backup og meta

ကင်ဆာကို ဓါတုကုထုံးခံယူဖို့အတွက် ဘာတွေပြင်ဆင်ထားရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာကို ဓါတုကုထုံးခံယူဖို့အတွက် ဘာတွေပြင်ဆင်ထားရမလဲ

    အခြားကုသမှုတွေလိုပဲ ကင်ဆာဆေးသွင်းကုသခြင်းဟာလည်း မကုသခင်မှာ အစီအစဉ် ပြုလုပ်ဖု့ိလိုအပ်ပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် ကင်ဆာအကြောင်းကလွဲလို့ အခြားအရာတွေကို စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ သင့်ကုသမှု အစီအစဉ်နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးက ပြောပြသွားမှာ ဖြစ်ပါတယ်။

    ကင်ဆာဆေးသွင်းကုသခြင်းကို ဘာကြောင့် ကြိုတင်စီစဉ်သင့်တာလဲ။

    သင့် ကင်ဆာဆေးသွင်းကုသခြင်းဟာ ကင်ဆာအမျိုးအစား၊ ကင်ဆာ တည်နေပုံနဲ့ ယေဘုယျ ကျန်းမာရေးတွေပေါ်မှာ မူတည်ပါတယ်။

    ကင်ဆာဆေးသွင်းကုသခြင်းမှာ များသောအားဖြင့် ၄-၈ cycles လောက်ပါဝင်တတ်ပါတယ်။ Cycle ဆိုတာဟာ သင်ကုသမှု ယူရတဲ့ အချိန်ဖြစ်ပြီး တစ်ခုနဲ့ တစ်ခုကြားမှာ နားချိန် ရှိပါတယ်။ ဒါကြောင့် ကင်ဆာဆေးသွင်းကုသခြင်းဟာ အချို့သူတွေမှာ ၄-၆ လအထိ ကြာတတ်ပါတယ်။ Cycle တစ်ခုဟာ ဆေးပမာဏနဲ့ ဆေးအမျိုးအစားတွေပေါ်မူတ်ပြီး နာရီအနည်းငယ်ကနေ ရက်အနည်းငယ်အထိ ကြာမြင့်တတ်တဲ့ ကုသမှုပေါင်းများစွာ ပါဝင်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းကို cycles တွေနဲ့ ပေးခြင်းဟာ ရင်သားကင်ဆာဆဲလ်တွေကိုပိုမိုသတ်ပစ်နိုင်ပြီး ကိုယ်ခန္ဓါကိုလည်း ပြန်ကောင်းဖို့ အချိန်ပေးနိုင်ပါတယ်။

    သင့်ဆရာဝန်ဟာ ရောဂါအခြေအနေကို စစ်ဆေးမှာဖြစ်ပြီး နောက် cycle တစ်ခုမစခင် ကုသမှုဟာ အကျိုးရှိလားမရှိလားပါ စမ်းစစ်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကုသမှု အစီအစဉ်ကို ညှိမှာဖြစ်ပါတယ်။ ကုသမှု အစီအစဉ်ဆွဲခြင်းဟာ လုပ်ငန်းစဉ်ကို ချောမွေ့စေမှာပါ။

    ကုသမှုမတိုင်ခင် စစ်ဆေးခြင်း

    ကုသမှုမတိုင်ခင်မှာ သွေးစစ်ဆေးမှုတွေ၊ X-rays တွေ၊ CT scans တွေ ရိုက်ဖို့လိုအပ်ပါတယ်။ သင့်ဆရာဝန်ဟာ ကုသမှုကို ဆုံးဖြတ်ပေးမယ့် အဖြေတွေကို ဖတ်ကြည့်မှာ ဖြစ်ပါတယ်။ ဒီအဖြေတွေကို သိမ်းထားမှာဖြစ်ပြီး နောင်လုပ်မယ့် စစ်ဆေးမှုတွေနဲ့ နှိုင်းယှဉ်မှာ ဖြစ်ပါတယ်။ ဒါမှသာ သင့်ဆရာဝန်ကို သင့်ကုသမှု အလုပ်လုပ်တယ်ဆိုတာ သိစေမှာပဲဖြစ်ပါတယ်။ ဆရာဝန်ဟာ ဆေးပမာဏကို တွက်ချက်ဖို့အတွက် အသင့်အရပ်နဲ့ ကိုယ်အလေးချိန်ကို စစ်ဆေးမှာဖြစ်ပါတယ်။

    ကင်ဆာဆေးသွင်းကုသခြင်းဟာ အရိုးတွေက သွေးနီဥ၊ သွေးဖြူဥနဲ့ platelets တွေ ထုတ်လုပ်မှုကို ရပ်တန့်စေပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ဆေးမသွင်းမီ သင့်သွေးကိုလည်း ဆရာဝန်က စစ်ဆေးပါလိမ့်မယ်။

    သင့်ဆရာဝန်ဟာ အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိတာတွေ ကောင်းမကောင်းကို ဆေးတွေက သင့်အတွက် သင့်လျော်ရဲ့လားဆိုတာသိရှိဖို့ စစ်ဆေးနိုင်ပါတယ်။

    ဆရာဝန်ကို မေးရမယ့် မေးခွန်းများ

    ဆရာဝန်ကို ကုသမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးသင့်ပါတယ်။ ဒါဟာ ဆရာဝန်ကို ပိုမိုသင့်လျော်တဲ့ ကုသမှု အစီအစဉ်တွေဆွဲဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ဆရာဝန် ဆွဲပေးတဲ့ ကုသမှု အစီအစဉ်ကို မကြိုက်ရင် ဆရာဝန်နဲ့ ဆွေးနွေး ညှိနှိုင်းနိုင်ပါတယ်။ ကုသမှုရဲ့ ဆိုးကျိုးတွေနဲ့ ဆရာဝန်က သင့်ကို ပြဿနာတွေ ဖြေရှုင်းဖို့ ဘယ်လိုကူညီပြီး အစီအစဉ် ဆွဲပေးထားလဲဆိုတာပါ မေးမြန်းနိုင်ပါတယ်။

    သင့်ကုသမှု အစီအစဉ် ပြောင်းလဲသွားရင်

    ကင်ဆာဆေးသွင်းကုသမှု စပြီးရင် ကုသမှု အစီအစဉ်ဟာ အနည်းငယ်ပြောင်းလဲမှု ရှိနိုင်ပါတယ်။ ပြောင်းလဲမှုတွေဟာ သင့်သွေးဆဲလ် ပမာဏ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ဆန္ဒတွေ (သို) ရင်သားကင်ဆာ ပြန်ကောင်းလာ မကောင်းလာ အစရှိတာတွေ ပေါ်မူတည်ပါတယ်။ သင့်အစီအစဉ်ဟာ အခြေအနေကို လိုက်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်။

    ဆိုးကျိုးတွေအတွက် ကြိုတင် စီစဉ်ခြင်း

    သင်ကြိုတင်ပြင်ဆင်ထားနိုင်အောင် သင့်ဆရာဝန်ကို ဆိုးကျိုးတွေအကြောင်းကို မေးမြန်းသင့်ပါတယ်။ ဆံပင်ကျွတ်ခြင်း၊ အစားအသောက်ပျက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းအုပ်ဖို့ အရာတွေ၊ ကျန်းမာတဲ့အစားအစာတွေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့တွေကို ကြိုတင် ပြင်ဆင်ထားနိုင်ပါတယ်။

    ပထမဆုံးကုသမှုအတွက် ပြင်ဆင်ပါ။

    သင့်ပထမဆုံးကုသမှုကို ပြင်ဆင်ဖို့ ဆရာဝန် (သို့) ကျန်းမာရေးစောင့်ရှောက်သူကို မေးမြန်းသင့်ပါတယ်။ တစ်ယောက်ယောက်ကို ဆေးရုံကို ခေါ်သွားသင့်ပြီး ကင်ဆာဆေးသွင်းကုသမှုပြုနေစဉ်အတွင်းမှာလည်း သင့်ကို ဂရုစိုက်မယ့်သူ ရှိသင့်ပါတယ်။

    ကင်ဆာဆေးသွင်းကုသမှုကို လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေအလိုက် ဆေးကုသမှု အာနိသင်ထိရောက်မှုတွေကို တိုးမြှင့်ဖို့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။ သင်ဟာလည်း ဒီအစီအစဉ်ကို ဘယ်လိုပြုလုပ်တယ်ဆိုတာ သိရှိပြီး ကြိုတင်စီစဉ်မှုမှာ ပါဝင်ဆောင်ရွက်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement