Strength training ( resistance training ဟုလည်း ခေါ်သည်) သည် ခန္ဓါကိုယ်ထဲရှိ အင်ဆူလင်ဟော်မုန်းကို ပိုထွက်စေပြီး သွေးထဲရှိ သကြားဓါတ်ကို ကျစေသည်။ ၎င်းသည် ကြွက်သားများနှင့် အရိုးများကိုသန်မာစေပြီး အရိုးပွခြင်းနှင့် အရိုးကျိုးခြင်းများကို ကာကွယ်ပေးသည်။
သင့်တွင် ကြွက်သားများလေလေ ကယ်လိုရီများများပို၍လောင်ကျွမ်းလေလေ ဖြစ်သည်။ သင်အနားယူနေချိန်တွင်ပင် ထိုသို့ ဖြစ်နိုင်သည်။
ကြွက်သားများ အားနည်းလာခြင်းကိုကာကွယ်ရန် ထိုသို့သော လေ့ကျင့်ခန်းများကို လိုအပ်ပြီး အသက်ကြီးလာသည်နှင့် အမျှ သင့်ဘဝနေထိုင်မှုကို အထောက်အကူပြုပါသည်။
တစ်ပတ်လျှင် ၂ ကြိမ်ခန့် ထိုသို့ သန်မာလာအောင် လေ့ကျင့်ခြင်းကိုပြုလုပ်ရန် အကြံပြုထားပါသည်။
အောက်ပါတို့သည် သန်မာလာစေရန် ပြုလုပ်သော လေ့ကျင့်ခန်းများဖြစ်သည်။
· အားကစားလေ့ကျင့်ရုံတွင် အလေးပြားများကို အသုံးပြုခြင်း
· ဘားတန်းများ၊ ကွင်းများကို အသုံးပြုခြင်း
· အိမ်တွင် အလေးချိန်ရှိသော ရေဘူး စသည်တို့ကိုအသုံးပြု၍ အလေးမသကဲ့သို့ ပြုလုပ်ခြင်း
· အိပ်ထမတင်ပြုလုပ်ခြင်း၊ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်း တို့ကဲ့သို့သော လေ့ကျင့်ခန်းများပြုလုပ်ခြင်း
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။