backup og meta

လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက်

    လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက် အကြောင်း လေ့လာလိုက်ရအောင်နော်။ အမျိုးသမီး လိင် အင်္ဂါ အစိတ် အပိုင်းထဲမှာ အရှုပ် ထွေးဆုံး အစိတ် အပိုင်းတစ် ခု ကို ပြောပါဆိုရင် အမျိုးသမီး လိင် အင်္ဂါ အ စေ့လို့ ပြောရမှာ ဖြစ် ပါတယ် ။ အမျိုးသမီး လိင် အင်္ဂါ အ စေ့ Clitoris ဟာ နှစ် ပေါင်းများစွာကတည်းက လူအများ လွဲမှားစွာ နားလည် ထားကြတဲ့ အင်္ဂါ အစိတ် အပိုင်းတစ် ခုလည်းဖြစ် ပါတယ် ။ နို့တိုက် သတ္တဝါ အမသတ္တဝါ တွေအားလုံး၊ ငှက် အမနဲ့ တွားသွားသတ္တဝါ တစ် ချို့ နဲ့ မြွေတစ် ချို့တို့မှာ Clitoris လို့ ခေါ်တဲ့ အမျိုးသမီး လိင် အင်္ဂါ အ စေ့ ရှိကြပါတယ် ။

    လူသား တွေမှာ တော့ Clitoris လို့ ခေါ်တဲ့ အမျိုးသမီး လိင် အင်္ဂါက လိင် ပိုင်းဆိုင် ရာ သာယာမှု အတွက် တော် တော် အ ရေးပါတဲ့ အင်္ဂါ တစ် ခုဖြစ် ပါတယ် ။ တကယ်တော့ ဒီအင်္ဂါအစိတ်အပိုင်းဟာ ကမ္ဘာလူဦးရေ တစ်ဝက်ခန့်ရှိ အမျိုးသမီးတွေမှာ ရှိကြတဲ့ အင်္ဂါတစ်ခု ဖြစ်ပေမဲ့ လူအများစုက ဒီအင်္ဂါအကြောင်း အသေးစိတ် မသိသေးကြပါဘူး။ ကျွန်တော် ဒီဆောင်းပါးလေးထဲမှာတော့ Hello ဆရာဝန် ကျန်းမာရေး ပရိတ်သတ်များအတွက် Clitoris လို့ခေါ်တဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ရဲ့ ဖွဲစည်းပုံ၊ ကျန်းမာရေးနဲ့ အိမ်ထောင်ရေး အပေါ် ဘယ်လောက်သက်ရောက်မှု ရှိလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

    လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက်

    လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက် တွေကတော့

    ၁။ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ဟာ အစေ့လေး တစ်ခုသာ မဟုတ်ပါဘူး။

    Image : Wiki

    အမျိုးသမီး လိင် အင်္ဂါ အ စေ့ Clitoris ရဲ့ သဘာဝ ကို သူ့ရဲ့ နာမည် မှာ တင် အရှင်းသားမြင် ရနိုင် ပါတယ် ။ Clitoris ရဲ့မူရင်းစကားဟာ ရှေး ဟောင် းဂရိစကား Kleitoris မှ ဆင်းသက် လာတာ ဖြစ် ပြီး အဓိပ္ပါယ် က တော့ တောင် ကုန်းက လေး လို့ အဓိပ္ပါယ် သက် ရောက် ပါတယ် ။ ဒါ့အပြင် Kleitoris ဆိုတဲ့ စာလုံးထဲက Kleis ရဲ့ အဓိပ္ပါယ် ကလည်း သော့ လို့ အဓိပ္ပါယ် ရပါ သေးတယ် ။ တကယ် တော့ ဒီအင်္ဂါ လေးဟာ အမျိုးသမီး တွေလိင် ပိုင်းဆိုင် ရာ သာယာမှု အတွက် သော့ချက် အင်္ဂါ တစ် ခု ဖြစ် ပါတယ် ။ ဒါ ပေမဲ့ အမျိုးသမီးလိင် အင်္ဂါအ စေ့ Clitoris ဟာ ကျွန် တော် တို့ ထင် ထားသလို အပြင် က နေ မြင်တွေ့ရတဲ့ အင်္ဂါ အစေ့လေး တစ်ခုပဲ မဟုတ် ပါဘူး။ ဒါဟာ Clitoris ရဲ့ အစိတ် အပိုင်း သေး သေး လေးတစ် ခုသာ ရှိပါ သေးတယ် ။ ကျွန် တော် တို့ မျက် စိနဲ့ မြင် ရတဲ့ အစေ့လေး ကို အမျိုးသမီး လိင် အင်္ဂါ အ စေ့ ထိပ်ခေါင်း (glans clitoris) လို့ ခေါ်ပါတယ် ။ ဒီအစိတ် အပိုင် းကိုပဲ ကျွန် တော် တို့ မျက် လုံးနဲ့အလွယ် တစ် ကူ မြင် ရတာဖြစ် ပါတယ် ။ တကယ့် အမျိုးသမီး လိင် အင်္ဂါ အ စေ့ဟာ ဒီထက် ပိုကြီးပြီး ဒီ လို ကျွန် တော် တို့ မျက် စိနဲ့ မြင် ရတဲ့ အစိတ် အပိုင် းဟာ Clitoris တစ် ခုလုံး မဟုတ် ကြောင်း လူအများ သိရှိလာတာ နှစ် ပေါင်း အနည် းငယ် သာ ရှိပါ သေးတယ် ။

    Clitoris မှာ အဓိ အစိတ် အပိုင်း ၃ ခုရှိပါတယ် ။ အဲ့ဒါ တွေက တော့

    (၁) glans clitoris။

    ဒီအစိတ် အပိုင် းက မျက် လုံးနဲ့ မြင် ရတဲ့ တစ် ခုတည် း တော့ အပိုင် း ဖြစ် ပြီး အင်္ဂါ အစိတ် အပိုင်းတစ် ခုလုံးရဲ့ ၅ ပုံတစ် ပုံ (သို့မဟုတ် ) ဒီထက် ပို သေးပါတယ် ။

    (၂) Clitoris ဘေးအလွှာ ၂ ခု။

    ဒီ Clitoris ရဲ့ ဘေးအလွှာ ၂ ခုဟာ စောင် လိုပဲ Clitoris ခေါင်းမှ ဖြာဆင်းသွားပြီး Vulva လို့ ခေါ်တဲ့ အမျိုးသမီး အင်္ဂါ နှုတ် ခမ်းသားတစ် ရှုး တွေအတွင်းပိုင်းအထိ တစ် ဖက် တစ် ချက် စီ ဆင်းသွားပါတယ် ။

    (၃) မွေးလမ်းကြောင်း ဝင်ပေါက် ဘေးနားက အဖု (၂) ခု။

    Image : Hello clue

    မွေးလမ်းကြောင်း အဝင်ပေါက် ဘေး ၂ ဘက် ၂ ချက်မှာ တည်ရှိနေတဲ့ အဖု ၂ ခုဟာ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေ ဖြစ်ပြီး အမျိုးသမီး အင်္ဂါနမိတ်ဝက ကြည့်ရင် မြင်ရမှာ မဟုတ်ပါဘူး။ ဒီအဖု နှစ်ခုဟာ အမျိုးသမီး အင်္ဂါ နှုတ်ခမ်းသားရဲ့ နောက်မှာ ရှိကာ ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်း တို့ကို ဘေးက ဖြတ်သွားတာ ဖြစ်ပါတယ်။ ဒီအဖု (၂) ခုနဲ့ Clitoris ဘေးအလွှာ ၂ ခု (crura) မှာ ထောင်မတ်တစ်ရှုးတွေ ပါဝင်ပြီး လိင်စိတ် လှုံ့ဆော်ခံရတဲ့ အချိန်မှာ သွေးများပြည့်တင်းလာပြီး ဖောင်းကားလာပါတယ်။ မွေးလမ်းကြောင်း တစ်ဖက်တစ်ချက်မှာ ဖောင်းကားလာခြင်းဖြင့် မွေးလမ်းကြောင်း အတွင်း ချောဆီပိုထွက်စေလာနိုင်ပြီး အာရုံခံစားမှုနဲ့ လိင်ခံစားမှုကို ပိုတိုးတက်လာစေနိုင်ပါတယ်။

    အစိတ် အပိုင် းတစ် ခုလုံးဆိုရင် Clitoris ဟာ စုစု ပေါင်း ၇ စင် တီမီတာ လောက် ရှိနိုင် ပါတယ် ။ Clitoris ထိပ် ခေါင်းတစ် ခု တည်းက ကို ၄-၇ မီလီမီတာ လောက် အထိ ရှိ ပါတယ် ။ အမျိုးသမီး လိင် အင်္ဂါ အစိတ် အပိုင်း ထိပ် ခေါင်းမှာ နာဗ် ကြောထုံး တွေ အများဆုံးပါဝင် နေတဲ့ အတွက် လိင် ပိုင် းဆိုင် ရာ သာယာမှုကို ဖြစ် ဖို့ အတွက် အဓိက အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေတာပါ။

    ၂။ လိင်ပိုင်းဆိုင် ရာ ခံစားချက်အတွက် အဓိကအကျဆုံး နေရာ အစိတ် အပိုင်းတစ်ခု။

    အာရုံခံနိုင် စွမ်း မြင့်မားတာ ကြောင့် အမျိုးသမီး လိင် အင်္ဂါ အစိတ် အပိုင်းဟာ အမျိုးသမီး လိင် ခံစားမှု အထွတ်အထိပ် ရောက် ခြင် းမှာ အဓိက ကျတဲ့ နေရာတစ် ခု ဖြစ် ပါတယ် ။ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ရဲ့ ထိပ်ခေါင်းမှာ နာဗ်ကြောထုံး ၈၀၀၀ ခန့် ပါဝင်တဲ့အတွက် အာရုံခံစားမှု အမြင့်မားဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီနာဗ်ကြောပမာဏဟာ အမျိုးသား လိင်တံမှာ ပါဝင်တဲ နာဗ်ကြောထုံး ပမာဏရဲ့ ၂ ဆ ခန့်ရှိပါတယ်။ အပြာကား တွေကြောင့် လူအများက အမျိုးသမီး လိင် ခံစားမှု အထွတ် အထိပ် ရောက် ခြင်းဟာ လိင် အင်္ဂါ ထိုးသွင်းဆက်ဆံခြင်းမှသာ ရတာ ဖြစ် တယ် လို့ မှားယွင်းစွာ သိထားကြပါတယ် ။ ဒါ ပေမဲ့ သိပ္ပံပညာအရ တော့ ဒီလိုဟုတ် ပါဘူး။ အမျိုးသမီးတော်တော်များများဟာ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ကို လှုံ့ဆော်မှသာ လိင်ဆက်ဆံချိန် ခံစားချက် အထွတ်အထိပ်ရောက်တတ်လေ့ ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) အမျိုးသမီးတွေ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ဖို့ အတွက် အဓိက အကျဆုံးနေရာတစ်ခုလို့ခေါ်ရမှာပါ။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်း Vagina ဟာ ဆေးပညာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အမျိုးသမီး အင်္ဂါ နမိတ်ဝ (Vulva) နဲ့ သားအိမ်ခေါင်းကို ဆက်သွယ်ပေးထားတဲ့ မျိုးပွားအင်္ဂါ ပြွန်ချောင်းတစ်ခုသာ ဖြစ်ပြီးလိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ခြင်းကို ဖြစ်စေနိုင်တဲ့ ဖွဲ့စည်းပုံမရှိဘူးလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ ဒီတော့ အမျိုးသမီးတွေ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ခြင်းဟာ နာဗ်ကြောဆုံးတွေ တစ်စုတစ်စည်းတည်းတည်ရှိနေတဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ကြောင့်သာ ရောက်ရတာ ဖြစ်ပါတယ်။

    ၃။ အမျိုးသား လိင်အင်္ဂါ (Penis) နဲ့ ဖွဲ့စည်းပုံတူတဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ။

    အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ဟာ အမျိုးသားတွေရဲ့ လိင်တံ (Penis) နဲ့ ဖွဲ့စည်းပုံဆင်ပါတယ်။ အမိဝမ်းတွင်း သန္ဓေသားဘဝမှာ သန္ဓောသားတွေအားလုံးက ခန္ဓါကိုယ် အစိတ်အပိုင်းတွေ အတူတူဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှ ဖွဲ့စည်းပုံခြင်း ကွာသွားလို့သာ ကျား၊ မကွဲသွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေလိုရင်သွေးတွေကို နို့တိုက်စရာမလိုတဲ့ အမျိုးသားတွေမှာတောင် ရင်သားထိပ်ခေါင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ အမျိုးသားတွေဟာ ရင်သားထိပ်ခေါင်းတွေပါဝင်နေပေမဲ့ ဒီရင်သားတွေဟာ သန္ဓေသား အဆင့်တုန်းကလိုပဲ ဆက်လက်မကြီးထွားတော့ပါဘူး။ ဒီလိုပုံစံပဲ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) နဲ့ အမျိုးသားလိင်တံက တူနေတာ ဖြစ်ပါတယ်။ သန္ဓေအောင် မျိုးဥက သားအိမ်ထဲမှာ တွယ်ကပ်အပြီး ၆ ပတ် အကြာမှာ အမျိုးသား သဘာဝ ဟော်မုန်းတွေက သန္ဓေသားကို သက်ရောက်ပါတယ်။ အဲ့အချိန်မှာ သန္ဓေသား အမျိုးသားဆဲလ် တွေက ဒီဟော်မုန်းတွေကို အမျိုးသား ခန္ဓါကိုယ် ဖွဲ့စည်းပုံတွေ ဖြစ်တဲ့ လိင်တံ၊ဝှေးစေ့ နဲ့ ကပ်ပယ်အိတ်တွေ ဖြစ်ပေါ်ခြင်းဖြင့် တုံ့ပြန်ပါတယ်။ အမျိုးသမီး သန္ဓေသားဆဲလ်တွေကတော့ ဒီဟော်မုန်းတွေကို မတုံ့ပြန်ဘဲ ပုံမှန် လိင်အင်္ဂါ ဖွဲ့စည်းပုံဖြစ်တဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့၊ မျိုးဥအိမ်နဲ့ အမျိုးသမီး အင်္ဂါ နှုတ်ခမ်း အဖြစ် ဖွဲ့စည်းဖြစ်ပေါ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) မှာ Glans လို့ခေါ်တဲ့ ထိပ်ခေါင်း ၊ Hood လို့ခေါ်တဲ့ ထိပ်ငုံအရေပြား၊ ထောင်မတ်တစ်ရှုးတွေနဲ့ သေးငယ်တဲ့ အတံလေးတစ်ခုပါ ပါဝင်ပါတယ်။ ဒီအရာတွေအားလုံးဟာ အမျိုးသား လိင်တံမှာလည်း ပါဝင်နေပါတယ်။

    ၄။ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ရဲ့ အခန်း ကဏ္ဍက ဘယ်လောက်ရှိနေသလဲ။

    အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) နဲ့ အမျိုးသား လိင်တံက ပုံစံချင်း ဆင်တူတယ်ဆိုပေမဲ့ အမျိုးသား လိင်တံမှာက လိင်ပိုင်းဆိုင်ရာ ခံစားမှု၊ မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်နဲ့ ဆီးစွန့်ထုတ်ခြင်းကို ပါ လုပ်ဆောင်နိုင်ပေမဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) အစေ့မှာတော့ လုပ်ဆောင်ချက်က တစ်ခုတည်း ရှိပါတယ်။ အဲ့ဒါကတော့ လိင်ပိုင်းဆိုင်ရာ ခံစားမှုကို လှုံ့ဆော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ခန္ဓါကိုယ်ဖွဲ့စည်းပုံရဲ့ လက်ဆောင်တစ်ခုလို့လည်း ဆေးပညာရှင်တွေက ခေါ်ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေ လိင်ပိုင်းဆိုင်ရာ ခံစားချက် အထွတ်ထိပ် ရောက်သွားပြီဆိုရင် သုက်ထွက်ခြင်း ဖြစ်ပေါ်ပါတယ်။ သုက်ထွက်ခြင်းဟာ မျိုးပွားခြင်းအတွက် အရမ်းအရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ အမျိုးသမီး တွေမှာကျတော့ မျိုးဥကြွေခြင်းဟာ လိင်ဆက်ဆံခြင်းနဲ့ မဆိုင်ဘဲ သူ့ဘာသာ အမှီအခို ကင်းစွာနဲ့ လုပ်ဆောင် နေတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တာကြောင့် ဆေးပညာရှင်တွေကတော့ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရာက်ခြင်းဟာ မျိုးပွားခြင်းနဲ့ မဆိုင်ဘဲ ခံစားချက်ကောင်းစေရန်အတွက်သာ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

    (၅) လူအများစု မသိကြသေးတဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) ။

    ခေတ်မှီတိုးတက်နေတဲ့ အနောက်နိုင်ငံတွေမှာတောင် အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris)အကြောင်းကို ၂၀၀၉ ခုနှစ်မှ သေချာလေ့လာပြီး တိတိကျကျ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ တစ်ခုတည်းသော လုပ်ဆောင်ချက်ဟာ လိင်ပိုင်းဆိုင်ရာ ခံစားချက်အတွက်သာ ဖြစ်တဲ့ အတွက်ကြောင့် မိဘများနဲ့ ကျွမ်းကျင်သူ ဆေးပညာရှင်များကပါ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) အကြောင်းကို ထုတ်မပြောတတ်ကြပါဘူး။ ဒီလို အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားချက်အကြောင်း လျစ်လျူရှုထားခြင်းက အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာ ဘဝတွေကိုပါ ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Clitoris) အကြောင့် သေသေချာချာနားလည်ထားမယ်ဆိုရင် အမျိုးသမီးတွေကို သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုအကြောင်း ပိုမိုသိရှိလာစေနိုင်ပြီး သာယာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်လာစေနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement