backup og meta

သားအိမ်ကင်ဆာကို ဘယ်လိုကုသမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Kyaw Thura Htun မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ကင်ဆာကို ဘယ်လိုကုသမလဲ

    တကယ်လို့သင့်မှာသားအိမ်ကင်ဆာရှိနေပြီဆိုရင်ဆရာဝန်ကကုသမှုနည်းလမ်းတွေကိုသင်နဲ့ဆွေးနွေးပါလိမ့်မယ်။ သင့်ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီးသင်သေချာစဉ်းစားဖို့တော့အရေးကြီးပါတယ်။ ကုသမှုတစ်ခုချင်းစီရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုလည်းနှိုင်းယှဉ်ပြီးစဉ်းစားသင့်ပါတယ်။

    ခွဲစိတ်ကုသခြင်း

    သားအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေအတွက်သားအိမ်ထုတ်ခြင်းခွဲစိတ်မှုလုပ်သင့်ပါတယ်။ သူတို့အနေနဲ့သားအိမ်အပါအဝင်သားဥပြွန်တွေမျိုးဥအိမ်တွေပါထုတ်တဲ့ကုသမှုဖြစ်တဲ့ hysterectomy ကိုလုပ်ဆောင်ရပါမယ်။Hysterectomy ကြောင့်သင်အနာဂတ်မှာကလေးမယူနိုင်တော့ပါဘူး။ ဒါ့အပြင်သားဥအိမ်တွေကိုလည်းဖယ်လိုက်တဲ့အတွက်သင်သွေးမဆုံးသေးတဲ့အရွယ်ဆိုရင်လည်း သွေးဆုံးသွားပါလိမ့်မယ်။

    ခွဲစိတ်မှုအတွင်းမှာသင့်ဆရာဝန်ကသင့်သားအိမ်မှာကငာ်ပြန့်နေတဲ့နေရာတွေကိုစစ်ဆေးပါမယ်။ စစ်ဆေးမှုအတွက်ဆရာဝန်ကlymph nodes တွေကိုလည်းဖယ်ရှားချင်ဖယ်ရှားရပါလိမ့်မယ်။ ဒါကသင့်ကင်ဆာအဆင့်ကိုသိနိုင်ပါတယ်။

    ဓါတ်ကင်ခြင်း

    ဓါတ်ကင်ခြင်းကစွမ်းအားမြင့်ဓါတ်ရောင်ခြည်တန်းတွေကိုအသုံးပြုပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။ တချို့အခြေအနေတွေမှာသင့်ဆရာဝန်ကသင်ခွဲစိတ်မှုပြီးနောက် နောက်ထပ်ကင်ဆာထပ်မဖြစ်အောင်ဓါတ်ကင်ခိုင်းပါလိမ့်မယ်။ တချို့အခြေအနေတွေမှာကျတော့ခွဲစိတ်မှုမပြုလုပ်ခင်ဓါတ်ကင်စေပြီးအကြိတ်ကိုကျုံ့သွားအောင်ဖယ်ရှားရလွယ်ကူအောင်လုပ်ပါတယ်။

    တကယ်လို့သင်ကခွဲစိတ်မှုလုပ်ဖို့ထိမကျန်းမာဘူးဆိုရင်ဓါတ်ကင်ခြင်းတစ်ခုဘဲလုပ်နိုင်ပါတယ်။ သာအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေမှာဓါတ်ကင်ခြင်းကကင်ဆာကြောင့်ဖြစ်တဲ့နာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။

    ဓါတ်ကင်ခြင်းမှာနှစ်မျိုးရှိပါတယ်။

    • သင့်ကိုယ်အပြင်ဘက်မှာစက်နဲ့ဓါတ်ကင်ခြင်း၊ဒီဓါတ်ကင်ခြင်းမှာသင်ကခွဲခန်းသုံးခုတင်ပေါ်လှဲအိပ်နေပြီးဓါတ်ရောင်ခြည်စက်ကသင့်ကိုယ်ကကင်ဆာဖြစ်နေတဲ့နေရာကိုချိန်ပြီးဓါတ်ရောင်ခြည်ပစ်ပါလိမ့်မယ်။
    • ကိုယ်တွင်းဓါတ်ကင်ခြင်း၊ဒီဓါတ်ကင်ခြင်းမှာ ရေဒီယိုသတိကြွနေတဲ့အရာတွေ၊ဥပမာ – အစေ့သေးသေးလေးတွေ၊ဝိုင်ယာတွေ၊ကိုသင့်မိန်းမကိုယ်ထဲမှာ အချိန်အနည်းငယ်ကြာအောင်ခဏထည့်ထားပါလိမ့်မယ်။

    ဟော်မုန်းကုသမှု

    ဟော်မုန်းကုသမှုမှာသင့်ကိုယ်ထဲက ဟော်မုန်းတွေကိုသက်ရောက်မှုရှိစေဖို့ ဆေးတွေသောက်ရပါတယ်။ သင့်သားအိမ်ကင်ဆာကသားအိမ်အပြင်ထိပြန့်နေပြီဆိုရင်တော့ ဟော်မုန်းကုသမှုကိုရွေးနိုင်ပါတယ်။ ရွေးချယ်စရာတွေကတော့

    • သင့်သွေးထဲက Progesterone ကိုမြင့်စေတဲ့ဆေးများ။ Progesterone ဟော်မုန်းရဲ့အသွင်တစ်မျိုးဖြစ်တဲ့ Synthetic progestin ကသားအိမ်ကင်ဆာဆဲလ်တွေကြီးထွားမှုရပ်စေပါတယ်။
    • သင့်သွေးထဲကEstrogen လျှော့ချတဲ့ဆေးများ။ ဟော်မုန်းကုသနည်းဆေးတွေကသင့်သွေးထဲက estrogen ပမာဏကိုလျှော့ချပေးခြင်းဒါမှမဟုတ်သင့်ကိုယ်က estrogen တွေကိုအသုံးပြုရခက်ခဲအောင်လုပ်ခြင်းတို့လုပ်နိုင်ပါတယ်။ ကြီးထွားဖို့ estrogen ကိုမှီခိုရတဲ့ကင်ဆာဆဲလ်တွေကဒီဆေးတွေကြောင့် သေနိုင်ပါတယ်။

    ဓါတုကုထုံး

    Chemotherapy ကကင်ဆာဆဲလ်တွေကိုသတ်ဖို့ဓါတုဆေးတွေကိုသုံးပါတယ်။ သင့်အနေနဲ့ chemotherapy ဆေးတစ်မျိုးရမယ်ဒါမှမဟုတ်နှစ်မျိုးကနေတခြားဆေးတွေအထိပါ ပေါင်းစပ်ပြီးရရှိပါမယ်။ သောက်ဆေးဒါမှမဟုတ်အကြောဆေးအနေနဲ့ပေးပါမယ်။ ဒီနည်းကကင်ဆာပြန်ဖြစ်လာပြီးသားအိမ်အပြင်ဘက်ထိပြန့်နေတဲ့အမျိုးသမီးတွေအတွက်သုံးပါတယ်။ ဒီဆေးတွေကသင့်သွေးတွေကတစ်ဆင့်ကိုယ်ထဲရောက်ပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Kyaw Thura Htun မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement