backup og meta

မျက်စိမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုကူညီကြမလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုကူညီကြမလဲ

    အချိန်ကြာလာတာနဲ့ အမျှ အမြင်အာရုံြေပါင်းလဲခြင်းဟာ အသက်ကြီးခြင်းရဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေဟာ အသက်ကြီးသူတွေကို ထိခိုက်စရာ မလိုပါဘူး။ သင်က အသက်ကြီးသူတွေကို ဘာတွေ မျှော်လင့်ထားရမလဲဆိုတာ သိစေပြီး နေ့စဉ်ဘဝမှာ ပံ့ပိုးကူညီသင့်ပါတယ်။

    ဘာကို မျှော်လင့်ထားရမလဲဆိုတာ သိစေပါ။

    မျက်လုံးမှ ပြောင်းလဲမှုတွေဟာ အသက်ကြီးသူတွေကို စိုးရိမ်ပူပန်စေပါလိမ့်မယ်။ ဒါကြောင့် သူတို့ကို အဖြစ်များပြီး သူတို့ ဖြစ်နိုင်တဲ့ မျက်စိရောဂါအကြောင်းတွေကို ပြောပြထားသင့်ပါတယ်။ ဒါမှသာ ဒီပြဿနာတွေဖြစ်လာရင် ကြိုတင်ပြင်ဆင်ပြီး ဖြစ်နိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အဖြစ်များတဲ့ မျက်လုံးပြဿနာတွေ ဖြစ်ပါတယ်။

    မျက်လုံးခြောက်ခြင်း

    ဒါဟာ အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ကြီးသူတွေမှ မျက်ရည် ဂလင်းဟာ မျက်ရည်ကို ကောင်းစွာ မထုတ်နိုင်တော့ပါဘူး (မျက်ရည် လုံလောက်စွာ မထုတ်ခြင်း (သို့) မျက်ရည် အရည်အသွေးကျဆင်းခြင်း)။ ဒါကြောင့် မျက်လုံးတွေဟာ ရေဓါတ်ကို မထိန်းသိမ်းနိုင်တော့ပါဘူး။ အသက်ကြီးသူတွေရဲ့မျက်လုံးနီနေတာကို မြင်နိုင်ပါတယ်။ မျက်လုံးဟာ ပူလောင်ပြီး ယားယံနိုင်ပါတယ်။ ရှားရှားပါးပါးမှာတော့ မျက်လုံးကွယ်သည်အထိ ဖြစ်နိုင်ပါတယ်။

    မျက်လုံးခြောက်ခြင်းကြောင့် အသက်ကြီးသူဟာ စာအုပ်ဖတ်ခြင်း၊ ကွန်ပျူတာ အသုံးပြုခြင်းတွေ ပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

    သင့်ဆရာဝန်က အသက်ကြီးသူတွေအတွက် အထူးပြုလုပ်ထားတဲ့ ရေဓါတ်ထိန်းဆေးတွေကို ပေးနိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ပြင်းထန်တဲ့ ဆေး (သို့) ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။

    အမြင်အာရုံ မကြည်လင်ခြင်း

    အမြင်အာရုံမကြည်လင်ရင် နေ့စဉ်အလုပ်တွေဖြစ်တဲ့ စာအုပ်ဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ဟင်းချက်ခြင်း၊ မျက်မှန်မပါပဲ ဘောလုံးပွဲကြည့်ခြင်း၊ မျက်ကပ်မှန်တတ်ခြင်း၊ ဆေးသောက်ခြင်း၊ အခြားကုသမှု ယူခြင်းတွေ ပြုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။

    ဒါပေမယ့် ခေတ်ပေါ်ဆေးတွေက အသက်ကြီးသူတွေကို ဒီအခြေအနေမှာ အကောင်းဆုံးနေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

    Age-related Macular Degeneration (AMD)

    ဒီအခြေအနေမှာ လူနာတွေဟာ ပုံရိပ်ရဲ့ အလယ်ပိုင်းကို မမြင်နိုင်တော့ပါဘူး။ Age-related Macular Degeneration ဟာ အမြင်အာရုံပျောက်ဆုံးခြင်းရဲ့ အဖြစ်များတဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူဟာ မျက်လုံးရဲ့ တိကျတဲ့ အစိတ်အပိုင်းကို အမြင်အာရုံပျောက်ဆုံးစေပြီး ဒီအပိုင်းကတော့ ပြတ်သားတဲ့ပုံရိပ်တွေ မြင်စေဖို့ အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ သူကောင်းကောင်း အလုပ်လုပ်ရင် အရာဝတ္ထုတွေကို ကြည်ကြည်လင်လင် မြင်နိုင်ပါတယ်။

    Age-related Macular Degeneration အသက်အရွယ်နှင့်ဆိုင်သောမျက်စိရောဂါ ရဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ကုသဖို့အတွက် ဆေး၊ ထိုးဆေး၊ အထူးကုထုံးတွေနဲ့ လေဆာကုထုံးတွေ လိုအပ်နိုင်ပါတယ်။

    အတွင်းတိမ်

    အတွင်းတိမ်ဟာ အမြင်အာရုံကို ပျက်ယွင်းစေတဲ့ တိမ်ပဲဖြစ်ပါတယ်။ အတွင်းတိမ်ကို အသက်ကြီးသူတွေမှာ အများဆုံးတွေ့ရပါတယ်။ မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်လုံးမှာ ဖြစ်ပွားနိုင်ပေမယ့် တစ်ဖက်က တစ်ဖက်ကို ကူးစက်ခြင်းမရှိပါဘူး။

    မျက်မှန်၊ မျက်ကပ်မှန်နဲ့ ခွဲစိတ်မှုတွေ ပြုလုပ်နိုင်ပါတယ်။

    ရေတိမ်

    မျက်လုံးထဲမှာ ဖိအားများတဲ့အခါ ဖြစ်နိုင်ပါတယ်။ မျက်လုံးထဲက အရည်တွေဟာ ပုံမှန်မဟုတ်ပဲ စီးဆင်းနိုင်ပြီး မျက်လုံးအာရုံကြောကို ထိခိုက်နိုင်ပါတယ်။ တကယ်လို့ လူနာဟာ ဒါကို မကုသရင် အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါရဲ့ စောစီးတဲ့ လက္ခဏာ မရှိတာကြောင့် အသက်ကြီးသူတွေမှာ မျက်လုံးကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

    ရေတိမ်ကို မျက်စဉ်းတွေ၊ သောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။

    အသက်ကြီးသူကို ကျန်းမာရေးဌာနကို ခေါ်သွားပြီး စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

    မျက်လုံးစစ်ဆေးမှုတွေဟာ အရေးကြီးပါတယ်။ တကယ်လို့ အသက်ကြီးသူဟာ မျက်မှန်ဝတ်နေရင် မျက်လုံးစစ်ဆေးခြင်း ပြုလုပ်ပြီး မျက်မှန်တွေဟာ အခုလောလောဆယ်အခြေအနေနဲ့ သင့်တော်မှု ရှိမရှိစစ်ဆေးသင့်ပါတယ်။ မျက်စိစစ်ဆေးမှုတွေက ပုံမှန်မဟုတ်တဲ့ အခြေအနေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။

    လူနာမှာ အတွင်းတိမ်၊ ရေတိမ်နဲ့ အမြင်အာရုံကို ထိခိုက်နိုင်တဲ့ အခြားပြဿနာတွေဖြစ်တဲ့ ဆီးချို၊ သွေးပေါင်တက်ခြင်းတွေ ရှိခဲ့ရင် မျက်စိစစ်ဆေးခြင်းက ကူညီပေးနိုင်ပါတယ်။

    မျက်စိစစ်ဆေးခြင်းကို ဆေးရုံနဲ့ ကျန်းမာရေး ပြင်ပလူနာဌာနမှာ ပြုလုပ်နိုင်ပါတယ်။ သင်နဲ့ သင့်လျော်တဲ့ အချိန်နဲ့ လိုအပ်ချက်တွေကို ရွေးချယ်နိုင်ပါတယ်။ သူတို့ဘာဖြစ်ချင်လဲဆိုတာကို လူကြီးနဲ့ ဆွေးနွေးနိုင်ပါတယ်။

    အသက်ကြီးသူတွေအတွက် အိမ်မှာ လုံခြုံစိတ်ချရမှု ရှိပါစေ။

    တကယ်လို့ အသက်ကြီးသူဟာ အမြင်အာရုံချို့ယွင်းခဲ့ရင် အိမ်မှာ သူတို့အတွက် စိတ်ချရဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ကောင်းကောင်းမမြင်ရတာကြောင့် ချော်လဲခြင်းနဲ့ အခြားဒဏ်ရာရမှုတွေဖြစ်တဲ့ မီးလောင်ခြင်း၊ ပျက်ရှဒဏ်ရာတွေနဲ့ လျှပ်စစ်ဓါတ်လိုက်ခြင်းကို ပိုဖြစ်နိုင်ပါတယ်။

    မျက်လုံးစောင့်ရှောက်မှုများ

    အသက်ကြီးလာရင် မျက်လုံးစောင့်ရှောက်မှုက အလွန်အရေးကြီးပါတယ်။ အသက်ကြီးသူကို သူတို့ကိုယ်တိုင် မျက်လုံးစောင့်ရှောက်ဖို့ သင်က ကူညီပေးနိုင်ပါတယ်။

    • ကျန်းမာစေတဲ့ အစာတွေကို စားသောက်ပါ။ အစားအသောက်က အရေးကြီးပါတယ်။ ကျန်းမာစေတဲ့ အစာတွေဟာ မျက်လုံးကို ကာကွယ်ပေးပါတယ်။ ဟင်းသီးဟင်းရွက် အများအပြားပါတဲ့ မျှတတဲ့ အစားအသောက်တွေကို သင်က စီစဉ်ပေးနိုင်ပါတယ်။
    • နေကာမျက်မှန်က အရေးကြီးပါတယ်။ နေကာမျက်မှန်ဟာ အသက်ကြီးသူတွေက နေရောင်က လာတဲ့ UV rays တွေကနေ ကာကွယ်ပေးပါတယ်။
    • လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ခန္ဓါအနှံ့ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းအတွက် အကျိုးရှိတာကြောင့် သင်ပါ သူတို့နဲ့ အတူ လုပ်သင့်ပါတယ်။ ဒါဆို သင်တို့နှစ်ယောက်စလုံးအတွက် မျက်လုံးကို ကာကွယ်ပြီး ဖြစ်နိုင်ပါတယ်။
    • အိပ်ရေးဝဝအိပ်ပါ။ မျက်လုံးေတွေဟာ ပြင်ပအရာဝတ္ထုတွေဖြစ်တဲ့ မီးခိုးငေ့ွတွေ၊ ဖုန်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကောင်းမွန်စွာ အိပ်စက်ခြင်းက အရေးကြီးပါတယ်။

    အလင်းရောင်ကောင်းတဲ့ ကိရိယာတွေကို အသုံးပြုပါ။ အလင်းရောင်ကောင်းကောင်းရခြင်းဟာ မျက်လုံးကို အလုပ်ကောင်းကောင်းလုပ်စေပါတယ်။ သူတို့ဟာ အမှောင်ထဲမှာ မြင်နိုင်စေဖို့ သင့်ကို လာနှိုးစရာ မလိုတော့ပါဘူး။ အခန်းအတွင်း အလင်းရောင်ကို မြှင့်တင်ပေးခြင်း (သို့) အသက်ကြီးသူတွေကို မီးအိမ်ဝယ်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။

    မျက်လုံးတွေဟာ လူတွေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကူညီပေးပြီး ပတ်ဝန်းကျင်ကို မြင်စေနိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့ အမျှ အမြင်အာရုံဟာ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးသူတွေကို အသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ မျက်စိပြဿနာတွေကို ထိန်းချုပ်ဖို့နဲ့ မျက်လုံးကို ထပ်မံပျက်စီးခြင်းက ကာကွယ်ဖို့ သင်က ကာကွယ်ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement