backup og meta

နွေပူပူရဲ့ trademark ကြံရည် ချိုချိုလေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေပူပူရဲ့ trademark ကြံရည် ချိုချိုလေး

    ရာသီအလိုက် စားစရာလေးတွေကတော့ ရှိစမြဲပါနော်။ ရာသီပေါ်စာ ဆိုတာမျိုးပေါ့။ အခုတစ်ခေါက်လည်း နွေရာသီရဲ့ ရာသီစာဖြစ်တဲ့ ကြံရည် လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။နွေပူလာရင် နေရာတိုင်းမှာ ကြံရည်ဆိုင်လေးတွေ တွေ့လာရပြီနော်။ နွေပူပူကို အံတုပေးနိုင်စွမ်းပေးတဲ့ သဘာဝဖျော်ရည်လေးတစ်ခုပေါ့။ နွေပူပူမှာ သံပရာသီးညှစ်ထားတဲ့ ကြံရည်ချိုချိုလေး သောက်လိုက်ရတာက ရင်ထဲကိုအေးပြီး စိတ်ကျေနပ်မှုရစေတယ်နော်။

    ကြံရည် ဆိုတာ

    ကြံရည်ဆိုတာက ကြံချောင်းကို ကြိတ်ပြီး ရလာတဲ့ အရည်ပါနော်။ ဆူးခရို့စ် ပါဝင်မှုများတာကြောင့် အရသာက ချိုပါတယ်နော်။ ကြံရည်ကို မြန်မာတစ်နိုင်ငံတည်းမှာ သောက်သုံးတာ မဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။ လတ်လတ်ဆတ်ဆတ် ကြံချောင်းကို သံနဲ့ လုပ်ထားတဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကို ရေခဲထည့်ပြီး သောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆားနဲ့ ပူစီနံရွက်တို့ ထည့်ပြီး သောက်လို့ ရပါတယ်နော်။ အရသာရှိသလို နွေပူပူမှာ ရင်အေးသွားစေတဲ့ သောက်စရာတစ်မျိုးပေါ့။

    ကြံရည်ထဲမှာပါတဲ့ အာဟာရဓာတ်တွေက

    ကြံရည် ထဲမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ အမိုင်နိုအက်ဆစ်၊ ဇင့်၊ သီရာမင်းနဲ့ riboflavin တို့ ပါဝင်ပါတယ်။ သကြားဓာတ် ပါဝင်သလို ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ် ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ flavonoidsနဲ့ polyphenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

    ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ

    ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အစာအိမ်၊ အသည်းနဲ့ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အခြားသောသောက်စရာတွေနဲ့ မတူဘဲ သကြားစစ်စစ်ကနေရတဲ့ အချိုရည်ဖြစ်တာကြောင့် အားပြည့်စေနိုင်ပါတယ်နော်။ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်ပါသေးတယ်။

    ကြံရည်မှာပါတဲ့ glycolic အက်ဆစ် နဲ့ alpha hydroxy အက်ဆစ်တို့ ပါဝင်နေတာကြောင့် အရေပြား နာကျင်ရောင်ရမ်းတာ၊ ပိုးဝင်ကူးစက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ ဖြစ်တာ၊ အသားအရောင်မညီတာ၊ အမာရွတ်တွေ ဖြစ်တာ၊ အမည်းစက်တွေဖြစ်တာကို သက်သာစေနိုင်ပါတယ်။
     ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်တာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီပြဿနာကို သဘာဝအတိုင်း ဖြေရှင်းဖို့ဆိုရင်တော့ ကြံရည်သောက်ပေးလို့ရပါတယ်နော်။

    ကြံရည်မှာပါတဲ့ သတ္တုဓာတ်တွေက သွားကြွေလွှာကို ကာကွယ်ပေးပြီး သွားပိုးစားတာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းကို ကျန်းမာစေပြီး ခံတွင်းနံ့ဆိုးကင်းစေနိုင်ပါတယ်။

    ကြံရည် မှာ ကယ်လ်ဆီယမ်၊ သံဓာတ်ပိုတက်ဆီယမ် နဲ့ မဂ္ဂနိစ်တို့ ပါဝင်တာကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။ ကြံရည်က အရိုးပွတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

    အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။လေပွတာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့ သောက်ပေးလို့ရပါတယ်။

    သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ကြံရည်မှာ tryptophan နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးပါတယ်။ ညဘက်အိပ်မပျော်သူများရှိရင် ကြံရည်သောက်ပါ။ တစ်နေ့တာရဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ဆိုရင် ကြံရည်အေးအေးလေးကို သံပရာရည်ညှစ်ပြီးသောက်ပေးပါနော်။

    သွေးကြောတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်တဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးကျစေတာကြောင့် ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာတွေမဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။

    နွေရာသီရဲ့ trademark ကြံရည် ချိုချိုလေး သောက်ပြီး အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါနော်။

    ဘယ်သူတွေ မသောက်သင့်ဘူးလဲ

    ကြံရည်က ဆေးဖက်ဝင်တာ မှန်ပေမယ့်

    • ဆီးချိုရှိသူတွေ
    • သွေးတိုးရှိသူတွေ
    • ကိုယ်ဝန်ဆောင်တွေအနေနဲ့ အလွန်အကျွံ သောက်သုံးတာမျိုး မလုပ်မိဖို့ လိုပါမယ်။

    သတိထားရမယ့် အချက်များ

    ကြံရည်သောက်မယ်ဆိုရင်  သန့်ရှင်းမှုရှိဖို့ လိုပါတယ်။ ယင်နားနေတဲ့ကြံရည်တွေ၊ သန့်သန့်ရှင်းရှင်း ညှစ်ထားတာမျိုး မဟုတ်ဘူးဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement