backup og meta

သားဥအိမ်ကင်ဆာအတွက် ရှောင်သင့်သော အစားအသောက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Nyan Linn မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဥအိမ်ကင်ဆာအတွက် ရှောင်သင့်သော အစားအသောက်များ

    သင့်တော်သော အစားအသောက်ပုံစံ က သားဥအိမ်ကင်ဆာဝေဒနာရှင် တစ်ဦးအတွက် အလွန်အရေးကြီးပါတယ်။ ကင်ဆာဖြစ်ပါက စားသုံးရမည့် အစားအစာများ အပြင် ရှောင်ကြဉ်ရမည့် အစားအစာများ အကြောင်း စဉ်းစားကြည့်မိဘူးပါလား။ သားဥအိမ်ကင်ဆာဖြစ်ပါက သင့်ရဲ့ နေ့စဉ် အစားအသောက် စာရင်းမှ ထုတ်ပစ်ရမည့် အစားအစာများကို အောက်တွင် ဖေါ်ပြထားပါတယ်။

    အရက်

    ကင်ဆာဆေးသွင်းခြင်းက ကင်ဆာရောဂါမှာ ပြုလုပ်ရမည့် ကုသနည်းတစ်ခုဖြစ်ပြီး အသည်းသည် ခန္ဓါကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ချေဖျက်ရပါတယ်။ ကင်ဆာဆေးသွင်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများကို လျော့နည်းအောင် လည်း အသည်းကလုပ်ဆောင်ပေးသဖြင့် အသည်းကို ညှာတာရပါမယ်။ အရက်သည် အသည်းပေါ် ဖိအားဖြစ်စေပြီး လုပ်ငန်းများကို နှောက်ယှက်ပါတယ်။ အရက်ကြောင့် ပျို့ခြင်း၊ အူလမ်းကြောင်းဝေဒနာများ ပိုဆိုးနိုင်ပါတယ်။ ကင်ဆာဆေးများ နှင့်လည်း ဓါတ်ပြု ခြင်းများ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် သားဥအိမ်ကင်ဆာဖြစ်ပါက အရက်ကို လုံးဝရှောင်သင့်ပါတယ်။

    အနီရောင် အသားများ

    သားဥအိမ်ကင်ဆာသည်များသည် ကိုယ်ခံအားတက်စေခြင်း၊ ကင်ဆာဆဲလ်များဖျက်ဆီးခြင်း စသောအာနိသင်များ မရှိသော အစားအစာများကို မစားသုံးသင့် ဟုဆိုကြသည်။ အသားဆိုသည်မှာလည်း ကင်ဆာအတွက် အထောက်အကူဖြစ်သည်ဟု တွေ့ရှိချက်မရှိပါ။ အသားသည် trypsin and chymotrypsin စသော ကိုယ်ခံအားတက်စေသော ၊ ကင်ဆာဆဲလ်များကို သေစေသော enzymes နှစ်မျိုးကိုပင် သုံးစွဲပစ်ပါတယ်။ အသီးအရွက်များကတော့ ထိုသို့ မဟုတ်ပေ။ အသားစားခြင်းဖြင့် ကင်ဆာတိုက်ထုတ်ခြင်း စွမ်းရည်များပါ ကျစေပါတယ်။ ထို့ကြောင့် အသားများကို လျှော့စားသင့်ပါတယ်။

    အသားထဲတွင် ပြည့်ဝအဆီများ စွာပါပြီး အမျှင်ဓါတ်များမပါရှိသောကြောင့် ဖြစ်တယ်။

    အနီရောင်အသားများ က သင့်နေ့စဉ် အစားအစာများတွင် မပါသင့်ပါ။ ပုံမှန်ထက်နည်းသော အခြားအသားများ စားသုံးနိုင်ပါတယ်။ အသင့်လုပ်ပြီးသား အသားများ၊ အကင်များကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဟော့ဒေါ့တွင် ဆိုဒီယမ်နိုက်ထရိုက်ပါဝင်ပြီး ကင်ဆာကို ပိုဆိုးစေပါတယ်။ ပြည်ုဝဆီများနဲ့ အသားများ စားခြင်းကို ကန့်သတ်ပါက နှလုံးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

    အပူအရမ်းပေးချက်ထားသော အစားများ

    အပူအရမ်းပေးချက်ထားသော အစားများ ကိုလည်း မစားသုံးသင့်ပါ။ ကင်ဆာဖြစ်စေသော ကာဆီနိုဂျင်များ စွာပါသောကြောင့် ဖြစ်ပါတယ်။ အစားအစာများကို မကျော်၊ မကင်ဘဲ ပြုတ်ခြင်း၊ ဖုတ်ခြင်း၊ ပေါင်းခြင်းဖြင့် စားသုံးသင့်ပါတယ်။ ကာဆီနိုဂျင် နည်းရန် အနည်းငယ်သာ အပူပေးသင့်ပါတယ်။

    သကြားအနုများ

    ကင်ဆာအကျိတ်များသည် သွေးထဲရှိ သကြားဓါတ်အပေါ် မူတည်ပါတယ်။ ထို့ကြောင့် သကြားဓါတ် အချိုနည်းသော အစားအစာများကို စားသုံးသင့်ပါတယ်။ ကဆီဓါတ်များသော အစားများသည် သွေးထဲမှ တစ်ဆင့် အာဟာရဓါတ်များကို ကင်ဆာဆဲလ်များကို ရောက်စေပါတယ်။ ထို့ကြောင့် ကဆီဓါတ်နည်းသော အစားအစာများ ကို စားသုံးသင့်ပါတယ်။

    အစားအစာများက ကင်ဆာရောဂါကို ကူညီတိုက်ထုတ်ပေးသလို၊ အစားအစာများကပင် ကင်ဆာရောဂါကို ပိုဆိုးစေပါတယ်။ ထို့ကြောင့် မည်သည့် အစားအစာကို စားရမည်၊ မည်သည့်အစားအစာကို ရှောင်ကြဉ်ရမည်ကို သိထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ စားခြင်းဖြင့် ပြန်လည် ကောင်းမွန်လာစေနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Nyan Linn မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement