backup og meta

ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်း


Phyo Wai Yan မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်း

    ဂေါက်ရိုက်ခြင်းဟာ လူကြိုက်များရေပန်းစားတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ခါးပခုံး ၊ လက်ကောက်ဝတ် နှင့် ဒူးနာခြင်းတို့ကိုဖြစ်စေနိုင်ပြီး အသက်အရွယ်မရွေး ၊ အပျော်တမ်းရိုက်သူနှင့် ကျွမ်းကျင်ပညာရှင်မရွေးဖြစ်နိုင်ပါတယ်။

    ယခုဆောင်းပါးကတော့ ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်းတို့အကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ဒူးကိုဘယ်လိုသက်ရောက်စေသလဲဆိုတာနဲ့ ကာကွယ်ဖို့သင်ဘာတွေလုပ်နိုင်လဲဆိုတာကိုကြည့်ကြပါစို့ ။

    ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်း ။

    ဂေါက်ရိုက်ခြင်းဆိုသည်မှာ လှုပ်ရှားမှုပုံစံမျိုးစုံ ၊ ကိုယ်နေဟန်ထားမျိုးစုံပါဝင်ပါတယ်။ ဂေါက်ရိုက်စဉ်မှာ ဒဏ်ရာရရှိခြင်းဟာ ဒူးနာခြင်းကိုဖြစ်စေနိုင်ပါတယ် ။

    သင်ဂေါက်ရိုက်တဲ့အခါမှာ ဒူးနာခြင်းဖြစ်ပေါ်လာနိုင်ပါတယ် ။ မတော်တဆထိခိုက်ဒဏ်ရာများဟာ သင်ဂေါက်ရိုက်တံကိုလွှဲလိုက်တဲ့အခါ ခန္ဓါကိုယ်အမြန်လည်သွားခြင်းနှင့် ဆက်စပ်နေပါတယ် ။ ဒါဟာ အရွတ်တွေကိုဖိအားပိုမိုသက်ရောက်စေပါတယ်။ သင့်ဒူးမှာရှိတဲ့ အရွတ်များဟာ ဒူးကိုတည်ငြိမ်နေစေဖို့အတွက်အရေးကြီးပါတယ် ။

    ဥပမာ ဒူးအရှေ့ဘတ်ရှိ အရွတ်ဟာ ဒူးအလယ်ကနေဖြတ်သွားနေပြီး သင့်ရဲ့ဦးတည်ချက်ကိုအမြန်ပြောင်းလိုက်တဲ့အခါ ဒူးမှာဒဏ်ရာရရှိပြီး ထိုအရွတ်ဟာစုတ်ပြဲသွားနိုင်ပါတယ် ။

    သင်ဟာဒူးကိုအမြန်ကွေးခြင်း (သို့မဟုတ်) လှည့်ခြင်းပြုလုပ်တဲ့အခါအရိုးနုအရွတ်ပြားလေးဟာလည်းစုတ်ပြဲသွားနိုင်ပါတယ် ။ အပျော့စား (သို့မဟုတ်) သာမန်ကိစ္စတွေမှာသင်ဟာ ဒူးတွင်တောင့်တင်းနေခြင်းနှင့် နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။ ဒူးကိုကွေးရာမှာလည်းခက်ခဲနေနိုင်ပါတယ် ။ ဒူးပတ်လည်မှာလည်းရောင်ရမ်းနေနိုင်ပါတယ်။ ပိုပြီးပြင်းထန်တဲ့ကိစ္စတွေမှာတော့စုတ်ပြဲနေတဲ့အရိုးနုပြားလေးဟာ ဒူးဆီသို့ရွေ့လာနိုင်ပါတယ် ။ ဒါဟာ သင်လှုပ်ရှားတဲ့အခါအသံကြားနေရမည်ဖြစ်ပြီး ဒူးကိုဖြောင့်တန်းဖို့ရာ ခက်ခဲနေပါလိမ့်မယ်။

    အကယ်၍သင့်မှာ အရိုးနုပြားစုတ်ပြဲနေပြီဆိုရင်တော့ သင့်ဒူးမှာအရိုးအဆစ်ရောင်ရမ်းခြင်း ဖြစ်ဖို့အလားအလာပိုများပါတယ်။ သင်ဂေါက်ရိုက်တဲ့အခါ ထပ်ခါထပ်ခါလှုပ်ရှားမှုများဟာလည်း ဒီရောဂါကိုဖြစ်စေနိုင်ပါတယ်။ သင့်မှာအရိုးအဆစ်ရောင်ရမ်းနေတဲ့အခါသင့်ဒူးထဲမှာရှိတဲ့အရိုးနုဟာ စုတ်ပြဲသွားပြီး အရိုးများကိုအကာအကွယ်အနည်းငယ်သာပေးနိုင်ပါတော့တယ်။ ထိုအခါဒူးရှိအရိုးများသည် အချင်းချင်းပွတ်တိုက်ကြပြီး နာကျင်ခြင်း ၊ တောင့်တင်းခြင်း ၊ ရောင်ရမ်းခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ် ။ တစ်ခါတရံမှသင်ဟာခါတိုင်းလိုလှုပ်ရှားမရနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

  • ဂုတ်ညှင်းရိုးရှိအရွတ်ရောင်ခြင်း။
  • သင့်ရဲ့ဒူးတွင် ဂုတ်ညင်းရိုးနှင့် ခြေသလုံးရိုးကိုဆက်သွယ်ထားသည့်အရွတ်တစ်ခုရှိပါတယ်။ ထိုအရွတ်ဟာ သင့်ကို ကန်ရာ ပြေးရာမှာကူညီပေးပါတယ်။ ဂုတ်ညှင်းရိုးအရွတ်ရောင်ခြင်းဟာသင့်ဒူးကိုဂေါက်ရိုက်ရာတွင်အလွန်အကျွံအသုံးပြုတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ထိုအရွတ်ပေါ်ကို ဖိအားများထပ်ကာထပ်ကာသက်ရောက်တဲ့အခါ သင့်ရဲ့ဂုတ်ညှင်းရိုးအရွတ်ဟာ စုတ်ပြဲသွားနိုင်ပါတယ် ။

    ဂေါက်ရိုက်စဉ်မှာဒူးနာကျင်ခြင်းကိုဘယ်လိုကာကွယ်ကြမလဲ။

    ဂေါက်ရိုက်ခြင်းဟာ ဒူးပြဿနာအချို့ဖြစ်စေနိုင်သော်လည်း ဂေါက်ရိုက်ခြင်းကို ရှောင်ရှားဖို့အထိတော့မလိုအပ်ပါဘူး ။ နည်းလမ်းအချို့ကိုလိုက်နာပြီး ဒဏ်ရာမရရှိဘဲနှင့် ဂေါက်ရိုက်နိုင်ပါတယ် ။

    – အကယ်၍သင့်ဒူးမှာအနည်းငယ်နာကျင်ခြင်းရှိပြီး ဂေါက်ဆက်လက်ရိုက်နိုင်သေးတယ်ဆိုရင်တော့ အနီးရိုက်ချက်လေးတွေနဲ့ပဲပေါ့ပေါ့ပါးပါးစတင်သင့်ပါတယ် ။ သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို သတိထားပြီး သင့်ကိုသင်ပြန်မေးဖို့အရေးကြီးပါတယ်။ မသက်မသာဖြစ်လာလျှင် လျစ်လျူရှုပြီးမနေသင့်ပါဘူး ။

    အကယ်၍ ဂေါက်ရိုက်ရာတွင်မသက်မသာခံစားရပါက သင်ဂေါက်ရိုက်တာကို အကန့်အသတ်တစ်ခုထားပြီးရိုက်ရပါမယ်။ သင့်ကိုယ်သင်ပင်ပင်ပန်းပန်း မစေခိုင်းသင့်ပါဘူး ။

    – ဂေါက်ရိုက်တိုင်း ညင်ညင်သာသာနဲ့စတင်ရပါမယ် ။သင့်ခန္ဓါကိုယ်ဟာ အသားကျဖို့အချိန်လိုတဲ့အတွက်ဖြစ်ပါတယ်။ သင့်ရဲ့ဒူးတွင်နာကျင်မှုနဲ့မသက်မသာ မှုတွေ မခံစားရမီ ဂေါက်ရိုက်ခြင်းကို ရပ်တန့်ရပါမယ် ။

    – ဂေါက်ရိုက်တဲ့အခါ ဂေါက်ရိုက်ဖိနပ်ကိုဝတ်ဆင်ရပါမယ်။ ဒီဖိနပ်မျိုးဟာ သင်လွှဲလိုက်တဲ့အခါ ဒူးကိုလိမ်သွားစေမယ့်အားကိုလျော့နည်းစေပါတယ် ။

    ဂေါက်မရိုက်မီနှင့် ဂေါက်ရိုက်ပြီးတိုင်း အကြောလျှော့ခြင်းဖြင့် သွေးပူလေ့ကျင့်ခန်းလုပ်ရပါမယ် ။ ဒီလိုလုပ်ခြင်းဟာ သင့်ကိုတက်ကြွစေပါလိမ့်မယ်။

    အကယ်၍သင့်တွင် ဒူးဒဏ်ရာရှိတယ်လို့ထင်ပါက ဂေါက်မရိုက်သင့်ပါဘူး ။ ဒဏ်ရာရရှိနေစဉ်မှာ ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ဒူးကိုပိုမိုဆိုးဝါးသွားစေပါလိမ့်မယ်။

    – သင်အသက်ကြီးလာတဲ့အခါမှာဂေါက်ရိုက်တဲ့အကြိမ်ရေကို လျှော့ဖို့စဉ်းစားရပါမယ်။အသက်ကြီးလာတဲ့အခါဒူးနာခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ် ။

    လူအများစုဟာ ဂေါက်ရိုက်ရခြင်းကို နှစ်သက်ကြပါတယ် ။ ဒါပေမယ့် သူတို့အားလုံးဟာ ဂေါက်ရိုက်ခြင်းဟာ ဒူးနာခြင်းကိုဖြစ်စေတယ်ဆိုတာ မသိကြပါဘူး ။ သို့သော်လည်း ဂေါက်ရိုက်ရာတွင်ဒူးနာခြင်းကို သင့်တော်တဲ့အထောက်အကူပစ္စည်းများ နှင့် နည်းပညာများအသုံးပြု၍ ကာကွယ်နိုင်ပါတယ်။

    Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement