ပိုအလုပ်လုပ်ရပါတယ်။ Screens တွေကို အချိန်ကြာမြင့်စွာကြည့်ရှုခြင်းက မျက်လုံးတွေကို ပင်ပန်းစေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖုန်း၊ ကွန်ပျူတာ Screens တွေကို အချိန်ကြာမြင့်စွာ ကြည့်ရသူတွေ လုပ်ဆောင်သင့်တဲ့ နည်းလမ်းကတော့ ၂၀-၂၀-၂၀ စည်းမျဉ်းပါ။ ၂၀-၂၀-၂၀ စည်းမျဉ်း ဆိုတာက Screens ကိုကြည့်တဲ့ အချိန် မိနစ် ၂၀ ပြည့်တိုင်း ပေ ၂၀ အကွာအဝေးက အရာတစ်ခုကို စက္ကန့် ၂၀ ခန့်ကြည့်ရှုပေးပါ။ ဒါ့အပြင် မျက်တောင် မကြာခဏ ခတ်ခြင်းကလည်း မျက်လုံးကို စိုစွတ်စေပြီး ရုံးမှာဆိုရင်လည်း ကွန်ပျူတာ Screens မှာတပ်ဆင်ရတဲ့ အလင်းရောင်ကို လျှော့ချပေးတဲ့ အကာကွယ်တွေကလည်း မျက်လုံး ကျန်းမာရေး အတွက်ကောင်းမွန်ပါတယ်။
၇။ မျက်ကပ်မှန်တွေကို သေချာမသန့်ရှင်းခြင်း။
မျက်ကပ်မှန်တပ်သူတစ်ယောက်ဆိုရင် မျက်လုံးတွေ ကျန်းမာနေဖို့ အတွက် မျက်ကပ်မှန်တွေကို ဆရာဝန်က ညွှန်ကြားထားတဲ့ ဆေးရည်နဲ့ ပုံမှန်ဆေးကြောသင့်ပါတယ်။ မျက်ကပ်မှန်ဆေးတဲ့ အခါမှာလည်း ရေ (သို့မဟုတ် ) တံတွေးနဲ့ ဘယ်တော့မှ မဆေးသင့်ဘဲ သန့်ရှင်းတဲ့ဘူးထဲမှာပဲ သိမ်းထားသင့်ပြီး ဗူးကို လည်း ၃ လပြည့်တဲ့ အခါတိုင်း လှဲလှယ်ပေးသင့်ပါတယ်။ ဒါ့အပြင် အိမ်ယာဝင်ချိန်မှာလည်း မျက်ကပ်မှန်တွေကို ချွတ်အိပ်ဖို့ မမေ့သင့်ပါဘူး။ တစ်ခါသုံး မျက်ကပ်မှန်ကို အသုံးပြုရမယ်ဆိုရင်လည်း ဆရာဝန် ညွှန်ကြားထားတဲ့အချိန် လှဲလှယ်သင့်ပါတယ်။
၈။ မျက်ကပ်မှန်ကို ရေချိုးတဲ့ အချိန်ဝတ်ထားခြင်း။
ရေချိုးတဲ့အခါ မျက်ကပ်မှန်မချွတ်တဲ့အခါ ရေထဲမှာပါဝင်တဲ့ ရောဂါပိုးတွေက မျက်ကပ်မှန်မှာ ကပ်နေနိုင်ပြီး မျက်လုံးကို ကူးစက်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ အတွက်
ရေမချိုးခင် မျက်ကပ်မှန်တွေကို အရင် ချွတ်သင့်ပါတယ်။
၉။ မိတ်ကပ်များကို မဆေးမကြောဘဲထားခြင်း။
မျက်တောင်ခြယ်ဆေး (mascara)၊ eyeliner ၊ မျက်ခွံဆိုးဆေးတောင့်( eye shadow) မှ အကြွင်းအကျန်အမှုန်တွေဟာ မျက်လုံးထဲဝင်နိုင်ပြီး ကူးစက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးဆိုင်ရာ မိတ်ကပ်တွေ လိမ်းထားရင် ညအိမ်ယာမဝင်ခင် မျက်နှာသစ်ဖို့ အရေးကြီးပါတယ်။ မိတ်ကပ်မဖျက်မိလို့ မျက်လုံးတွေနီလာမယ်၊ နာကျင်လာမယ်ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
၁၀။ ဘေးအန္တရာယ်ကာကွယ်တဲ့ မျက်မှန်တွေကို မဝတ်ခြင်း။
ဝရိတ်ဆော်တာပဲ ဖြစ်ဖြစ်၊ အားကစားလုပ်နေတဲ့အချိန်ပဲ ဖြစ်ဖြစ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။