backup og meta

မိန်းမကိုယ်နှုတ်ခမ်းသားမှာ အဖုအကျိတ်အလုံး လေးတွေ စမ်းမိတယ်။ ဘာရောဂါဖြစ်နိုင်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်နှုတ်ခမ်းသားမှာ အဖုအကျိတ်အလုံး လေးတွေ စမ်းမိတယ်။ ဘာရောဂါဖြစ်နိုင်လဲ။

    အမျိုးသမီး တစ်ယောက်အတွက် မိန်းမကိုယ်ဆိုတာ အရမ်းကို ဂရုစိုက် ရတဲ့ အရာတစ်ခုပါ။ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ မိန်းမကိုယ်အပြင်ပိုင်းကို သန့်စင်ဆေးကြောရတယ်။ မိန်းမကိုယ် ပိုးဝင်တာ မဖြစ်ဖို့ အတွင်းခံကို မှန်မှန်လဲပေးရတယ်။ ဒီလောက် ဂရုစိုက်နေတဲ့ ကြားထဲကတောင် မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဖုအကျိတ်လေးတွေ ထွက်လာခဲ့ရင် ခေါင်းကြီးသွားတတ်ကြတာ မိန်းကလေးတိုင်းပါ။ ဒီလို မိန်းမကိုယ်နှုတ်ခမ်းသားမှာ အဖုအကျိတ်အလုံး လေးတွေ ပေါ်လာတဲ့ ကိစ္စက စိုးရိမ်ရလား။

    သားဖွားမီးယပ်ဆရာဝန်တွေ ပြောပြချက်အရတော့ ဒီလို မိန်းမကိုယ်နှုတ်ခမ်းသား မှာ အလုံးအကျိတ်လေးတွေ စမ်းမိတိုင်း ကင်ဆာကို စိတ်ပူစရာ မလိုပါဘူး။ မိန်းမကိုယ်က အလုံးအကျိတ်တွေဟာ များသောအားဖြင့် ယာယီလောက်သာဖြစ်တတ်ပြီး သူ့ဘာသာပြန်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းအရာတွေကြောင့် မိန်းမကိုယ်နှုတ်ခမ်းသားမှာ အလုံးအကျိတ်တွေပေါက်လဲဆိုတာ သိထားရင် ပိုကောင်းတာပေ့ါ။

    မိန်းမကိုယ်နှုတ်ခမ်းသားမှာ အဖုအကျိတ်အလုံး လေးတွေ စမ်းမိတာ ဘာကြောင့်လဲ။

    ( ၁ ) လိင်အင်္ဂါတစ်ဝိုက် ဝက်ခြံပေါက်ခြင်း။ 

    ဝက်ခြံဆိုတဲ့အရာဟာ မျက်နှာမှာပဲ ပေါက်တတ်တဲ့ အမျိုးမဟုတ်ပါဘူး။ မျက်နှာအပြင် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ မှာလည်း ပေါ်တတ်ပါတယ်။ အဲဒီအထဲမှာမိန်းမကိုယ်လည်းပါတာပေ့ါ။ မျက်နှာမှာပေါက်တဲ့ ဝက်ခြံ တွေလိုပဲ နီရဲပြီးရောင်နေတဲ့ အနီဖုလေးတွေ အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။

    ဒီလို မိန်းမကိုယ်အရေပြားမှာပေါက်တဲ့ ဝက်ခြံက အခြားနေရာက ဝက်ခြံတွေလိုပဲ သူ့ဘာသာ ပြန်ပျောက်သွားတာများပါတယ်။

    ( ၂ ) ဆီးခုံမွေးဖယ်ရှားခြင်း။ 

    ဆီးခုံ‌မွေးတွေရိတ်ပြီးတဲ့နောက် မိန်းမကိုယ်နားမှာ စူးနေတာမျိုး၊ ယားနေတာမျိုးခံစားဖူးကြမှာပါ။ ဒါ့အပြင် နောက်ပိုင်း အမွေးတွေ ပြန်ထွက်လာတဲ့အခါ အသားကို အမွေးတွေ မဖောက်နိုင်လို့ အဖုသေးသေးလေးတွေဖြစ်ပြီး ရောင်နေတာမျိုး၊ ရိတ်လိုက်တဲ့နေရာကနေ ပိုးဝင်သွားတာမျိုးတွေ ဖြစ်ပြီး မွေးညှင်းအိတ်လေးတွေရောင်တာကနေ အဖုသေးသေးလေးတွေ ပေါက်နေ နာနေတာ မျိုး ဖြစ်တတ်ပါတယ်။

    ( ၃ ) အဆီဂလင်းများရောင်ခြင်း။ 

    မိုးလင်းကနေ မိုးချုပ်ထိ အလုပ်စားပွဲမှာ အလုပ်ထိုင်လုပ်ရတာများရင် မိန်းမကိုယ်အတွင်းပိုင်းမှာ ချွေးအိုက်ပြီး အတွင်းခံတွေမှာ ချွေးစိုနေတတ်ပါတယ်။ တစ်ချိန်လုံးလည်း ထိုင်နေရတော့ မိန်းမကိုယ်ကို ရသင့်သလောက် အောက်ဆီဂျင်တွေ မရတော့တာကတစ်ကြောင်း၊ ချွေးစိုနေတဲ့ အတွင်းခံနဲ့ ပွတ်ပွတ်မိနေတာကတစ်ကြောင်း မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဆီဖုလေးတွေ ပေါက်တတ်ပါတယ်။ ဒါကလည်း စိုးရိမ်စရာမရှိလဲ သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။

    ( ၄ ) လိင်အင်္ဂါကြွက်နို့။ 

    မိန်းမကိုယ်အရေပြားတစ်ဝိုက်မှာ အဖုအကျိတ်တွေပေါ်ရင် လိင်အင်္ဂါကြွက်နို့ကို ချန်ထားခဲ့လို့ မရပါဘူး။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်တဲ့ HPV ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ရတာပါ။ အဖုလေးတွေရဲ့ မျက်နှာပြင်က ချောချောလေးဖြစ်နေပြီး အသားအရောင်တိုင်း ( ဒါမှမဟုတ်) အသားအရောင်ထက် ရင့်နေတဲ့ အဖုလေးတွေ အဖြစ်မြင်ရမှာ ဖြစ်ပါတယ်။

    ကြွက်နို့ကိုယ်တိုင်ကတော့ အခြားပြဿနာကြီးကြီးမားမားမဖြစ်စေပေမယ့် HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင် သားအိမ်ခေါင်းကင်ဆာ တွေပါ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့သေချာသွားစစ်ဆေးဖို့တော့လိုပါတယ်။

    ( ၅ ) Bartholin’s cyst

    မိန်းမကိုယ် အပေါက်ဝနားတစ်ဝိုက်က အရေပြားပေါ်မှာ အဖုလေးတွေ စမ်းမိရင် မိန်းမကိုယ်တွင်း ရောဂါပိုးဝင်ရာကကြောင့် Bartholin ဂလင်းရောင်တာဖြစ်နိုင်ပါတယ်။ ဒီ ဂလင်းတွေသီးသန့်ဆို ဘာပြဿနာမှ မရှိတတ်ပေမယ့် ပိုးဝင်ပြီး နာနေတာ၊ ပြည်တည်နေတာမျိုးဖြစ်ရင်တော့ ပြည်တွေဖောက်ထုတ်ခွဲစိတ်ဖို့လိုလာပါပြီ။

    သေးရင်တော့ သူ့ဘာသာ ပြန်ပျောက်သွားမယ့် အချိန်ကို စောင့်ရမှာဖြစ်ပြီး ကြီးပြီး နာနေရင်တော့ ဆရာဝန်ဆီ သေချာသွားပြသင့်ပါတယ် ။

    ( ၆ ) အခြားဖြစ်တတ်တဲ့ ပြဿာနာတွေကတော့

  • လိင်အင်္ဂါ ရေယုန်ပေါက်တာ
  •  ကာလသားရောဂါကြောင့် နာတဲ့ အဖုတွေပေါက်နေတာ
  •  မိန်းမကိုယ်မှာရှိတဲ့ ချွေးဂလင်းလေးတွေ ပိုးဝင်ပြီးရောင်နေတာ တွေကလည်း မိန်းမကိုယ်အပြင်ဘက် အရေပြားမှာ အဖုအကျိတ်လေးတွေ ပေါက်စေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ် ။ ။
  • မိန်းမကိုယ် အရေပြားမှာ ပေါက်တတ်တဲ့ အဖုအကျိတ်လေးတွေက အများအားဖြင့် ယာယီသာပေါက်ပြီး သူ့ဘာသာပြန်ပျောက်သွားတယ်ဆိုပေမယ့် ကြီးကြီးမားမား ပြဿနာတွေလည်း ရှိနိုင်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီ သေချာသွားပြတာ အကောင်းဆုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement