backup og meta

နေ့တစ်နေ့တာကိုသွက်လက်လှုပ်ရှားစွာဖြင့်ဖြတ်သန်းသင့်ပုံ


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့တစ်နေ့တာကိုသွက်လက်လှုပ်ရှားစွာဖြင့်ဖြတ်သန်းသင့်ပုံ

    သင့်တစ်နေ့တာကိုသွက်သွက်လက်လက်လှုပ်ရှားဖြတ်သန်းပါကအဝလွန်ခြင်း၊သွေးပေါင်တက်ခြင်း၊သွေးတွင်းသကြားဓါတ်များခြင်းစသောကျန်းမာရေးပြဿနာများကိုကာကွယ်ပေးနိုင်သည့်အပြင် သင်အလိုရှိသောခန္ဓါကိုယ်ပုံစံကိုလည်းရရှိစေပါမည်။ ကျွန်ုပ်တို့၏သွက်လက်လှုပ်ရှားမှုကိုပိုမိုတိုးမြှင့်ရန်မည်သည့် လွယ်ကူရိုးရှင်းသောနည်းလမ်းများရှိပါသလဲ။ အောက်ပါတို့ကို လိုက်နာခြင်းဖြင့်အားကစားခန်းမသို့သွားစရာမလိုဘဲသင်၏ ကယ်လိုရီများကိုလောင်ကျွမ်းအောင်ကူညီပေးပါလိမ့်မည်။

    လုပ်ငန်းခွင်၌

  • အညောင်းထိုင်ရသောနေ့စဉ်ဘဝတွင်ပင်အဆီကို လောင်ကျွမ်းစေနိုင်သောနည်းလမ်းများစွာရှိပါသည်။
  • ဓါတ်လှေကားနှင့်တက်မည့်အစားရိုးရိုးလှေကားနှင့်တက်ပါကနှလုံးကျန်းမာရေးအတွက်ကောင်းသော ကာဒီယိုလေ့ကျင့်ခန်း လုပ်သလိုဖြစ်နိုင်သည်။
  • အလုပ်တစ်နာရီ၊နှစ်နာရီလုပ်ပြီးတိုင်းစားပွဲခုံမှထ၍ လမ်းလျှောက်ခြင်း၊အကြောလျှော့လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းများလုပ်ပေးနိုင်သည်။
  • တတ်နိုင်သမျှလှုပ်လှုပ်ရှားရှားနေပါ။ နေ့လည်စာကို အပြင်ထွက်စားပါ။ ကားမှတ်တိုင်ကို မရောက်ခင်ကြိုဆင်း၍ရုံးကိုလမ်းလျှောက်သွားခြင်းမျိုးပြုပါ။
  • အိမ်၌

  • သင်နှစ်သက်သောအားကစားတစ်ခုခုလုပ်ခြင်း၊ဝါသနာပါရာအလုပ်တစ်ခုခုလုပ်ခြင်း၊ခွေးနှင့်လမ်းလျှောက်ထွက်ခြင်း၊ကလေးငယ် များနှင့်ဆော့ကစားခြင်းဖြင့်လှုပ်လှုပ်ရှားရှားနေပါ။ ထို့ပြင်
  • လုပ်ဆောင်ရလွယ်ကူသောဖုန်စုပ်ခြင်း၊ပန်းကန်ဆေးခြင်း၊တံမြက်လှည်းခြင်းတို့လည်းလုပ်၍ရသည်။ သင့်အနေဖြင့် မြက်ရိတ်ပေါင်းသင်ခြင်း၊မလိုအပ်သောအရွက်များကိုဖြတ်ခြင်း၊ အိမ်တွင်းရှိသေတ္တာများကိုသိမ်းဆည်းရှင်းလင်းခြင်းများလည်း ဆန္ဒရှိပါကပြုလုပ်နိုင်သည်။ နောက်ဆုံးတွင်လေ့ကျင့်ခန်းလုပ်ရင်း တီဗီအစီအစဉ်များနှင့်ရှိုးပွဲများ၊ကြော်ငြာများကိုပါကြည့်ရှုခံစားနိုင်ပါသည်။
  • အိမ်ပြင်ဟိုနားဒီနားသွားသောအခါ

    • သွက်လက်လှုပ်ရှားစွာနေထိုင်ဖို့အတွက်အချိန်ယူအားစိုက်ထုတ်မှု တော့တစ်ခါတရံလိုအပ်သည်။ဥပမာ- ဈေးဝယ်ရန်ကုန်တိုက်ကိုသွားသောအခါကားကိုခပ်လှမ်းလှမ်းရှိ ကားပါကင်တွင်ရပ်၍
    • လမ်းပိုလျှောက်ခြင်း၊စတိုးဆိုင်များကိုနှံ့အောင်ဝင်ထွက်ကြည့်ရှုခြင်း၊လေဆိပ်တွင်စောင့်ဆိုင်းနေစဉ်
    • အတက်အဆင်းပြုလုပ်နေခြင်း၊ကားလမ်းခရီးသွားရာတွင်တစ်နာရီ၊နှစ်နာရီမောင်းပြီးတိုင်းခေတ္တရပ်၍
    • အကြောလျှော့လေ့ကျင့်ခန်းလုပ်ခြင်းမျိုးတို့ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement