backup og meta

မမျိုးပွားအင်္ဂါများ ရောင်ရမ်းသည့်ရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မမျိုးပွားအင်္ဂါများ ရောင်ရမ်းသည့်ရောဂါ

    လုံခြုံစိတ်ချရမှုမရှိတဲ့ လိင်ဆက်ဆံမှုကတဆင့် သားဥပြွန်သားအိမ်နဲ့ သားဥအိမ်များကို ကလာမိုင်းဒီးယား သို့မဟုတ် ဆီးပူညောင်းကျရောဂါ ကူးစက်ခံရခြင်းကို မမျိုးပွားအင်္ဂါများ ရောင်းရမ်းသည့်ရောဂါ (Pelvic inflammatory disease/ PID) လို့ခေါ်ပါတယ်။

    ဒီရောဂါရှိသူတွေဟာ အပျော့စားကနေ အပြင်းစား ရောဂါလက္ခဏာတွေ ခံစားရနိုင်သလို ရောဂါလက္ခဏာ လုံးဝမပြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။

    PID ကြောင့် ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့

  • ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း
  • မိန်းမကိုယ်မှ အနံ့နံသည့် သို့မဟုတ် ထူးခြားသော အရောင်ရှိသည့် အရည်များဆင်းခြင်း
  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
  • ဓမ္မတာလာချိန် တစ်ခုနှင့်တစ်ခုကြား သွေးအနည်းငယ်ဆင်းခြင်း
  • ချမ်းတုန်ခြင်း၊ အဖျားတက်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ကျောနာခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း
  • ဆီးကျင်ခြင်း၊ ဆီးသွားများခြင်း
  • ဝမ်းဗိုက်၏ ညာဘက်အထက်ပိုင်းတွင် နာကျင်ခြင်း
  • PID ကို မကုသဘဲထားရင် မမျိုးပွားအင်္ဂါအားလုံးဆီပျံ့နှံ့ပြီး ရေရှည်မှာ အောက်ဖော်ပြပါ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

  • သားအိမ်၊ သားဥပြွန်နှင့် သားဥအိမ်များ အမာရွတ်ထင်ခြင်း
  • နေရာလွဲမှား သန္ဓေတည်ခြင်း
  • သားဥပြွန်နှင့် သားဥအိမ်များ ပြည်တည်ခြင်း
  • စမ်းသပ်စစ်ဆေးရှာဖွေခြင်း

    ဒီရောဂါရှိ၊မရှိ စောစော စမ်းသပ်စစ်ဆေးရှာဖွေခြင်းအားဖြင့် အဆိုပါပြဿနာတွေ ဖြစ်လာနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း၊ မမျိုးပွားအင်္ဂါများ စမ်းသပ်စစ်ဆေးခြင်း၊ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးခြင်း၊ သွေးနှင့်ဆီး ပိုးဝင်ခြင်းရှိမရှိ စစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုများ ပြုလုပ်ပြီး PID ရှိ၊ မရှိ ရှာဖွေအတည်ပြုနိုင်ပါတယ်။ အာလ်ထရာဆောင်း သို့မဟုတ် CAT (CT) scan ရိုက်ခြင်းအားဖြင့်လည်း မမျိုးပွားအင်္ဂါတွေရဲ့ အခြေအနေ၊ သားဥပြွန်နဲ့ သားဥအိမ်များ ပြည်တည်ခြင်း ရှိမရှိ၊ နေရာလွဲမှား သန္ဓေတည်ခြင်းရှိ၊ မရှိ သိရှိနိုင်ပါတယ်။

    ကုသခြင်း

    PID ဖြစ်ရခြင်းရဲ့ အဓိကတရားခံဖြစ်တဲ့ ပိုးဝင်ခြင်းကို ကုသဖို့ ရက်သတ္တပတ် ၂ပတ်အထိ ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးရဖို့ရှိသလို မိမိသောက်ရမယ့် အကြိမ်ရေနဲ့ ဆေးပမာဏအတိုင်း မပျက်မကွက် အတိအကျသောက်သုံးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် PID ရောဂါရှိသူ အမျိုးသမီးတိုင်း ကုသမှုစတင်ပြီး ၂ရက် ၃ရက်အတွင်း အခြေအနေတိုးတက်မှုရှိမရှိ ပြန်လည်စစ်ဆေးမှုခံယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အဖျားတက်ခြင်း၊ အော့အန်ခြင်း၊ ဆေးသောက်ရုံနှင့် ရောဂါမသက်သာခြင်း၊ ကိုယ်ဝန်ရှိခြင်း စတဲ့ အခြေအနေတွေမှာ ဆေးရုံတက်ကုသရမှာဖြစ်ပြီး မမျိုးပွားအင်္ဂါတွေ ပြည်တည်တဲ့အဆင့်ထိ ရောက်လာခဲ့ရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။

    PID သာမက လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရရှိမလာအောင် ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု အလေ့အကျင့်များကို လိုက်နာဆောင်ရွက်ဖို့နဲ့ လိင်ဆက်ဆံတဲ့ အဖော်အရေအတွက်ကို တတ်နိုင်သမျှ ကန့်သတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ရော သင့်အဖော်ပါ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး အဆိုပါရောဂါတွေရှိ၊မရှိ ပုံမှန်စစ်ဆေးဖို့ အလွန်အရေးကြီးကြောင်း အသိပေးလိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement