ဝေဒနာ ခံစားနေရတာမရှိဘူး၊ ဘာမှမဖြစ်ဘူး၊ ပုံမှန်လှုပ်ရှားသွားလာနိုင်နေတယ်ဆိုတာနဲ့ ကိုယ့်မှာဘာရောဂါမှမရှိဘူး၊ ကျန်းမာတယ် လို့သေချာပြီလား။ခေါင်းကိုက်တာ၊ဗိုက်အောင့်တာ၊ ဟိုနားဒီနားနာကျင်တာ စတဲ့အသေးအဖွဲလက္ခဏာတွေတော့ဖြစ်ကြမှာပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ဝေဒနာ ခံစားနေရတာမရှိဘူး၊ ဘာမှမဖြစ်ဘူး၊ ပုံမှန်လှုပ်ရှားသွားလာနိုင်နေတယ်ဆိုတာနဲ့ ကိုယ့်မှာဘာရောဂါမှမရှိဘူး၊ ကျန်းမာတယ် လို့သေချာပြီလား။ခေါင်းကိုက်တာ၊ဗိုက်အောင့်တာ၊ ဟိုနားဒီနားနာကျင်တာ စတဲ့အသေးအဖွဲလက္ခဏာတွေတော့ဖြစ်ကြမှာပါ။
ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဒီလိုအသေးအဖွဲလေးတွေက ကိုယ့်မှာရှိနေတဲ့ရောဂါအကြောင်းရင်းခံတွေကိုဖော်ပြနေကြတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်နေသလား၊ကျန်းမာရေးအတွက်မကောင်းတဲ့ နေထိုင်စားသောက်မှုပုံစံတွေလုပ်မိနေသလားစတဲ့ ကိုယ့်အခြေအနေတချို့က အန္တရာယ်ရှေ့ပြေးအချက်တွေဖြစ်နေနိုင်လို့ အလေးပေးလေ့လာသုံးသပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
များသောအားဖြင့် ကျွန်မတို့မိန်းကလေးတွေက အလုပ်တွေများနေရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မိဖို့မေ့နေတတ်တယ်။ အလှအပကလွဲလို့ပေါ့။ ခန္ဓါကိုယ်ထဲမှာ တခုခုခံစားမိနေလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဒီလိုပဲနေလိုက်ကြတာပဲ။ အရေးကြီးတဲ့ရောဂါလက္ခဏာတစ်ခုခုဖြစ်နေနိုင်မလားဆိုတာလည်းမသိဘဲ အမှုမဲ့အမှတ်မဲ့နေမိကြတယ်။ မိသားစုဗာဟီရကိစ္စတွေနဲ့ လုံးလည်လိုက်နေတဲ့ အိမ်ရှင်မတွေဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် ကျန်းမာရေးဆိုတာ ကျား မ မရွေး မပေါ့လျော့သင့်တဲ့အရာတစ်ခုဖြစ်သလိုရောဂါကိုကြိုတင်မကာကွယ်နိုင်ရင်တောင်စောစောကုသနိုင်ဖို့က ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တယ်ဆိုတာပါပဲ။
အသက်အရွယ်ကြီးကြီး ငယ်ငယ် မိန်းကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေရှိပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူမယ်ဆိုရင်ရောဂါရှိမရှိကြိုသိရတော့ ဆင်ခြင်နေထိုင်လို့ရတာပေါ့။ အဖြစ်များတဲ့ နှလုံးရောဂါ၊ ဆီးချိုသွေးချိုနဲ့ ကင်ဆာတချို့ကိုတောင်ဖြစ်ခါစမှာစောစောသိရရင် ကုသမှုအချိန်မီပြီး သက်တမ်းစေ့ကျန်းမာစွာနေနိုင်ပါတယ်။ တချို့ရောဂါတွေက အသက်ကြီးမှဖြစ်တတ်တာလို့သိထားပြီး ငယ်ရွယ်တုန်း မစစ်ဆေးခဲ့ရင် ဒုက္ခရောက်နိုင်ပါတယ်။ ဥပမာ ကိုယ်က ဆီးချိုသွေးချိုလို ရောဂါကြီးတစ်ခုခုကို မိသားစုမျိုးရိုးရှိတယ်ဆိုရင် အသက်ငယ်ပေမယ့် ပိုစစ်ဆေးသင့်ပါတယ်။
နှလုံးရောဂါအတွက် ဆရာဝန်ပြပြီး ECG (Electrocardiogram ) နဲ့စစ်ဆေးနိုင်သလို နှလုံးရောဂါနဲ့ဆက်စပ်နေတဲ့ အရေးကြီးအချက်တွေကို စစ်ဆေးကြည့်ဖို့လိုပါတယ်။
သားအိမ်ခေါင်းကင်ဆာဟာ မိန်းကလေးတွေမှာ အဖြစ်များဆုံးကင်ဆာတွေထဲပါဝင်ပါတယ်။ ပျိုဖော်ဝင်ချိန်ကစလို့ သားအိမ်ခေါင်းကင်ဆာရှိမရှိကို စတင်စစ်ဆေးနိုင်ပါတယ်။အသက် ၂၁ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေဟာPap Test (သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း)ကို သုံးနှစ်တစ်ကြိမ်ခံယူသင့်ပါတယ်။
မကြာခဏသတိထားစစ်ဆေးသင့်တဲ့အထဲမှာ ဆီးချိုသွေးချိုစစ်ဆေးမှုလည်းပါဝင်ပါတယ်။ အစာနဲ့ ၈ နာရီဝေးတဲ့အချိန်သွေးတွင်းသကြားဓါတ်စစ်ဆေးသင့်ပါတယ်။ အိမ်မှာသွေးဖောက်စစ်ဆေးလို့ရပေမယ့် ရောဂါလက္ခဏာသံသယရှိလာရင် ဆေးခန်းမှာ HbA1C စစ်ဆေးမှုခံယူပြီး ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
ကိုယ်က –
ရင်သားကင်ဆာနဲ့ မမ်မိုဂရမ်စစ်ဆေးမှု
အသက် ၄၀ကနေ ၇၅နှစ်အတွင်း အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် ဒီစစ်ဆေးမှုခံယူသင့်ပါတယ်။ မိသားစုထဲမှာ မျိုးဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာရှိသူ မျိုးရိုးရှိတယ်ဆိုရင် မမ်မိုဂရမ်စစ်ဆေးမှုကို ပိုပြီးခံယူသင့်ပါတယ်။
အမျိုးသမီးတစ်ဦးဟာ –
အရိုးပွရောဂါရှိမရှိ သိနိုင်ဖို့ စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ ဒါမှ သင့်ကျန်းမာရေးအခြေအနေကို ဆရာဝန်က သုံးသပ်ပြီး သင့်တော်တဲ့ ကုသစောင့်ရှောက်မှုပေးနိုင်မှာဖြစ်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။