုင်လဲဆိုတာ ပြောပြထားသင့်ပါတယ်။ ဆရာဝန်နဲ့ဆွးနွေးတိုင်ပင်စဉ်မှာ ကလေးကို ပါဝင်စေသင့်ပါတယ်။ ဒီနည်းအားဖြင့် ကလေးရဲ့ ယုံကြည်မှုကိုရနိုင်သလို သူတို့ကိုယ်သူတို့ စိတ်ချတဲ့ခံစားမှုကိုပါ ပေးစွမ်းနိုင်ပါတယ်။

    ခွဲစိတ်အစားထိုးမှုပြီးချိန်မှာတော့ ပုံမှန်ထက်ပိုတဲ့ ဂရုစိုက်မှုမျိုးပေးသင့်ပါတယ်။ ပထမ ရက်သတ္တပတ်အချို့မှာတော့ ခက်ခဲကောင်းခက်ခဲနိုင်တာကြောင့် သင့်မိသားစုပေါ်မှာ အခက်အခဲတွေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ အရေးကြီးတာကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို တိကျစွာလိုက်နာပါ။ ညွှန်ကြားထားတဲ့ဆေးတွေကို အချိန်မှန်တိုက်ပါ။ လူထူထပ်ပြီး ဖျားနာတဲ့သူတွေနားကို မသွားသင့်ပါ။ သင့်ကလေးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလည်းရှိနိုင်ပါတယ်။ အကောင်းဘက်ကမြင်နိုင်ပြီး စိတ်ဓါတ်ကြံ့ခိုင်အောင်ကြိုးစားပါ။ နောက်ဆုံးအနေနဲ့ သင့်ကလေးဟာ သင့်ရဲ့ပြုစုစောင့်ရှောက်မှုကို အရင်ကထက်ပိုလိုအပ်နေတယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement